ရေသောက်ခြင်း နဲ့သက်ဆိုင်သော အယူအဆမှားများ

ရေသောက်ခြင်း ဟာ နေ့စဉ် အသက်ရှင်သန်ဖို့အတွက် လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ လူ့ခန္တာကိုယ်ရဲ့ ၆၀% ကျော်က ရေဓာတ်နဲ့ ဖွဲ့စည်းထားတာဖြစ်တာမို့ နေစဉ် ရေဓာတ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။

ပူပြင်းခြောက်သွေ့တဲ့ ကာလတွေမှာ ရေဓာတ်ဆုံးရှုံးနိုင်သလို၊ လေ့ကျင့်ခန်းလုပ်ချိန်၊ အားကစား ကစားချိန်တွေမှာ လူတွေဟာ ချွေးအရမ်းထွက်တာကြောင့်လည်း ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်တွေမှာ ရေ၊ ဒါမှမဟုတ် အချိုရည်တစ်မျိုးမျိုးကို မှီဝဲကြတာက ထုံးစံပါပဲ။

ဒါပေမယ့် လူတွေအကြားမှာ ရေသောက်ခြင်း နဲ့သက်ဆိုင်တဲ့ လွဲမှားနေတဲ့ အယူအဆတွေ အများအပြား ရှိနေကြပါတယ်။ နေ့စဉ် ရေဘယ်လိုသောက်သင့်တယ်၊ ဘယ်လောက်ပမာဏ သောက်သင့်တယ်၊ ဘာကြောင့်ရေဆာတယ်ဆိုတာမျိုးတွေနဲ့ ပတ်သက်လို့ပေါ့။

အောက်မှာ လူတွေ အထင်အမြင်လွဲမှားနေတဲ့ ရေသောက်ခြင်းနဲ့သက်ဆိုင်တဲ့ အယူအဆမှားတစ်ချို့ကို ဗဟုသတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ 

ယုံတမ်း ၁ – ရေဆာနေရင် ရေဓာတ်ဆုံးရှုံး နေတာပဲ

ရေဆာတယ်ဆိုတာက ခန္တာကိုယ်ထဲက ရေဓာတ်ပမာဏ အနည်းအများနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ရေဓာတ်ဆုံးရှုံးတယ် (Dehydration) ချွေးထွက်တာ၊ မျက်ရည်ကျတာနဲ့ အသက်ရှှုထုတ်ရာမှာ ရေဓာတ်တွေ ပါဝင်သွားတာမျိုးကိုဆိုလိုတာသာဖြစ်ပါတယ်။ ခန္တာကိုယ်ရဲ့ ရေဓာတ်ကို ကျောက်ကပ်က ထိမ်းချုပ်နေတာဖြစ်ပြီးတော့ ရေဓာတ်အစားထိုးဖို့ လိုအပ်ချိန်၊ ဒါမှမဟုတ် ဦးနှောက်က ရေဓာတ်ဖြည့်တင်းဖို့ လိုအပ်နေပြီလို့ တွေးမိချိန်မျိုးမှာ ရေဆာတတ်ပါတယ်။

ယုံတမ်း ၂ – တနေ့ ရေ ၈ ခွက် သောက်ရမယ်

နေ့စဉ် ရေလုံလုံလောက်လောက် သောက်ပေးဖို့ လိုအပ်တယ်ဆိုတာက မေးခွန်းထုတ်စရာမလိုတဲ့ ကိစ္စမျိုးပါပဲ။ တစ်နေ့ကို ရေဘယ်နှစ်ခွက် တိတိကျကျ သောက်ရမယ်ဆိုတာမျိုးတော့ သတ်မှတ်ထားလို့ မရပါဘူးတဲ့။ ကျောက်ကပ်နဲ့ နှလုံးတို့ဟာ ပူးပေါင်းလုပ်ဆောင်ရတဲ့ သဘောရှိတာမို့ ရေကို လိုအပ်တာထက် ပိုသောက်မိမယ်ဆိုရင် နှလုံးပျက်ဆီးတာမျိုး၊ အဆုတ်ထဲရေဝင်တာမျိုး၊ ရေကြောင့်ဖြစ်တဲ့ မူးယစ်ဝေဒနာခံစားရတာမျိုးတွေ ကြုံနိုင်ပါတယ်။

ယုံတမ်း ၃ – အိပ်ယာထရင် ရေသောက်ရမယ် 

အိမ်ယာက ထထခြင်း ရေတစ်ခွက် ဝဝသောက်ရမယ်ဆိုတဲ့ စကားမျိုး လူတိုင်းကြားဖူးကြမယ်ထင်ပါတယ်။ တကယ်လို့ ကိုယ်က ရေဆာနေတယ်ဆိုရင်တော့ ဒါက မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ကျောက်ကပ်ကို ပုံမှန်အလုပ်လုပ်စေပြီး ခန္တာကိုယ်ကို လန်းဆန်းစေနိုင်ပါတယ်။ အိပ်ယာနိုးနိုးချင်မှာ ရေသာက်ပေးတာဟာ တစ်နေ့ကို ၈ နာရီဝန်းကျင်လောက် အိပ်ရေးဝဝ အိပ်စက်သူတွေအတွက်ပဲ မှန်ကန်တဲ့ နည်းလမ်းဖြစ်ပါတယ်တဲ့။

