ရာသီကုန်ချိန်မှာ အယ်လ်နီနီတစ်ယောက် အာဆင်နယ်မှာ ဆက်ရှိနေပါ့မလား

[UNICODE]

အီဂျစ်ကွင်းလယ်လူ မိုဟာမက် အယ်လ်နီနီဟာ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေပြီး မန်ယူနဲ့ပွဲစဉ်အပြီးမှာတော့ အာဆင်နယ်ပရိတ်သတ်တွေ သဘောကျတဲ့ ကစားသမား တစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီဂျစ်သားဟာ လက်ရှိရာသီမှာ အသင်းအတွက် ၉ ပွဲအထိပါဝင်ကစားပေးထားခွင့်ရရှိထားပေမယ့် အာဆင်နယ်အသင်းနဲ့ သူ့ရဲ့ စာချုပ်သက်တမ်း ၈ လသာကျန်ရှိတော့ပြီး ရာသီကုန်မှာ အသင်းကနေ အလွတ်ထွက်ခွာခွင့်ရှိနေသူပါ။

ဒါကြောင့်လည်း မိုလ်ဒီနဲ့ပွဲစဉ်မတိုင်ခင်မှာ သတင်းထောက်တွေက အယ်လ်နီနီကို စာချုပ်သစ်ချုပ်ဆိုဖို့ အစီအစဉ်ရှိမရှိ နည်းပြအာတီတာထံ မေးမြန်းခဲ့ကြပါတယ်။ စပိန်လူမျိုးနည်းပြကတော့ တိကျတဲ့အဖြေမျိုး ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေမယ့် တစ်ဆင့်ချင်းစီစဉ်သွားဖို့တော့ ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။

“ကျွန်တော်တို့ တစ်လှမ်းချင်းစီ လှမ်းကြတာပေါ့ဗျာ။ ကျွန်တော် ပြောနိုင်တာကတော့ သူ့ရဲ့ ခြေစွမ်းနဲ့ပတ်သက်လို့ ကျွန်တော် ခုချိန်မှာ ကျေနပ်ပျော်ရွှင်နေတယ်ဆိုတာပါပဲ။ ရာသီကုန်ချိန်အထိ ခုလို ခြေစွမ်းမျိုး ဆက်ပြီးပြသသွားနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်” လို့ အာတီတာကဆိုခဲ့တာပါ။

မီဒီယာတွေကတော့ အကောင်းဆုံး ပုံစံပြသနေတဲ့ ကစားသမားတစ်ယောက်ကို ခုချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမယ်ဆိုရင် အာဆင်နယ်အသင်းအတွက် နစ်နာမှာဖြစ်သလို၊ တဘက်မှာလည်း ကစားသမားရဲ့ အသက်အရွယ်က လာမယ့်ရာသီဆိုရင် ၂၉ နှစ်ကို ရောက်ရှိနေမှာဖြစ်တာမို့ ကာလရှည်သက်တမ်းတိုးဖို့လည်း မဖြစ်နိုင်ကြောင်းနဲ့ အာဆင်နယ်အသင်းအနေနဲ့ ဆုံးဖြတ်ချက်ချဖို့ အတော်လေး အခက်တွေ့နေဟန်တူတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

မိုဟာမက် အယ်လ်နီနီဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတုန်းက ဆွစ်ဇာလန်ကလပ် ဘေဆယ်အသင်းကနေ အာဆင်နယ်အသင်းထံကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းမှာ ပွဲထွက်ခွင့်ရရှိဖို့အတွက် ရုံးကန်ခဲ့ရပြီး ယမန်နှစ်တုန်းကတော့ တူရကီကလပ် ဘက်ဆစ်တပ်အသင်းထံ အငှားသွားရောက်ကစားခဲ့ရပါတယ်။ ယခုရာသီအသင်းထံ ပြန်လာချိန်မှာ သူ့ကို ရောင်းထုတ်လိမ့်မယ်လို့ အားလုံးက ထင်မြင်ခဲ့ကြပေမယ့် နည်းပြသစ်ဖြစ်သူ အာတီတာက အယ်လ်နီနီကို အခွင့်အရေးပြန်ပေးခဲ့သလို ယုံကြည်မှုတိုးတက်လာအောင်လည်း ကူညီပေးနိုင်ခဲ့တာကြောင့် ခုချိန်မှာ ခြေစွမ်းကောင်းပြသနိုင်နေတာဖြစ်ပါတယ်။

Source: The Mirror

[ZAWGYI]

အီဂ်စ္ကြင္းလယ္လူ မိုဟာမက္ အယ္လ္နီနီဟာ လက္ရွိအခ်ိန္မွာ အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္မွာ ေျခစြမ္းေကာင္းေတြ ဆက္တုိက္ျပသေနျပီး မန္ယူနဲ႔ပြဲစဥ္အျပီးမွာေတာ့ အာဆင္နယ္ပရိတ္သတ္ေတြ သေဘာက်တဲ့ ကစားသမား တစ္ဦး ျဖစ္လာခဲ့ပါတယ္။

