ရေးယက်စ်ရဲ့ သမိုင်းဝင်ပရီးမီးယားလိဂ် စံချိန်ကို ဝေးလော့ခ် လိုက်မှီပြီ

[UNICODE]

နယူးကာဆယ်အသင်းမှာ အငှားသွားရောက်ကစားနေတဲ့ အာဆင်နယ်လူငယ်ကွင်းလယ်လူ ဂျိုး ဝေးလော့ခ်ဟာ ရေးယက်စ်နောက်ပိုင်း ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံး ၅ ပွဲဆက် ဂိုးသွင်းယူသူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်တယ်လို့ ပရီးမီးယားလိဂ်က ကြေညာခဲ့ပါတယ်။

၂၀၀၄ ခုနှစ် စက်တင်ဘာလမှ အာဆင်နယ်တိုက်စစ်မှူး ဟိုဆေး အန်တိုနီယို ရေးယက်စ်က အဆိုပါစံချိန်ကို တင်ရှိခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ လူငယ်ကွင်းလယ်လူ ဝေးလော့ခ်က လီဗာပူးလ်နဲ့ပွဲစဉ်မှာ သွင်းဂိုး ၁ ဂိုးသွင်းယူပြီး အဆိုပါမှတ်တမ်းကို ၂၁ နှစ် ၂၆၇ ရက်နဲ့ အမှီလိုက်နိုင်ခဲ့တာပါ။

အင်္ဂလန် ယူ-၂၁ ကွင်းလယ်လူ ဝေးလော့ခ်ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်တုန်းကလည်း လက်စတာစီးတီး ၂-၄ နယူးကာဆယ်ပွဲစဉ်မှာ အဖွင့်သွင်းဂိုးကို သွင်းယူပြီး နယူးကာဆယ် ဂန္တဝင် အလန် ရှီးယားရား တင်ရှိထားတဲ့ နယူးကာဆယ် ကစားသမားဘဝ စစချင်း အဖွင့် ၁၁ ပွဲမှ ၅ ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းကို အမှီလိုက်နိုင်ခဲ့သူပါ။ ပိုမိုထားခြားတာကတော့ ဝေးလော့ခ်ဟာ အဆိုပါစံချိန်ကို အသက် ၂၁ နှစ်အရွယ်မှာတင် မှတ်တမ်းရေးထိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ပထမရာသီဝက်ကာလတုန်းက အာဆင်နယ်အသင်းမှာ ပွဲထွက်ခွင့်ရရှိဖို့ ရုံးကန်နေခဲ့ရတဲ့ ဝေးလော့ခ်ဟာ ဇန်နဝါရီလမှာ နယူးကာဆယ်အသင်းထံ ရာသီဝက်စာချုပ်နဲ့ အငှားသွားရောက်ကစားနေတာဖြစ်ပြီး မထင်မှတ်ထားလောက်အောင် ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေသူပါ။

နယူးကာဆယ် ဂန္တဝင်ဟောင်း အလန် ရှီးယားရားကတော့ အာဆင်နယ်အသင်းအနေနဲ့ ဝေးလော့ခ်ကို ရာသီကုန်ချိန်မှာ အသင်းထံပြန်လည်ခေါ်ယူပြီး သူနဲ့ထိုက်တန်တဲ့ အခွင့်အရေးမျိုး ပိုမိုပေးအပ်သင့်တယ်လို့ တိုက်တွန်းပြောဆိုထားပါတယ်။

လက်တလောမှာတော့ နယူးကာဆယ်အသင်းက ဝေးလော့ခ်ကို ပေါင် သန်း ၂၀ နဲ့ အပြီးသတ်ခေါ်ယူလိုနေပြီး အာဆင်နယ်ဘက်ကတော့ ရာသီကုန်ချိန်မှာ အသင်းထံပြန်လည်ခေါ်ယူမလား၊ ရောင်းထုတ်မလားဆိုတာကို စဉ်းစားနေဆဲဖြစ်ပါတယ်။

Source: Premier League

[ZAWGYI]

