
[UNICODE]
အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် အဓိကတိုက်စစ်မှူးလည်းဖြစ်တဲ့ အူဘာမီယန်းအနေနဲ့ ရာသီကုန်ကာလရောက်ရင် အမ်းမရိတ်အခြေစိုက်ကလပ်မှာ ဆက်ပြီးရှိနေလိမ့်မယ်လို့ မထင်မြင်မိကြောင်း မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ပေါလ် အင့်စ်က ပြောဆိုလိုက်ပါတယ်။
“သူ နောက်ရာသီ အာဆင်နယ်မှာ ဆက်ရှိနေလို့ ကျွန်တော် မယုံကြည်ပါဘူး” လို့ မန်ချက်စတာ ယူနိုက်တတက်နဲ့ ဝုလ်ဗ်တို့မှာ ကစားသမားဘဝအချိန်အများစုကို ဖြတ်သန်းခဲ့ဖူးတဲ့ ကွင်းလယ်လူဟောင်းကြီးက ဆိုခဲ့ပါတယ်။

အူဘာမီယန်းဟာ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုံးကန်နေရပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲစဉ်မှာ ပင်နယ်တီကနေ တစ်ဆင့်ဂိုးသွင်းယူနိုင်ခဲ့တာဟာ သူ့ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲမှာ ၁ ဂိုးတည်းသော သွင်းဂိုးဖြစ်ပြီး လက်ရှိရာသီသူ့ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုးအရေအတွက်က ၁၀ ပွဲကစား ၂ ဂိုးဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဟောင်းတစ်ယောက်အနေနဲ့ အဆိုပါအခြေအနေကို စိုးရိမ်ပူပန်နေနိုင်တယ်လို့ အင့်စ်က ဆိုသွားပါတယ်။ “တကယ်လို့ ကျွန်တော်သာ အူဘာမီယန်းဆိုရင် လက်ရှိအခြေအနေကို စိုးရိမ်နေမှာဖြစ်သလို စိတ်ပျက်နေမှာလည်း အမှန်ပါပဲ” လို့လည်း သူကဆိုပါတယ်။

အင့်စ်ကတော့ အူဘာမီယန်းတစ်ယောက် ရာသီအစတုန်းက အသင်းနဲ့ ၃ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တာမှန်ပေမယ့် လက်ရှိအခြေအနေတွေအရဆိုရင် ရာသီကုန်မှာ အသင်းကို စွန့်ခွာသွားဖွယ်ရှိနေတယ်လို့ သုံးသပ်ခဲ့ပါတယ်။
“သူ့ကို ကြည့်ရတာ စိတ်ပျက်လက်ပျက်နဲ့ ယိုယွင်းပြိုလဲနေသလိုပါပဲ။ လုံလောက်တဲ့ ပံ့ပိုးမှုလည်း မရတဲ့ပုံပါပဲ။ ဒီလိုဆိုရင် ၃ နှစ်စာချုပ် ချုပ်ခဲ့တာကြီးက အလကားအပိုသက်သက်ကြီးဖြစ်နေပြီလို့ ဆိုရမှာပါပဲ။ စာချုပ်လိုချုပ်ထားပါစေ နောက်ရာသီ သူအသင်းမှာ ဆက်မရှိနိုင်ဘူးလို့ ထင်ပါတယ်။ တကယ်ကို မရှိနိုင်လောက်တော့ပါဘူး။ သူ့ကို ကြည့်ရတာ မပျော်ရွှင်တော့တဲ့ အခြေအနေမျိုးမြင်နေရပြီမဟုတ်လား” လို့ အင့်စ်က ဆိုသွားခဲ့တာပါ။
Source: DAZN, Daily Express, Daily Mail
[UNICODE]
အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္လည္းျဖစ္ အဓိကတုိက္စစ္မွဴးလည္းျဖစ္တဲ့ အူဘာမီယန္းအေနနဲ႔ ရာသီကုန္ကာလေရာက္ရင္ အမ္းမရိတ္အေျခစိုက္ကလပ္မွာ ဆက္ျပီးရွိေနလိမ့္မယ္လို႔ မထင္ျမင္မိေၾကာင္း မန္ခ်က္စတာ ယူႏိုက္တက္ ဂႏၱဝင္ ေပါလ္ အင့္စ္က ေျပာဆိုလုိက္ပါတယ္။
“သူ ေနာက္ရာသီ အာဆင္နယ္မွာ ဆက္ရွိေနလို႔ ကၽြန္ေတာ္ မယံုၾကည္ပါဘူး” လို႔ မန္ခ်က္စတာ ယူႏိုက္တတက္နဲ႔ ဝုလ္ဗ္တို႔မွာ ကစားသမားဘဝအခ်ိန္အမ်ားစုကို ျဖတ္သန္းခဲ့ဖူးတဲ့ ကြင္းလယ္လူေဟာင္းၾကီးက ဆိုခဲ့ပါတယ္။

