
[UNICODE]
အာဆင်နယ်အသင်းရဲ့ မန်နေဂျာဖြစ်သူ မီခယ် အာတီတာကတော့ လူငယ်ကြယ်ပွင့် ရီးစ် နယ်လ်ဆင်ဟာ လေ့ကျင့်ရေးကွင်းမှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေပြီး ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ဖို့ အချိန်တန်ပြီလို့ ပြောဆိုလိုက်ပြီဖြစ်ပါတယ်။
စပိန်သား အာတီတာဟာ နယ်လ်ဆင်ကို ယမန်နှစ်ရာသီကတည်းက အခွင့်အရေးတစ်ချို့ပေးခဲ့တာဖြစ်ပြီး ယခုနှစ်ရာသီမှာတော့ လက်စတာစီးတီးအသင်းနဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ပွဲထွက်ကစားစေခဲ့ပြီး ပရိတ်သတ်တွေ နှစ်သက်သဘောကျတဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။
နယ်လ်ဆင်ဟာ အဲ့ဒီနောက်ပိုင်းမှာတော့ ယူ-၂၃ အသင်းမှာ သွားရောက်ကစားနေခဲ့ရပေမယ့် အာတီတာကတော့ သူ့အနေနဲ့ လူငယ်တောင်ပံကစားသမားလေးရဲ့ ခြေစွမ်းကို စောင့်ကြည့်နေခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ နယ်လ်ဆင်ဟာ ယူ-၂၃ အသင်းမှာ ကောင်းကောင်းခြေစွမ်းပြသနိုင်ခဲ့သလို အသင်းကြီးနဲ့ လေ့ကျင့်ခန်းဆင်းချိန်တွေမှာလည်း ခြေစွမ်းကောင်းကို ဆက်လက်ထိမ်းသိမ်းထားနိုင်ခဲ့တာပါ။

တိုက်စစ်ပိုင်းမှာ ပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့ အာတီတာဟာ သူ နည်းပြဖြစ်စဉ်ကတည်းက မျှော်မှန်းချက်ကြီးကြီးမားမားထားခဲ့တဲ့ နယ်လ်ဆင်ကို ဝှက်ဖဲတစ်ခုသဖွယ် အသုံးချသွားဖို့ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေကတော့ စတင်ဖော်ပြနေကြပြီဖြစ်ပါတယ်။
အထူးသဖြင့် ဘယ်တောင်ပံမှာရော ညာတောင်ပံမှာပါ ကောင်းကောင်းကစားနိုင်တဲ့ နယ်လ်ဆင်ကို အသင်းရဲ့ လူစာရင်းမှာ အလှည့်အပြောင်းအဖြစ် အသုံးချလာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

“ကျွန်တော့် သူ့ဆီမှာ အလားအလာတွေ အများကြီး တွေ့ထားပါတယ်။ သူ့ကို ထိတ်တန်းကြယ်ပွင့်ဖြစ်လာအောင် ပျော်ပျော်ကြီး မြေတောင်မြှောက်ပေးသွားမှာပါ” လို့ အာတီတာက ပြီးခဲ့တဲ့ ဇွန်လတုန်းက Guardian နဲ့ အင်တာဗျူးမှာ ပြောဆိုထားခဲ့ဖူးပါတယ်။
စပိန်သားက နယ်လ်ဆင်ဟာ သူ့ရဲ့အသင်းမှာ ပြိုင်ဘက်ကို အရှိန်နဲ့ဖြတ်ကျော်မှုအကောင်းဆုံး ကစားသမားလို့ ပြောဆိုထားသလို စပါယ်ရှယ်အဆင့်ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ လူငယ်ကြယ်ပွင့်တစ်ယောက် ဖြစ်တယ်လို့လည်း အတိတလင်း ချီးမွမ်းစကားဆိုခဲ့တာပါ။
ခုချိန်မှာလည်း နယ်လ်ဆင်နဲ့ပတ်သက်ပြီး အာတီတာက ခုလိုပြောဆိုထားပါတယ် “ကျွန်တော်တို့ အစောပိုင်းတုန်းက နယ်လ်ဆင်ကို အငှားချထားဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ ခြေစွမ်းကြောင့် အသင်းမှာ ထားဖို့ ပြောင်းလဲ စီစဉ်ခဲ့ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့မှာ ပြိုင်ပွဲတွေ အများကြီးပဲလေ။ သူက အရမ်းကောင်းမွန်တဲ့ ခြေစွမ်းမျိုးလည်း ပြသနေပါတယ်။ သူ့ရဲ့ နေရာအတွက် တိုက်ပွဲဝင်ရမယ့်အချိန်ပါ” လို့ အာတီတာက ဒန်းဒါ့ခ်နဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။
Ref: Football London, Guardian, The Star
[UNICODE]
အာဆင္နယ္အသင္းရဲ႕ မန္ေနဂ်ာျဖစ္သူ မီခယ္ အာတီတာကေတာ့ လူငယ္ၾကယ္ပြင့္ ရီးစ္ နယ္လ္ဆင္ဟာ ေလ့က်င့္ေရးကြင္းမွာ ေျခစြမ္းေကာင္းေတြ ဆက္တုိက္ျပသေနျပီး ပြဲထြက္ခြင့္အတြက္ တုိက္ပြဲဝင္ဖို႔ အခ်ိန္တန္ျပီလို႔ ေျပာဆိုလိုက္ျပီျဖစ္ပါတယ္။
စပိန္သား အာတီတာဟာ နယ္လ္ဆင္ကို ယမန္ႏွစ္ရာသီကတည္းက အခြင့္အေရးတစ္ခ်ိဳ႕ေပးခဲ့တာျဖစ္ျပီး ယခုႏွစ္ရာသီမွာေတာ့ လက္စတာစီးတီးအသင္းနဲ႔ ကာရာေဘာင္းဖလားပြဲစဥ္မွာ ပြဲထြက္ကစားေစခဲ့ျပီး ပရိတ္သတ္ေတြ ႏွစ္သက္သေဘာက်တဲ့ ေျခစြမ္းမ်ိဳးကို ျပသႏုိင္ခဲ့ပါတယ္။
နယ္လ္ဆင္ဟာ အဲ့ဒီေနာက္ပိုင္းမွာေတာ့ ယူ-၂၃ အသင္းမွာ သြားေရာက္ကစားေနခဲ့ရေပမယ့္ အာတီတာကေတာ့ သူ႔အေနနဲ႔ လူငယ္ေတာင္ပံကစားသမားေလးရဲ႕ ေျခစြမ္းကို ေစာင့္ၾကည့္ေနခဲ့တယ္လုိ႔ ဆိုခဲ့ပါတယ္။ နယ္လ္ဆင္ဟာ ယူ-၂၃ အသင္းမွာ ေကာင္းေကာင္းေျခစြမ္းျပသႏုိင္ခဲ့သလို အသင္းၾကီးနဲ႔ ေလ့က်င့္ခန္းဆင္းခ်ိန္ေတြမွာလည္း ေျခစြမ္းေကာင္းကို ဆက္လက္ထိမ္းသိမ္းထားႏဳိင္ခဲ့တာပါ။

