
[UNICODE]
ထိပ်တန်းအားကစားအချက်အလက် ဝက်ဘ်ဆိုက် WhoScored ရဲ့ လက်အောက်ခံ မီဒီယာတစ်ခုဖြစ်တဲ့ TBR သတင်းဌာနဟာ လာမယ့်ရာသီသစ်မှာ အာဆင်နယ်အသင်းအတွက် ထွန်းတောက်လာနိုင်တဲ့ အကယ်ဒမီကြယ်ပွင့် ၃ ဦးကို ရွေးချယ်ဖော်ပြခဲ့ပါတယ်။
အာဆင်နယ်အသင်းမှာ ဆာကာ၊ စမစ်-ရိုး၊ ဘာလိုဂန်နဲ့ ဝေးလော့ခ်တို့လိုမျိုး အကယ်ဒမီကြယ်ပွင့် ဟောင်းတွေ ခြေစွမ်းကောင်းပြသနေပြီး နောက်ထပ်ထွန်းတောက်လာနိုင်တဲ့ ကြယ်ပွင့်သစ်တွေလည်း ရှိနေပါသေးတယ်။ TBR ကတော့ လာမယ့်ရာသီသစ်မှာ ဒန်နီယယ် ဘဲလာ့ဒ်၊ မီဂွယ် အဇီးဇ် နဲ့ နီကိုလာ မိုလာတို့ဟာ စောင့်ကြည့်ရမယ့် ကြယ်ပွင့်တွေဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒန်နီယယ် ဘဲလာ့ဒ် – ၂၁ နှစ်သား မြောက်အိုင်ယာလန် လက်ရွေးစင်ကြယ်ပွင့်ဟာ ဗဟိုခံစစ်ညာခြမ်းအတွက် လူအင်အားလိုအပ်နေတဲ့ အာဆင်နယ်အသင်းအတွက် အဖြေတစ်ခုဖြစ်လာနိုင်တယ်လို့ သုံးသပ်ခံထားရသူပါ။ ပြီးခဲ့တဲ့ရာသီတုန်းက အငှားသွားရောက်ကစားခဲ့တဲ့ ဘလက်ပူးလ်အသင်းကို ချန်ပီယံရှစ်ဆီ တန်းတက်ခွင့်ရအောင် ကူညီနိုင်ခဲ့သလို မြောက်အိုင်ယာလန်လက်ရွေးစင်အသင်းမှာလည်း အရေးပါတဲ့ကစားသမားသူပါ။ TBR ကတော့ လာမယ့်ရာသီ အာဆင်နယ်အသင်းရဲ့ ဗဟိုခံစစ်မှာ ဘဲလာ့ဒ်နဲ့ ဆာလီဘားတို့ရဲ့ နေရာလုပွဲကို မြင်ရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မီဂွယ် အဇီးဇ် – ‘ပီယာလို လက်သစ်’ လို့ နာမည်ကျော်တဲ့ အဇီးဇ်ကိုတော့ အာဆင်နယ်ပရိတ်သတ်တိုင်း သိကြပါတယ်။ အသက် ၁၈ နှစ်အရွယ်သာရှိသေးပေမယ့် အသက်အရွယ်နဲ့မလိုက်ဖက်တဲ့ တည်ငြိမ်ရင့်ကျက်မှုမျိုးနဲ့ ယူ-၂၃ အသင်းကို ဦးဆောင်နေသူဖြစ်ပါတယ်။ အသင်းခေါင်းဆောင်ဖြစ်သလို အဓိကကွင်းလယ်လူလည်း ဖြစ်ပါတယ်။ ကွင်းလယ်ခံစစ်မှာ Deep-lying Midfielder တစ်ယောက်အဖြစ် အဓိကကစားပေမယ့် သူ့ရဲ့ မာကျောပြီး အမြင်ရှိတဲ့ ဘောလုံးကစားဟန်ကြောင့် Box-to-Box ကစားသမားတစ်ဦးအဖြစ် ပြောင်းလဲအသုံးချသင့်တယ်လို့ အကြံပြုခြင်းခံထားရပါတယ်။ အဇီးဇ်ဟာ လာမယ့်ရာသီသစ်မှာ လူငယ်အသင်းကနေ ပထမအသင်းကြီးထံ သေချာပေါက် ပြောင်းရွှေ့ကစားရမယ့်သူလည်း ဖြစ်ပါတယ်။