အူဘာမီယန္းဟာ အာဆင္နယ္အသင္းမွာ ေျခစြမ္းျပသႏုိင္ဖို႔ ရံုးကန္ေနရျပီး မန္ခ်က္စတာ ယူႏုိက္တက္နဲ႔ပြဲစဥ္မွာ ပင္နယ္တီကေန တစ္ဆင့္ဂိုးသြင္းယူႏုိင္ခဲ့တာဟာ သူ႔ရဲ႕ ေနာက္ဆံုး ပရီးမီးယားလိဂ္ပြဲစဥ္ ၈ ပြဲမွာ ၁ ဂိုးတည္းေသာ သြင္းဂိုးျဖစ္ျပီး လက္ရွိရာသီသူ႔ရဲ႕ ပရီးမီးယားလိဂ္ သြင္းဂိုးအေရအတြက္က ၁၀ ပြဲကစား ၂ ဂိုးျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ ဂိုးသြင္းဘုရင္ေဟာင္းတစ္ေယာက္အေနနဲ႔ အဆုိပါအေျခအေနကို စိုးရိမ္ပူပန္ေနႏုိင္တယ္လုိ႔ အင့္စ္က ဆိုသြားပါတယ္။ “တကယ္လုိ႔ ကၽြန္ေတာ္သာ အူဘာမီယန္းဆိုရင္ လက္ရွိအေျခအေနကို စိုးရိမ္ေနမွာျဖစ္သလို စိတ္ပ်က္ေနမွာလည္း အမွန္ပါပဲ” လို႔လည္း သူကဆိုပါတယ္။

အင့္စ္ကေတာ့ အူဘာမီယန္းတစ္ေယာက္ ရာသီအစတုန္းက အသင္းနဲ႔ ၃ ႏွစ္သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာမွန္ေပမယ့္ လက္ရွိအေျခအေနေတြအရဆိုရင္ ရာသီကုန္မွာ အသင္းကို စြန္႔ခြာသြားဖြယ္ရွိေနတယ္လုိ႔ သံုးသပ္ခဲ့ပါတယ္။
“သူ႔ကို ၾကည့္ရတာ စိတ္ပ်က္လက္ပ်က္နဲ႔ ယိုယြင္းျပိဳလဲေနသလိုပါပဲ။ လံုေလာက္တဲ့ ပံ့ပိုးမႈလည္း မရတဲ့ပံုပါပဲ။ ဒီလိုဆိုရင္ ၃ ႏွစ္စာခ်ဳပ္ ခ်ဳပ္ခဲ့တာၾကီးက အလကားအပိုသက္သက္ၾကီးျဖစ္ေနျပီလို႔ ဆိုရမွာပါပဲ။ စာခ်ဳပ္လိုခ်ဳပ္ထားပါေစ ေနာက္ရာသီ သူအသင္းမွာ ဆက္မရွိႏုိင္ဘူးလို႔ ထင္ပါတယ္။ တကယ္ကို မရွိႏိုင္ေလာက္ေတာ့ပါဘူး။ သူ႔ကို ၾကည့္ရတာ မေပ်ာ္ရႊင္ေတာ့တဲ့ အေျခအေနမ်ိဳးျမင္ေနရျပီမဟုတ္လား” လို႔ အင့္စ္က ဆိုသြားခဲ့တာပါ။
Source: DAZN, Daily Express, Daily Mail