
[UNICODE]
အာဆင်နယ်အသင်းဟာ ဝုလ်ဗ်အသင်းက ကွင်းလယ်လူ ရူဘင် နီးဗက်စ်ကို ခေါ်ယူဖို့ စတင်ဆွေးနွေးနေပြီဖြစ်ပြီးတော့ ခေါ်ယူနိုင်ဖို့ အလားအလာကောင်းရှိနေတယ်လို့ The Athletic ၊ The Times နဲ့ Goal တို့က တညီတညွတ်တည်း ဖော်ပြသွားပါတယ်။
ဂန်းနားတွေဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားခေါ်ယူထားတဲ့ ကွင်းလယ်လူ ဒန်နီ စီဘာယော့စ်ကို အပြီးသတ်စာချုပ် ချုပ်ဆိုခြင်းမရှိတော့ပဲ ဘာနေဗျူးကလပ်ထံ ပြန်လွှတ်လိုက်ပြီဖြစ်သလို ဆွစ်ဇာလန်သားကွင်းလယ်လူ ဂရာနစ် ရှာခါကိုလည်း ရောင်းထုတ်ဖြစ်ဖို့ များနေပါတယ်။ ဒါကြောင့် လစ်လပ်သွားတဲ့ ကွင်းလယ်လူနေရာကို အစားထိုးပြီး သောမတ် ပါတေးနဲ့တွဲဖက်ပေးဖို့အတွက် ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ ရူဘင် နီးဗက်စ်ကို ချဉ်းကပ်နေတာပါ။

၂၄ နှစ်အရွယ် ကွင်းလယ်လူ နီးဗက်စ်ဟာ ဘောလုံးလုယူမှု၊ ခံစစ်ကာကွယ်မှု၊ ပြစ်ဒါဏ်ဘောကန်သွင်းမှုနဲ့ အမြင့်ဘောပေးပို့မှုပိုင်းကောင်းမွန်သူအဖြစ် ပရီးမီးယားလိဂ်မှာ နာမည်ကောင်းပိုင်ဆိုင်ထားသူဖြစ်ပြီး ဝုလ်ဗ်အသင်းက ပေါ်တူဂီလူမျိုးနည်းပြ နူနို ဆန်းတို့စ်ထွက်ခွာသွားချိန်မှာ အသင်းပြောင်းရွှေ့ဖို့ စီစဉ်လာသူလည်းဖြစ်ပါတယ်။
WhoScored ရဲ့ ဖော်ပြချက်အရဆိုရင် နီးဗက်စ်ဟာ ယမန်နှစ်ရာသီတုန်းက ဥရောပရဲ့ အဝေးဘောပေးပို့မှု ဒုတိအကောင်းဆုံးကွင်းလယ်လူအဖြစ်ရော တတိယမြောက် ပင်နယ်တီဧရိယာပြင်ပကန်ချက် တိကျမှုအရှိဆုံး ကွင်းလယ်ကစားသမားအဖြစ်ပါ မှတ်တမ်းဝင်နေပြီး ကြားဖြတ်လုယူမှုမှတ်တမ်းမှာလည်း ဘစ်ဆူးမား၊ ရှာခါ၊ ပါတေးနဲ့ ဒက်ကလန် ရိုက်စ်တို့ထက် ပိုကောင်းတဲ့စွမ်းဆောင်ရည်မျိုးကို ပြသထားသူဖြစ်ပါတယ်။

အထူးသဖြင့် နီးဗက်စ်ဟာ ပြီးခဲ့တဲ့ ၃ ရာသီအတွင်း ပရီးမီးယားလိဂ်မှာ ၁၀၉ ပွဲအထိ ပါဝင်ကစားထားသော်လည်း ပင်နယ်တီဖြစ်စေမယ့် ပြစ်ဒါဏ်ကျူးလွန်မှု တစ်ကြိမ်မှမရှိခဲ့သလို ဂိုးပေးရမယ့် အမှားအယွင်းကျူးလွန်မှုလည်း တစ်ကြိမ်မှမရှိခဲ့ပါဘူး။ အဆိုပါကာလအတွင်းမှာ အာဆင်နယ်ကွင်းလယ်လူ ဂရာနစ် ရှာခါက ပင်နယ်တီ ၅ လုံးပေးခဲ့ပြီး ဂိုးပေးရမယ့် အမှား ၁၄ ကြိမ်ကျူးလွန်ခဲ့ပါတယ်။
လက်တလော The Athletic ရဲ့ ဖော်ပြချက်အရဆိုရင်တော့ အာဆင်နယ်အသင်းဟာ ပေါ်တူဂီသားရဲ့ အပြောင်းအရွှေ့အတွက် ဝုလ်ဗ်အသင်းနဲ့ တရားဝင်ဆွေးနွေးမှုတွေစတင်ပြုလုပ်နေပြီဖြစ်ပြီး ပေါင် ၃၄ သန်းဝန်းကျင်နဲ့ သဘောတူညီချက် ရရှိဖွယ်ရှိနေတယ်လို့ ဆိုသွားပါတယ်။

