
[UNICODE]
အာဆင်နယ်လူငယ် တောင်ပံကစားသမား ဘူကာယို ဆာကာက သူ့ရဲ့ ခြေစွမ်းတဟုန်ထိုး တိုးတက်လာပြီး ကွင်းတွင်း ကွင်းပြင် အောင်မြင်တဲ့ကစားသမားဘဝကို ငယ်ငယ်ရွယ်ရွယ်နဲ့ရလာတာဟာ နည်းပြဟောင်း ဖရက်ဒီ ယွန်းဘတ်ကြောင့်ဖြစ်တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။
အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဆာကာဟာ နောက်ဆုံး ၂ ရာသီမှာ အာဆင်နယ်အသင်းရဲ့ အရေးပါတဲ့ ကစားသမားဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့ရာသီကုန်ချိန်မှာလည်း အာဆင်နယ်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သူပါ။

ဒါ့အပြင်လက်ရှိမှာ ယူရို ၂၀၂၀ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရသလို အင်္ဂလန်ဘောလုံးလောကရဲ့ အထွန်းတောက်ဆုံး လူငယ်ကြယ်ပွင့် ၃ ဦးစာရင်းမှာ ဆန်ချို၊ ဖိုလ်ဒန်တို့နဲ့အတူ ပါဝင်နေပါတယ်။ ဆာကာကတော့ သူဒီလိုအခြေအနေတွေကို ပိုင်ဆိုင်လာအောင် ယွန်းဘတ်က မြေတောင် မြှောက်ပေးခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
“သူက ကျွန်တော့်အပေါ် အရမ်းကောင်းခဲ့ပါတယ်။ ၁၄ နှစ်အရွယ်ကတည်းက ကျွန်တော့်တိုးတက်မှုတွေကို မပြတ်အကဲခတ်ပြီး စိန်ခေါ်မှုတွေ ရှိလာခဲ့ရင်လည်း လမ်းမမှားအောင် ကူညီပေးခဲ့တဲ့ နည်းပြပါ။ တခြားနည်းပြတွေ ဒီလိုလုပ်ပေးနိုင်မယ် မထင်ပါဘူး။ သူက ကျွန်တော့် အလားအလာတွေကို မြင်ခဲ့သလို တွန်းအားပေးသင့်တဲ့ အခြေအနေတွေမှာလည်း တွေဝေမနေခဲ့ပါဘူး။ ဒါကြောင့်လည်း ကျွန်တော် ဒီလိုတိုးတက်လာတာပါ” လို့ သူက ဆိုခဲ့ပါတယ်။

ဒါ့အပြင် ယွန်းဘတ်ဟာ သူ့ရဲ့ ကစားသမားဘဝမှာ လွှမ်းမိုးမှုအရှိဆုံးနဲ့ အားအကျရဆုံး ကစားသမားလို့လည်း ဆာကာက ဆိုခဲ့ပါတယ်။ “ယူ-၂၃ မှာတုန်းကလည်း သူ ကျွန်တော့်ကို တိုးတက်စေခဲ့သလို ပထမအသင်းကြီးဆီ ရောက်တော့လည်း ကူညီနေမြဲပါပဲ။ ပြောရရင် ခုချိန်အထိပဲဆိုပါတော့။ သူက ကျွန်တော့် ကစားသမားဘဝမှာ လွှမ်းမိုးမှုအကြီးဆုံး ကစားသမားဆိုလည်း မမှားပါဘူး။ သူက ခြားနားတဲ့အရာတွေကို မီးမောင်းထိုးပြခဲ့ပြီးတော့ တောင်ပံလူတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ သူ့ရဲ့အတွေ့အကြုံတွေကို ကျွန်တော့်ဆီ ကောင်းကောင်းမျှဝေ ပေးခဲ့ပါတယ်” လို့ အင်္ဂလန်လက်ရွေးစင်လေးက ဆိုသွားပါတယ်။
“ကျွန်တော် ဂိုးသွင်းနိုင်တဲ့အခါတိုင်း နောက်တစ်နေ့မှာ မက်ဆေ့ချ်ပို့ပြီး ချီးမွမ်းတတ်သလို နောက်ထပ်စွမ်းဆောင်နိုင်အောင် ကြိုးစားဖို့လည်း အားပေးပါတယ်။ သူက ကျွန်တော့်ကို လွတ်လပ်စေ ပျော်ရွှင်စေတဲ့ လူတစ်ယောက်ပါ။ ဘောလုံးကွင်းထဲမှာတင်မကပါဘူး။ ပြင်ပဘဝမှာပါ လူတစ်ယောက်လို ကူညီဖေးမပေးပါတယ်။ သူက တကယ့် ထိပ်တန်းလူသားတစ်ယောက်ပါ။ သူ့ကို အမြဲအသိအမှတ်ပြုပြီး ကျေးဇူးလည်းတင်ရပါတယ်။ ကျွန်တော် ဒီလိုဖြစ်လာတာ သူ့ကြောင့်ပါပဲ” လို့လည်း သူက ပြောဆိုခဲ့ပါတယ်။
Source: Daily Mail, Independent
[ZAWGYI]
အာဆင္နယ္လူငယ္ ေတာင္ပံကစားသမား ဘူကာယို ဆာကာက သူ႔ရဲ႕ ေျခစြမ္းတဟုန္ထိုး တိုးတက္လာျပီး ကြင္းတြင္း ကြင္းျပင္ ေအာင္ျမင္တဲ့ကစားသမားဘဝကို ငယ္ငယ္ရြယ္ရြယ္နဲ႔ရလာတာဟာ နည္းျပေဟာင္း ဖရက္ဒီ ယြန္းဘတ္ေၾကာင့္ျဖစ္တယ္လုိ႔ ဝန္ခံေျပာဆိုလုိက္ပါတယ္။
အသက္ ၁၉ ႏွစ္အရြယ္သာရွိေသးတဲ့ ဆာကာဟာ ေနာက္ဆံုး ၂ ရာသီမွာ အာဆင္နယ္အသင္းရဲ႕ အေရးပါတဲ့ ကစားသမားျဖစ္လာခဲ့ျပီး ျပီးခဲ့တဲ့ရာသီကုန္ခ်ိန္မွာလည္း အာဆင္နယ္အသင္းရဲ႕ တစ္ႏွစ္တာအေကာင္းဆံုး ကစားသမားဆုကို ရရွိခဲ့သူပါ။