တုိက္စစ္ပိုင္းမွာ ျပႆနာေတြနဲ႔ရင္ဆုိင္ေနရတဲ့ အာတီတာဟာ သူ နည္းျပျဖစ္စဥ္ကတည္းက ေမွ်ာ္မွန္းခ်က္ၾကီးၾကီးမားမားထားခဲ့တဲ့ နယ္လ္ဆင္ကို ဝွက္ဖဲတစ္ခုသဖြယ္ အသံုးခ်သြားဖို႔ရွိေနတယ္လို႔ ျဗိတိန္မီဒီယာေတြကေတာ့ စတင္ေဖာ္ျပေနၾကျပီျဖစ္ပါတယ္။
အထူးသျဖင့္ ဘယ္ေတာင္ပံမွာေရာ ညာေတာင္ပံမွာပါ ေကာင္းေကာင္းကစားႏုိင္တဲ့ နယ္လ္ဆင္ကို အသင္းရဲ႕ လူစာရင္းမွာ အလွည့္အေျပာင္းအျဖစ္ အသံုးခ်လာႏုိင္တယ္လို႔ သံုးသပ္မႈေတြရွိေနပါတယ္။

“ကြၽန္ေတာ့္ သူ႔ဆီမွာ အလားအလာေတြ အမ်ားႀကီး ေတြ႕ထားပါတယ္။ သူ႔ကို ထိတ္တန္းၾကယ္ပြင့္ျဖစ္လာေအာင္ ေပ်ာ္ေပ်ာ္ႀကီး ေျမေတာင္ေျမႇာက္ေပးသြားမွာပါ” လို႔ အာတီတာက ျပီးခဲ့တဲ့ ဇြန္လတုန္းက Guardian နဲ႔ အင္တာဗ်ဴးမွာ ေျပာဆိုထားခဲ့ဖူးပါတယ္။
စပိန္သားက နယ္လ္ဆင္ဟာ သူ႔ရဲ႕အသင္းမွာ ၿပိဳင္ဘက္ကို အရွိန္နဲ႔ျဖတ္ေက်ာ္မႈအေကာင္းဆုံး ကစားသမားလို႔ ေျပာဆိုထားသလို စပါယ္ရွယ္အဆင့္ေျခစြမ္းကို ပိုင္ဆိုင္ထားတဲ့ လူငယ္ၾကယ္ပြင့္တစ္ေယာက္ ျဖစ္တယ္လို႔လည္း အတိတလင္း ခ်ီးမြမ္းစကားဆိုခဲ့တာပါ။
ခုခ်ိန္မွာလည္း နယ္လ္ဆင္နဲ႔ပတ္သက္ျပီး အာတီတာက ခုလိုေျပာဆိုထားပါတယ္ “ကၽြန္ေတာ္တို႔ အေစာပိုင္းတုန္းက နယ္လ္ဆင္ကို အငွားခ်ထားဖို႔ စီစဥ္ခဲ့တာပါ။ ဒါေပမယ့္ သူ႔ရဲ႕ ေျခစြမ္းေၾကာင့္ အသင္းမွာ ထားဖို႔ ေျပာင္းလဲ စီစဥ္ခဲ့ပါတယ္။ ဘာလို႔လဲဆိုရင္ ကၽြန္ေတာ္တို႔မွာ ျပိဳင္ပြဲေတြ အမ်ားၾကီးပဲေလ။ သူက အရမ္းေကာင္းမြန္တဲ့ ေျခစြမ္းမ်ိဳးလည္း ျပသေနပါတယ္။ သူ႔ရဲ႕ ေနရာအတြက္ တုိက္ပြဲဝင္ရမယ့္အခ်ိန္ပါ” လို႔ အာတီတာက ဒန္းဒါ့ခ္နဲ႔ ပြဲၾကိဳသတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားခဲ့ပါတယ္။
Ref: Football London, Guardian, The Star