ထိပ်တန်းသတင်းဌာနတစ်ခုဖြစ်တဲ့ The Daily Mail ကလည်း ရူဘင် နီးဗက်စ်အတွက် ဝုလ်ဗ်အသင်း အလိုရှိနေတဲ့ တန်ကြေးဟာ ပေါင် ၃၅ သန်းဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင်ကလည်းဟာ ပရီးမီးယားလိဂ်မှာ ဆက်လက်ကစားလိုနေသေးတာကြောင့် အာဆင်နယ်အသင်းထံပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားပါတယ်။
နာမည်ကျော်ပေါ်တို အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ နီးဗက်စ်ဟာ ဝုလ်ဗာဟန်တန်အသင်း ချန်ပီယံရှစ်မှာ ရှိနေစဉ် ၂၀၁၇ ခုနှစ်တုန်းက အဆိုပါအသင်းမှာ အငှားလာရောက်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ၂၀၁၈ ခုနှစ်နွေရာသီမှာ ကလပ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၅.၈ သန်းနဲ့ အပြီးသတ်ခေါ်ယူခြင်းခံခဲ့ရသူဖြစ်ပါတယ်။ နီးဗက်စ်ဟာ ဝုလ်ဗ်အတွက် ၁၇၆ ပွဲ ပါဝင်ကစားပြီး ဂိုး ၂၀ သွင်းယူပေးထားပါတယ်။
Source: Mail, Football London, Metro
[ZAWGYI]
အာဆင္နယ္အသင္းဟာ ဝုလ္ဗ္အသင္းက ကြင္းလယ္လူ ရူဘင္ နီးဗက္စ္ကို ေခၚယူဖို႔ စတင္ေဆြးေႏြးေနျပီျဖစ္ျပီးေတာ့ ေခၚယူႏိုင္ဖုိ႔ အလားအလာေကာင္းရွိေနတယ္လုိ႔ The Athletic ၊ The Times နဲ႔ Goal တို႔က တညီတညြတ္တည္း ေဖာ္ျပသြားပါတယ္။
ဂန္းနားေတြဟာ ရီးရဲလ္မက္ဒရစ္အသင္းကေန အငွားေခၚယူထားတဲ့ ကြင္းလယ္လူ ဒန္နီ စီဘာေယာ့စ္ကို အျပီးသတ္စာခ်ဳပ္ ခ်ဳပ္ဆိုျခင္းမရွိေတာ့ပဲ ဘာေနဗ်ဴးကလပ္ထံ ျပန္လႊတ္လိုက္ျပီျဖစ္သလို ဆြစ္ဇာလန္သားကြင္းလယ္လူ ဂရာနစ္ ရွာခါကိုလည္း ေရာင္းထုတ္ျဖစ္ဖို႔ မ်ားေနပါတယ္။ ဒါေၾကာင့္ လစ္လပ္သြားတဲ့ ကြင္းလယ္လူေနရာကို အစားထိုးျပီး ေသာမတ္ ပါေတးနဲ႔တြဲဖက္ေပးဖို႔အတြက္ ေပၚတူဂီလက္ေရြးစင္ကြင္းလယ္လူ ရူဘင္ နီးဗက္စ္ကို ခ်ဥ္းကပ္ေနတာပါ။

၂၄ ႏွစ္အရြယ္ ကြင္းလယ္လူ နီးဗက္စ္ဟာ ေဘာလံုးလုယူမႈ၊ ခံစစ္ကာကြယ္မႈ၊ ျပစ္ဒါဏ္ေဘာကန္သြင္းမႈနဲ႔ အျမင့္ေဘာေပးပို႔မႈပိုင္းေကာင္းမြန္သူအျဖစ္ ပရီးမီးယားလိဂ္မွာ နာမည္ေကာင္းပိုင္ဆုိင္ထားသူျဖစ္ျပီး ဝုလ္ဗ္အသင္းက ေပၚတူဂီလူမ်ိဳးနည္းျပ ႏူႏို ဆန္းတို႔စ္ထြက္ခြာသြားခ်ိန္မွာ အသင္းေျပာင္းေရႊ႕ဖို႔ စီစဥ္လာသူလည္းျဖစ္ပါတယ္။
WhoScored ရဲ႕ ေဖာ္ျပခ်က္အရဆုိရင္ နီးဗက္စ္ဟာ ယမန္ႏွစ္ရာသီတုန္းက ဥေရာပရဲ႕ အေဝးေဘာေပးပို႔မႈ ဒုတိအေကာင္းဆံုးကြင္းလယ္လူအျဖစ္ေရာ တတိယေျမာက္ ပင္နယ္တီဧရိယာျပင္ပကန္ခ်က္ တိက်မႈအရွိဆံုး ကြင္းလယ္ကစားသမားအျဖစ္ပါ မွတ္တမ္းဝင္ေနျပီး ၾကားျဖတ္လုယူမႈမွတ္တမ္းမွာလည္း ဘစ္ဆူးမား၊ ရွာခါ၊ ပါေတးနဲ႔ ဒက္ကလန္ ရိုက္စ္တို႔ထက္ ပိုေကာင္းတဲ့စြမ္းေဆာင္ရည္မ်ိဳးကို ျပသထားသူျဖစ္ပါတယ္။