နီကိုလာ မိုလာ – ၁၈ နှစ်သား ဆွီဒင်ကြယ်ပွင့်ကို အီတလီနဲ့ဆီဒွင်က ဘောလုံးရေးရာ ကျွမ်းကျင်သူတွေကတော့ အီဗရာဟီမိုဗစ်ချ် လက်သစ်လို့ တင်စားကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာ မာကျောကြံ့ခိုင်မှု၊ အရပ်အမောင်းမြင့်မားမှု၊ အဆုံးသတ်သေချာမှုနဲ့ မယုံကြည်နိုင်စရာ ဘောလုံးထိမ်းသိမ်းမှုစွမ်းရည်တွေကြောင့် ဒီလို သုံးသပ်ခံထားရတာပါ။ ပြီးခဲ့တဲ့နွေရာသီကမှ လူငယ်အသင်းကို စရောက်လာခဲ့တာဖြစ်ပေမယ့် လျှင်လျှင်မြန်မြန်ပဲ ဘိုလာဂန်နဲ့ တွဲဖက်ကောင်းဖြစ်လာခဲ့သူပါ။ ပြီးပြည့်စုံတဲ့ No.9 ကစားသမားလို့ သတ်မှတ်ခံထားရသူမို့ တိုက်စစ်မှူးလိုအပ်ချက်ရှိနေတဲ့ အာဆင်နယ်အသင်းအတွက် စောင့်ကြည့်ချင်စရာပါ။
TBR ကတော့ အဆိုပါကစားသမားတွေအပြင် ကာတာလင် စီယာဂျန်၊ မာဆယ်လို ဖလိုရက်စ် ၊ အာသာ အိုကွမ်ကဝို၊ ဘန် ကော့ထရေးလ်၊ အိုမာ ရီကစ် ၊ ကိုင်ဒို တေလာ-ဟတ်နဲ့ တိုင်ရီးစ် ဂျွန်-ဂျူးလ်စ်တို့ဟာလည်း စောင့်ကြည့်ရမယ့် ကြယ်ပွင့်တွေဖြစ်တယ်လို့ သုံးသပ်သွားပါတယ်။
Source: TBR
[ZAWGYI]
ထိပ္တန္းအားကစားအခ်က္အလက္ ဝက္ဘ္ဆုိက္ WhoScored ရဲ႕ လက္ေအာက္ခံ မီဒီယာတစ္ခုျဖစ္တဲ့ TBR သတင္းဌာနဟာ လာမယ့္ရာသီသစ္မွာ အာဆင္နယ္အသင္းအတြက္ ထြန္းေတာက္လာႏုိင္တဲ့ အကယ္ဒမီ ၾကယ္ပြင့္ ၃ ဦးကို ေရြးခ်ယ္ေဖာ္ျပခဲ့ပါတယ္။
အာဆင္နယ္အသင္းမွာ ဆာကာ၊ စမစ္-ရိုး၊ ဘာလိုဂန္နဲ႔ ေဝးေလာ့ခ္တို႔လိုမ်ိဳး အကယ္ဒမီထြက္ ၾကယ္ပြင့္ေတြ ေျခစြမ္းေကာင္းျပသေနျပီး ေနာက္ထပ္ထြန္းေတာက္လာႏုိင္တဲ့ ၾကယ္ပြင့္သစ္ေတြလည္း ရွိေနပါေသးတယ္။ TBR ကေတာ့ လာမယ့္ရာသီသစ္မွာ ဒန္နီယယ္ ဘဲလာ့ဒ္၊ မီဂြယ္ အဇီးဇ္နဲ႔ နီကိုလာ မိုလာတို႔ဟာ ေစာင့္ၾကည့္ရမယ့္ ၾကယ္ပြင့္ေတြျဖစ္တယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။