ယုံတမ်း ၄ – ရေဓာတ်လွန်ကဲတယ်ဆိုတာ မရှိဘူး

ရေတွေအများကြီးသောက်တာ ကောင်းတယ်။ ရေဓာတ်လွန်ကဲတယ်ဆိုတာ မရှိဘူးလို့ တစ်ချို့တွေက ပြောတတ်ကြတယ်။ တန်ဆေး လွန်ဘေးဆိုသလိုပါပဲ။ ရေကို အလွန်အကျွံသောက်သုံးတာဟာလည်း မှားယွင်းတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ရေကို အလွန်ကျွံသောက်သုံးရင် ခန္တာကိုယ်တွင်းမှာ ဆိုဒီယမ်ဓာတ် ပမာဏ မြင့်မားလာတတ်ပြီး Hyponatremia ဆိုတဲ့ ဝေဒနာခံစားရနိုင်ပါတယ်။

ယုံတမ်း ၅ -ရေသောက်ခြင်း နဲ့ ခန္တာကိုယ် အပူချိန် မသက်ဆိုင်ဘူး

တစ်ချို့သော ယုံတမ်းစကားတွေကလည်း ရှိနေပါသေးတယ်။ အားကစားလုပ်နေချိန်မှာ ရေသောက်တာဟာ ခန္တာကိုယ်အပူချိန်အပေါ် သက်ရောက်မှုမရှိဘူးဆိုတာမျိုးပါ။ တကယ်တမ်းကတော့ ဒီအယူအဆဟာ မှားယွင်းပါတယ်။ အားကစားလုပ်နေချိန်မှာပဲဖြစ်ဖြစ် ဘယ်အချိန်မှာမဆို ရေသောက်ပေးတာဟာ ခန္တာကိုယ်အပူချိန်ကို လျှော့ချပေးနိုင်ပြီးတော့ ရေဓာတ်ဆုံးရှုံးမှုကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

ယုံတမ်း ၆ – အားကစားလုပ်နေချိန် ရေအေးသောက်လို့ မရဘူး

အားကစား လုပ်နေရင်းနဲ့ ရေသောက်ကြပြီဆိုပါစို့။ ဘယ်လို ရေအမျိုးအစားကို ပိုသောက်သင့်သလဲ၊ အေးတာလား၊ ပူတာလား၊ သာမန်အပူချိန်နဲ့ ရေမျိုးလား။

လူအများစုက အားကစားလုပ်နေချိန်မှာ ခပ်အေးအေးရေမျိုးကို သောက်ရတာ နှစ်သက်ကြပါတယ်။ ဒါပေမယ့် ဒီလိုရေအေးမျိုးကို သောက်ရင် ဗိုက်အောင့်တာတို့ ချွေးပိုထွက်တာတို့ ဖြစ်နိုင်တယ်ဆိုတဲ့ မှားယွင်းတဲ့ ယူဆချက်တွေကိုလည်း ယုံကြည်နေတတ်ကြပါတယ်။

တကယ်တမ်းမှာတော့ အားကစားလုပ်နေချိန် ရေအေးသောက်တာဟာ ဆိုးရွားတဲ့ အလေ့အထမဟုတ်ပါဘူး။ အေးမြတဲ့ရောဟာ ခန္တာကိုယ်ရဲ့ ကိုယ်တွင်း အပူချိန်ကို လျှော့ချပေးတာကြောင့် လေ့ကျင့်ခန်းကြာကြာလုပ်နိုင်ဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် လူတွေဟာ အားကစားပြုလုပ်ချိန်တွေမှာ သာမန်အချိန်တွေမှာထက် ၅၀% ပိုအေးတဲ့ ရေမျိုးကို သောက်ကြလေ့ရှိပါတယ်။

ယုံတမ်း ၇ – ရေသောက်ရုံနဲ့ ခန္တာကိုယ်အတွက် လိုအပ်သမျှကို ဖြည့်ဆည်းနိုင်တယ်

ရေသောက်ခြင်း ဟာ ကောင်းမွန်ပေမယ့် ခန္တာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်အားလုံးကို ဖြည့်ဆည်းမပေးနိုင်ပါဘူး။ ခန္တာကိုယ်မှာ မတူညီတဲ့လုပ်ဆောင်ချက်တွေနဲ့ မတူညီတဲ့ လိုအပ်ချက်တွေ ရှိနေတာကို သတိမူသင့်ပါတယ်။

ယုံတမ်း ၈ – ရေမဟုတ်တဲ့ အဖျော်ယမကာတွေကလည်း ရေဓာတ်ဆုံးရှုံးမှုကို တားဆီးပေးနိုင်တယ်

လေ့ကျင့်ခန်း ပုံမှန်မလုပ်တဲ့ လူတစ်ချို့က ရေများများသောက်စရာမလိုဘူး၊ diet coke ဒါမှမဟုတ် diet tea လောက် သောက်သုံးရင် ရေဓာတ်ဆုံးရှုံးမှုကို တားဆီးနိုင်တယ်လို့ ယူဆကြတယ်။ တကယ်တမ်း အဲ့ဒီအယူအဆက မှားယွင်းပါတယ်။ လူတွေက ချွေးအရမ်းထွက်မှ ရေဓာတ်လိုတယ်လို့ ယူဆတတ်ကြပါတယ်။ တကယ်တမ်းကတော့ နေ့စဉ် ရေကို လုံလောက်မျှတစွာသောက်ပေးဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်း လုပ်လုပ် မလုပ်လုပ်ပါ။

Leave a Reply