အထူးသျဖင့္ နီးဗက္စ္ဟာ ျပီးခဲ့တဲ့ ၃ ရာသီအတြင္း ပရီးမီးယားလိဂ္မွာ ၁၀၉ ပြဲအထိ ပါဝင္ကစားထားေသာ္လည္း ပင္နယ္တီျဖစ္ေစမယ့္ ျပစ္ဒါဏ္က်ဴးလြန္မႈ တစ္ၾကိမ္မွမရွိခဲ့သလို ဂိုးေပးရမယ့္ အမွားအယြင္းက်ဴးလြန္မႈလည္း တစ္ၾကိမ္မွမရွိခဲ့ပါဘူး။ အဆုိပါကာလအတြင္းမွာ အာဆင္နယ္ကြင္းလယ္လူ ဂရာနစ္ ရွာခါက ပင္နယ္တီ ၅ လံုးေပးခဲ့ျပီး ဂိုးေပးရမယ့္ အမွား ၁၄ ၾကိမ္က်ဴးလြန္ခဲ့ပါတယ္။
လက္တေလာ The Athletic ရဲ႕ ေဖာ္ျပခ်က္အရဆိုရင္ေတာ့ အာဆင္နယ္အသင္းဟာ ေပၚတူဂီသားရဲ႕ အေျပာင္းအေရႊ႕အတြက္ ဝုလ္ဗ္အသင္းနဲ႔ တရားဝင္ေဆြးေႏြးမႈေတြစတင္ျပဳလုပ္ေနျပီျဖစ္ျပီး ေပါင္ ၃၄ သန္းဝန္းက်င္နဲ႔ သေဘာတူညီခ်က္ ရရွိဖြယ္ရွိေနတယ္လုိ႔ ဆိုသြားပါတယ္။

ထိပ္တန္းသတင္းဌာနတစ္ခုျဖစ္တဲ့ The Daily Mail ကလည္း ရူဘင္ နီးဗက္စ္အတြက္ ဝုလ္ဗ္အသင္း အလိုရွိေနတဲ့ တန္ေၾကးဟာ ေပါင္ ၃၅ သန္းျဖစ္ျပီး ကာယကံရွင္ကိုယ္တုိင္ကလည္းဟာ ပရီးမီးယားလိဂ္မွာ ဆက္လက္ကစားလိုေနေသးတာေၾကာင့္ အာဆင္နယ္အသင္းထံေျပာင္းေရႊ႕ဖို႔ စိတ္ဝင္စားေနတယ္လို႔ ေဖာ္ျပထားပါတယ္။
နာမည္ေက်ာ္ေပၚတို အကယ္ဒမီကေန ထြက္ေပၚလာခဲ့တဲ့ နီးဗက္စ္ဟာ ဝုလ္ဗာဟန္တန္အသင္း ခ်န္ပီယံရွစ္မွာ ရွိေနစဥ္ ၂၀၁၇ ခုႏွစ္တုန္းက အဆုိပါအသင္းမွာ အငွားလာေရာက္ကစားခဲ့ျပီး ေျခစြမ္းျပသႏိုင္ခဲ့တာေၾကာင့္ ၂၀၁၈ ခုႏွစ္ေႏြရာသီမွာ ကလပ္ရဲ႕ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၅.၈ သန္းနဲ႔ အျပီးသတ္ေခၚယူျခင္းခံခဲ့ရသူျဖစ္ပါတယ္။ နီးဗက္စ္ဟာ ဝုလ္ဗ္အတြက္ ၁၇၆ ပြဲ ပါဝင္ကစားျပီး ဂိုး ၂၀ သြင္းယူေပးထားပါတယ္။
Source: Mail, Football London, Metro