
[UNICODE]
အာဆင်နယ်အသင်းဟာ အသင်းက အဓိကတိုက်စစ်မှူး နှစ်ဦးဖြစ်တဲ့ ပီယာရီ-အမ်းမရစ် အူဘာမီယန်းနဲ့ အလက်ဇန်းဒါး လာကာဇက်တို့ရဲ့ ရာသီကုန်အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေတယ်လို့ Daily Mail က ဖော်ပြသွားပါတယ်။
FIFA ကကျင်းပမယ့် ဥရောပစူပါလိဂ်ပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ ဂန်းနားတွေဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ်မှာလည်း အခြေအနေမကောင်းဖြစ်နေပြီး လာမယ့်ရာသီသစ်မှာ ဥရောပပြိုင်ပွဲဝင်ခွင့် မျှော်လင့်ချက်အဖြစ် ယူရိုပါလိဂ်ပြိုင်ပွဲတစ်ခုသာ မျှော်မှန်းချက်ရှိနေပါတော့တယ်။

တကယ်လို့ အဆိုပါ လမ်းကြောင်းမှာလွဲချော်ပြီး ဥရောပပြိုင်ပွဲဝင်ခွင့် ပျက်ပြယ်ခဲ့မယ်ဆိုရင် အသင်းက အဓိကတိုက်စစ်မှူးတွေဖြစ်ကြတဲ့ အူဘာမီယန်းနဲ့ လာကာဇက်ကို အသင်းကို စွန့်ခွာသွားမှာကို အာဆင်နယ်အသင်းက ပူပန်နေတာပါ။
အူဘာမီယန်းဟာ ယခုနှစ်ရာသီအစတုန်းကမှ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုထားသူဖြစ်ပေမယ့် လာကာဇက်ကတော့ လက်တလောမှာ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့ပြီး ရာသီကုန်ချိန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ်လို့ သတင်းကြီးနေသူဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ကတော့ အသင်းရဲ့ ကွင်းတွင်း ကွင်းပြင် အခြေအနေမျိုးစုံမှာ မတည်မငြိမ်ဖြစ်နေမှုတွေနဲ့ ဥရောပပြိုင်ပွဲဝင်ခွင့်မရေရာမှုတွေဟာ ထိပ်တန်းတိုက်စစ်မှူး နှစ်ဦးကို စိတ်ပျက်လက်ပျက်ဖြစ်သွားစေမှာကို စိုးရိမ်နေပါတယ်။
လာကာဇက်ဟာ လက်ရှိရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၁၇ ဂိုးသွင်းယူကာ ၂ ဂိုးဖန်တီးပေးထားသူဖြစ်ပြီး အသင်းခေါင်းဆောင် အူဘာမီယန်းကလည်း ၁၄ ဂိုးသွင်းယူကာ ၂ ဂိုးဖန်တီးထားသူဖြစ်ပါတယ်။ သူတို့နှစ်ဦးပေါင်း သွင်းဂိုးအရေအတွက်ဟာ အာဆင်နယ်အသင်း လက်ရှိရာသီမှာ သွင်းယူထားတဲ့ သွင်းဂိုးစုစုပေါင်းရဲ့ ၃၉% အထိ ရှိနေပါတယ်။
Source: Mail
[ZAWGYI]
အာဆင္နယ္အသင္းဟာ အသင္းက အဓိကတုိက္စစ္မွဴး ႏွစ္ဦးျဖစ္တဲ့ ပီယာရီ-အမ္းမရစ္ အူဘာမီယန္းနဲ႔ အလက္ဇန္းဒါး လာကာဇက္တို႔ရဲ႕ ရာသီကုန္အနာဂတ္နဲ႔ ပတ္သက္ျပီး စိုးရိမ္ပူပန္ေနတယ္လုိ႔ Daily Mail က ေဖာ္ျပသြားပါတယ္။
FIFA ကက်င္းပမယ့္ ဥေရာပစူပါလိဂ္ျပိဳင္ပြဲဝင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့တဲ့ ဂန္းနားေတြဟာ လက္ရွိရာသီမွာ ပရီးမီးယားလိဂ္မွာလည္း အေျခအေနမေကာင္းျဖစ္ေနျပီး လာမယ့္ရာသီသစ္မွာ ဥေရာပျပိဳင္ပြဲဝင္ခြင့္ ေမွ်ာ္လင့္ခ်က္အျဖစ္ ယူရိုပါလိဂ္ျပိဳင္ပြဲတစ္ခုသာ ေမွ်ာ္မွန္းခ်က္ရွိေနပါေတာ့တယ္။

တကယ္လို႔ အဆုိပါ လမ္းေၾကာင္းမွာလြဲေခ်ာ္ျပီး ဥေရာပျပိဳင္ပြဲဝင္ခြင့္ ပ်က္ျပယ္ခဲ့မယ္ဆိုရင္ အသင္းက အဓိကတုိက္စစ္မွဴးေတြျဖစ္ၾကတဲ့ အူဘာမီယန္းနဲ႔ လာကာဇက္ကို အသင္းကို စြန္႔ခြာသြားမွာကို အာဆင္နယ္အသင္းက ပူပန္ေနတာပါ။
အူဘာမီယန္းဟာ ယခုႏွစ္ရာသီအစတုန္းကမွ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားသူျဖစ္ေပမယ့္ လာကာဇက္ကေတာ့ လက္တေလာမွာ စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာက်န္ရွိေတာ့ျပီး ရာသီကုန္ခ်ိန္မွာ အသင္းနဲ႔ လမ္းခြဲေတာ့မယ္လို႔ သတင္းၾကီးေနသူျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ကေတာ့ အသင္းရဲ႕ ကြင္းတြင္း ကြင္းျပင္ အေျခအေနမ်ိဳးစံုမွာ မတည္မျငိမ္ျဖစ္ေနမႈေတြနဲ႔ ဥေရာပျပိဳင္ပြဲဝင္ခြင့္မေရရာမႈေတြဟာ ထိပ္တန္းတုိက္စစ္မွဴး ႏွစ္ဦးကို စိတ္ပ်က္လက္ပ်က္ျဖစ္သြားေစမွာကို စိုးရိမ္ေနပါတယ္။
လာကာဇက္ဟာ လက္ရွိရာသီမွာ ျပိဳင္ပြဲစံု သြင္းဂိုး ၁၇ ဂိုးသြင္းယူကာ ၂ ဂိုးဖန္တီးေပးထားသူျဖစ္ျပီး အသင္းေခါင္းေဆာင္ အူဘာမီယန္းကလည္း ၁၄ ဂိုးသြင္းယူကာ ၂ ဂိုးဖန္တီးထားသူျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးေပါင္း သြင္းဂိုးအေရအတြက္ဟာ အာဆင္နယ္အသင္း လက္ရွိရာသီမွာ သြင္းယူထားတဲ့ သြင္းဂိုးစုစုေပါင္းရဲ႕ ၃၉% အထိ ရွိေနပါတယ္။
Source: Mail