ဒါ့အျပင္လက္ရွိမွာ ယူရို ၂၀၂၀ ျပိဳင္ပြဲဝင္မယ့္ အဂၤလန္လက္ေရြးစင္အသင္းမွာလည္း ေရြးခ်ယ္ခံထားရသလို အဂၤလန္ေဘာလံုးေလာကရဲ႕ အထြန္းေတာက္ဆံုး လူငယ္ၾကယ္ပြင့္ ၃ ဦးစာရင္းမွာ ဆန္ခ်ိဳ၊ ဖိုလ္ဒန္တို႔နဲ႔အတူ ပါဝင္ေနပါတယ္။ ဆာကာကေတာ့ သူဒီလိုအေျခအေနေတြကို ပိုင္ဆိုင္လာေအာင္ ယြန္းဘတ္က ေျမေတာင္ ေျမွာက္ေပးခဲ့တာျဖစ္တယ္လုိ႔ ဆိုခဲ့ပါတယ္။
“သူက ကၽြန္ေတာ့္အေပၚ အရမ္းေကာင္းခဲ့ပါတယ္။ ၁၄ ႏွစ္အရြယ္ကတည္းက ကၽြန္ေတာ့္တိုးတက္မႈေတြကို မျပတ္အကဲခတ္ျပီး စိန္ေခၚမႈေတြ ရွိလာခဲ့ရင္လည္း လမ္းမမွားေအာင္ ကူညီေပးခဲ့တဲ့ နည္းျပပါ။ တျခားနည္းျပေတြ ဒီလိုလုပ္ေပးႏုိင္မယ္ မထင္ပါဘူး။ သူက ကၽြန္ေတာ့္ အလားအလာေတြကို ျမင္ခဲ့သလို တြန္းအားေပးသင့္တဲ့ အေျခအေနေတြမွာလည္း ေတြေဝမေနခဲ့ပါဘူး။ ဒါေၾကာင့္လည္း ကၽြန္ေတာ္ ဒီလိုတုိးတက္လာတာပါ” လို႔ သူက ဆိုခဲ့ပါတယ္။

ဒါ့အျပင္ ယြန္းဘတ္ဟာ သူ႔ရဲ႕ ကစားသမားဘဝမွာ လႊမ္းမိုးမႈအရွိဆံုးနဲ႔ အားအက်ရဆံုး ကစားသမားလို႔လည္း ဆာကာက ဆုိခဲ့ပါတယ္။ “ယူ-၂၃ မွာတုန္းကလည္း သူ ကၽြန္ေတာ့္ကို တိုးတက္ေစခဲ့သလို ပထမအသင္းၾကီးဆီ ေရာက္ေတာ့လည္း ကူညီေနျမဲပါပဲ။ ေျပာရရင္ ခုခ်ိန္အထိပဲဆိုပါေတာ့။ သူက ကၽြန္ေတာ့္ ကစားသမားဘဝမွာ လႊမ္းမိုးမႈအၾကီးဆံုး ကစားသမားဆိုလည္း မမွားပါဘူး။ သူက ျခားနားတဲ့အရာေတြကို မီးေမာင္းထိုးျပခဲ့ျပီးေတာ့ ေတာင္ပံလူတစ္ေယာက္ျဖစ္ခဲ့ဖူးတဲ့ သူ႔ရဲ႕အေတြ႕အၾကံဳေတြကို ကၽြန္ေတာ့္ဆီ ေကာင္းေကာင္းမွ်ေဝ ေပးခဲ့ပါတယ္” လုိ႔ အဂၤလန္လက္ေရြးစင္ေလးက ဆိုသြားပါတယ္။
“ကၽြန္ေတာ္ ဂိုးသြင္းႏုိင္တဲ့အခါတုိင္း ေနာက္တစ္ေန႔မွာ မက္ေဆ့ခ်္ပို႔ျပီး ခ်ီးမြမ္းတတ္သလို ေနာက္ထပ္စြမ္းေဆာင္ႏုိင္ေအာင္ ၾကိဳးစားဖို႔လည္း အားေပးပါတယ္။ သူက ကၽြန္ေတာ့္ကို လြတ္လပ္ေစ ေပ်ာ္ရႊင္ေစတဲ့ လူတစ္ေယာက္ပါ။ ေဘာလံုးကြင္းထဲမွာတင္မကပါဘူး။ ျပင္ပဘဝမွာပါ လူတစ္ေယာက္လို ကူညီေဖးမေပးပါတယ္။ သူက တကယ့္ ထိပ္တန္းလူသားတစ္ေယာက္ပါ။ သူ႔ကို အျမဲအသိအမွတ္ျပဳျပီး ေက်းဇူးလည္းတင္ရပါတယ္။ ကၽြန္ေတာ္ ဒီလိုျဖစ္လာတာ သူ႔ေၾကာင့္ပါပဲ” လို႔လည္း သူက ေျပာဆိုခဲ့ပါတယ္။
Source: Daily Mail, Independent