ဒန္နီယယ္ ဘဲလာ့ဒ္ – ၂၁ ႏွစ္သား ေျမာက္အိုင္ယာလန္ လက္ေရြးစင္ၾကယ္ပြင့္ဟာ ဗဟိုခံစစ္ညာျခမ္းအတြက္ လူအင္အားလိုအပ္ေနတဲ့ အာဆင္နယ္အသင္းအတြက္ အေျဖတစ္ခုျဖစ္လာႏုိင္တယ္လို႔ သံုးသပ္ခံထားရသူပါ။ ျပီးခဲ့တဲ့ရာသီတုန္းက အငွားသြားေရာက္ကစားခဲ့တဲ့ ဘလက္ပူးလ္အသင္းကို ခ်န္ပီယံရွစ္ဆီ တန္းတက္ခြင့္ရေအာင္ ကူညီႏုိင္ခဲ့သလို ေျမာက္အိုင္ယာလန္လက္ေရြးစင္အသင္းမွာလည္း အေရးပါတဲ့ကစားသမားသူပါ။ TBR ကေတာ့ လာမယ့္ရာသီ အာဆင္နယ္အသင္းရဲ႕ ဗဟိုခံစစ္မွာ ဘဲလာ့ဒ္နဲ႔ ဆာလီဘားတို႔ရဲ႕ ေနရာလုပြဲကို ျမင္ရႏုိင္တယ္လုိ႔ ခန္႔မွန္းထားပါတယ္။
မီဂြယ္ အဇီးဇ္ – ‘ပီယာလို လက္သစ္’ လို႔ နာမည္ေက်ာ္တဲ့ အဇီးဇ္ကိုေတာ့ အာဆင္နယ္ပရိတ္သတ္တုိင္း သိၾကပါတယ္။ အသက္ ၁၈ ႏွစ္အရြယ္သာရွိေသးေပမယ့္ အသက္အရြယ္နဲ႔မလိုက္ဖက္တဲ့ တည္ျငိမ္ရင့္က်က္မႈမ်ိဳးနဲ႔ ယူ-၂၃ အသင္းကို ဦးေဆာင္ေနသူျဖစ္ပါတယ္။ အသင္းေခါင္းေဆာင္ျဖစ္သလို အဓိကကြင္းလယ္လူလည္း ျဖစ္ပါတယ္။ ကြင္းလယ္ခံစစ္မွာ Deep-lying Midfielder တစ္ေယာက္အျဖစ္ အဓိကကစားေပမယ့္ သူ႔ရဲ႕ မာေက်ာျပီး အျမင္ရွိတဲ့ ေဘာလံုးကစားဟန္ေၾကာင့္ Box-to-Box ကစားသမားတစ္ဦးအျဖစ္ ေျပာင္းလဲအသံုးခ်သင့္တယ္လုိ႔ အၾကံျပဳျခင္းခံထားရပါတယ္။ အဇီးဇ္ဟာ လာမယ့္ရာသီသစ္မွာ လူငယ္အသင္းကေန ပထမအသင္းၾကီးထံ ေသခ်ာေပါက္ ေျပာင္းေရႊ႕ကစားရမယ့္သူလည္း ျဖစ္ပါတယ္။

နီကိုလာ မိုလာ – ၁၈ ႏွစ္သား ဆီြဒင္ၾကယ္ပြင့္ကို အီတလီနဲ႔ဆီဒြင္က ေဘာလံုးေရးရာ ကၽြမ္းက်င္သူေတြကေတာ့ အီဗရာဟီမိုဗစ္ခ်္ လက္သစ္လို႔ တင္စားၾကပါတယ္။ ရုပ္ပိုင္းဆုိင္ရာ မာေက်ာၾကံ့ခုိင္မႈ၊ အရပ္အေမာင္းျမင့္မားမႈ၊ အဆံုးသတ္ေသခ်ာမႈနဲ႔ မယံုၾကည္ႏုိင္စရာ ေဘာလံုးထိမ္းသိမ္းမႈစြမ္းရည္ေတြေၾကာင့္ ဒီလို သံုးသပ္ခံထားရတာပါ။ ျပီးခဲ့တဲ့ေႏြရာသီကမွ လူငယ္အသင္းကို စေရာက္လာခဲ့တာျဖစ္ေပမယ့္ လွ်င္လွ်င္ျမန္ျမန္ပဲ ဘုိလာဂန္နဲ႔ တြဲဖက္ေကာင္းျဖစ္လာခဲ့သူပါ။ ျပီးျပည့္စံုတဲ့ No.9 ကစားသမားလို႔ သတ္မွတ္ခံထားရသူမို႔ တုိက္စစ္မွဴးလိုအပ္ခ်က္ရွိေနတဲ့ အာဆင္နယ္အသင္းအတြက္ ေစာင့္ၾကည့္ခ်င္စရာပါ။
TBR ကေတာ့ အဆုိပါကစားသမားေတြအျပင္ ကာတာလင္ စီယာဂ်န္၊ မာဆယ္လို ဖလိုရက္စ္၊ အာသာ အိုကြမ္ကဝို၊ ဘန္ ေကာ့ထေရးလ္၊ အိုမာ ရီကစ္၊ ကိုင္ဒို ေတလာ-ဟတ္နဲ႔ တုိင္ရီးစ္ ဂၽြန္-ဂ်ဴးလ္စ္တို႔ဟာလည္း ေစာင့္ၾကည့္ရမယ့္ ၾကယ္ပြင့္ေတြျဖစ္တယ္လို႔ သံုးသပ္သြားပါတယ္။
Source: TBR