နယူးကာဆယ္အသင္းမွာ အငွားသြားေရာက္ကစားေနတဲ့ အာဆင္နယ္လူငယ္ကြင္းလယ္လူ ဂ်ိဳး ေဝးေလာ့ခ္ဟာ ေရးယက္စ္ေနာက္ပိုင္း ပရီးမီးယားလိဂ္ရဲ႕ အသက္အငယ္ဆံုး ၅ ပြဲဆက္ ဂိုးသြင္းယူသူအျဖစ္ မွတ္တမ္းဝင္သြားခဲ့ျပီျဖစ္တယ္လုိ႔ ပရီးမီးယားလိဂ္က ေၾကညာခဲ့ပါတယ္။

၂၀၀၄ ခုႏွစ္ စက္တင္ဘာလမွ အာဆင္နယ္တိုက္စစ္မွဴး ဟိုေဆး အန္တိုနီယို ေရးယက္စ္က အဆုိပါစံခ်ိန္ကို တင္ရွိခဲ့တာျဖစ္ျပီး ခုခ်ိန္မွာေတာ့ လူငယ္ကြင္းလယ္လူ ေဝးေလာ့ခ္က လီဗာပူးလ္နဲ႔ပြဲစဥ္မွာ သြင္းဂိုး ၁ ဂိုးသြင္းယူျပီး အဆုိပါမွတ္တမ္းကို ၂၁ ႏွစ္ ၂၆၇ ရက္နဲ႔ အမွီလိုက္ႏိုင္ခဲ့တာပါ။

အဂၤလန္ ယူ-၂၁ ကြင္းလယ္လူ ေဝးေလာ့ခ္ဟာ လြန္ခဲ့တဲ့ ရက္သတၱပတ္တုန္းကလည္း လက္စတာစီးတီး ၂-၄ နယူးကာဆယ္ပြဲစဥ္မွာ အဖြင့္သြင္းဂိုးကို သြင္းယူျပီး နယူးကာဆယ္ ဂႏၱဝင္ အလန္ ရွီးယားရား တင္ရွိထားတဲ့ နယူးကာဆယ္ ကစားသမားဘဝ စစခ်င္း အဖြင့္ ၁၁ ပြဲမွ ၅ ဂိုးသြင္းယူႏုိင္တဲ့ မွတ္တမ္းကို အမွီလုိက္ႏုိင္ခဲ့သူပါ။ ပိုမိုထားျခားတာကေတာ့ ေဝးေလာ့ခ္ဟာ အဆုိပါစံခ်ိန္ကို အသက္ ၂၁ ႏွစ္အရြယ္မွာတင္ မွတ္တမ္းေရးထိုးႏုိင္ခဲ့တာပဲျဖစ္ပါတယ္။

ပထမရာသီဝက္ကာလတုန္းက အာဆင္နယ္အသင္းမွာ ပြဲထြက္ခြင့္ရရွိဖို႔ ရံုးကန္ေနခဲ့ရတဲ့ ေဝးေလာ့ခ္ဟာ ဇန္နဝါရီလမွာ နယူးကာဆယ္အသင္းထံ ရာသီဝက္စာခ်ဳပ္နဲ႔ အငွားသြားေရာက္ကစားေနတာျဖစ္ျပီး မထင္မွတ္ထားေလာက္ေအာင္ ေျခစြမ္းေကာင္းေတြ ဆက္တုိက္ျပသေနသူပါ။

နယူးကာဆယ္ ဂႏၱဝင္ေဟာင္း အလန္ ရွီးယားရားကေတာ့ အာဆင္နယ္အသင္းအေနနဲ႔ ေဝးေလာ့ခ္ကို ရာသီကုန္ခ်ိန္မွာ အသင္းထံျပန္လည္ေခၚယူျပီး သူနဲ႔ထုိက္တန္တဲ့ အခြင့္အေရးမ်ိဳး ပိုမိုေပးအပ္သင့္တယ္လုိ႔ တုိက္တြန္းေျပာဆိုထားပါတယ္။

လက္တေလာမွာေတာ့ နယူးကာဆယ္အသင္းက ေဝးေလာ့ခ္ကို ေပါင္ သန္း ၂၀ နဲ႔ အျပီးသတ္ေခၚယူလိုေနျပီး အာဆင္နယ္ဘက္ကေတာ့ ရာသီကုန္ခ်ိန္မွာ အသင္းထံျပန္လည္ေခၚယူမလား၊ ေရာင္းထုတ္မလားဆိုတာကို စဥ္းစားေနဆဲျဖစ္ပါတယ္။

Source: Premier League

Leave a Reply