ဒါေပမယ့္လည္း ၂၈ ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ အီဂ်စ္သားဟာ လက္ရွိရာသီမွာ အသင္းအတြက္ ၉ ပြဲအထိပါဝင္ကစားေပးထားခြင့္ရရွိထားေပမယ့္ အာဆင္နယ္အသင္းနဲ႔ သူ႔ရဲ႕ စာခ်ဳပ္သက္တမ္း ၈ လသာက်န္ရွိေတာ့ျပီး ရာသီကုန္မွာ အသင္းကေန အလြတ္ထြက္ခြာခြင့္ရွိေနသူပါ။

ဒါေၾကာင့္လည္း မိုလ္ဒီနဲ႔ပြဲစဥ္မတုိင္ခင္မွာ သတင္းေထာက္ေတြက အယ္လ္နီနီကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အစီအစဥ္ရွိမရွိ နည္းျပအာတီတာထံ ေမးျမန္းခဲ့ၾကပါတယ္။ စပိန္လူမ်ိဳးနည္းျပကေတာ့ တိက်တဲ့အေျဖမ်ိဳး ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမရွိေပမယ့္ တစ္ဆင့္ခ်င္းစီစဥ္သြားဖို႔ေတာ့ ရွိေနတယ္လုိ႔ ထုတ္ေဖာ္ေျပာဆိုသြားပါတယ္။

“ကၽြန္ေတာ္တို႔ တစ္လွမ္းခ်င္းစီ လွမ္းၾကတာေပါ့ဗ်ာ။ ကၽြန္ေတာ္ ေျပာႏိုင္တာကေတာ့ သူ႔ရဲ႕ ေျခစြမ္းနဲ႔ပတ္သက္လို႔ ကၽြန္ေတာ္ ခုခ်ိန္မွာ ေက်နပ္ေပ်ာ္ရႊင္ေနတယ္ဆိုတာပါပဲ။ ရာသီကုန္ခ်ိန္အထိ ခုလို ေျခစြမ္းမ်ိဳး ဆက္ျပီးျပသသြားႏုိင္ဖို႔လည္း ေမွ်ာ္လင့္ထားပါတယ္” လို႔ အာတီတာကဆိုခဲ့တာပါ။

မီဒီယာေတြကေတာ့ အေကာင္းဆံုး ပံုစံျပသေနတဲ့ ကစားသမားတစ္ေယာက္ကို ခုခ်ိန္မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္လႊတ္ရမယ္ဆိုရင္ အာဆင္နယ္အသင္းအတြက္ နစ္နာမွာျဖစ္သလို၊ တဘက္မွာလည္း ကစားသမားရဲ႕ အသက္အရြယ္က လာမယ့္ရာသီဆိုရင္ ၂၉ ႏွစ္ကို ေရာက္ရွိေနမွာျဖစ္တာမို႔ ကာလရွည္သက္တမ္းတိုးဖို႔လည္း မျဖစ္ႏုိင္ေၾကာင္းနဲ႔ အာဆင္နယ္အသင္းအေနနဲ႔ ဆံုးျဖတ္ခ်က္ခ်ဖို႔ အေတာ္ေလး အခက္ေတြ႕ေနဟန္တူတယ္လုိ႔ သံုးသပ္ခဲ့ၾကပါတယ္။

မိုဟာမက္ အယ္လ္နီနီဟာ ၂၀၁၆ ခုႏွစ္ ဇန္နဝါရီလတုန္းက ဆြစ္ဇာလန္ကလပ္ ေဘဆယ္အသင္းကေန အာဆင္နယ္အသင္းထံကို ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး အသင္းမွာ ပြဲထြက္ခြင့္ရရွိဖို႔အတြက္ ရံုးကန္ခဲ့ရျပီး ယမန္ႏွစ္တုန္းကေတာ့ တူရကီကလပ္ ဘက္ဆစ္တပ္အသင္းထံ အငွားသြားေရာက္ကစားခဲ့ရပါတယ္။ ယခုရာသီအသင္းထံ ျပန္လာခ်ိန္မွာ သူ႔ကို ေရာင္းထုတ္လိမ့္မယ္လို႔ အားလံုးက ထင္ျမင္ခဲ့ၾကေပမယ့္ နည္းျပသစ္ျဖစ္သူ အာတီတာက အယ္လ္နီနီကို အခြင့္အေရးျပန္ေပးခဲ့သလို ယံုၾကည္မႈတိုးတက္လာေအာင္လည္း ကူညီေပးႏုိင္ခဲ့တာေၾကာင့္ ခုခ်ိန္မွာ ေျခစြမ္းေကာင္းျပသႏုိင္ေနတာျဖစ္ပါတယ္။

Source: The Mirror

Leave a Reply