
[UNICODE]
အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာက ဘန်လေအသင်းကို အနိုင်ရလုနီးပါး လွှမ်းမိုးထားနိုင်ခဲ့ပြီးတော့မှ ရှာခါရဲ့ မဆင်မချင်အပြုအမူကြောင့် ထုတ်ပယ်ခံလိုက်ရပြီးတဲ့နောက် ၁၀ ယောက်ကျန်နဲ့ ရုံကန်ကစားခဲ့ရပြီး အရှုံးရလဒ်ပါ ရင်ဆိုင်သွားရတဲ့အပေါ်မှာ စိတ်ဆိုးဒေါသထွက်နေတယ်လို့ သတင်းတွေကဆိုပါတယ်။
အာဆင်နယ်အသင်းဟာ ဘန်လေအသင်းကို အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့ရာမှာ ဂိုးပေါက် ကန်သွင်းချက် ၁၅ ကြိမ်အထိ ရှိခဲ့ပြီး ဂိုးပေါက်တည့်ကန်ချက် ၈ ကြိမ်အထိ ရှိခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမား နစ် ပုပ် လက်စွမ်းပြသနေမှုနဲ့ အာဆင်နယ်တိုက်စစ်မှူးတွေရဲ့ အားနည်းချက်တွေကြောင့် သွင်းဂိုးတစ်ဂိုးမှ မရခဲ့ပါဘူး။

ပွဲချိန် ၅၈ မိနစ်မှာ ကွင်းလယ်လူ ဂရာနစ် ရှာခါက ပြိုင်ဘက်ကစားသမားကို လည်ပင်းညှစ်ခဲ့တာကြောင့် ထုတ်ပါယ်ခံခဲ့ရပြီး အာဆင်နယ်အသင်းလည်း ၁၀ ယောက်တည်းနဲ့ပြိုင်ဘက်ကို ခက်ခဲစွာရင်ဆိုင်ခဲ့ရသလို အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းရဲ့ OG ဂိုးကြောင့် အိမ်ကွင်းမှာ ရမှတ် ၃ မှတ်ကိုပါ လက်လွှတ်ခဲ့ရတာပါ။
နည်းပြဖြစ်သူ အာတီတာကတော့ ဘန်လေကစားသမား အက်ရှ်လေ ဝက်စ်ဝုဒ်ကို လည်ပင်းညှစ်ခဲ့တာကြောင့် ထုတ်ပါယ်ခံခဲ့ရတဲ့ ကွင်းလယ်လူ ဂရာနစ် ရှာခါရဲ့ အပြုအမူဟာ နားလည်လက်ခံပေးနိုင်စရာအကြောင်း လုံးဝမရှိတဲ့ ရူးမိုက်တဲ့အပြုအမူလို့ ဝေဖန်ပြောဆိုလိုက်သလို ရှာခါရဲ့ အပြုအမူဟာ နီကိုလပ် ပက်ပေ လိဒ်စ်နဲ့ပွဲစဉ်မှာ ပြုမူခဲ့တာထက် ပိုမိုဆိုးရွားတယ်လို့လည်း ဆိုသွားပါတယ်။

ဒါ့အပြင် အဆိုပါအနီကတ်ကြောင့် ဒါဏ်ရာရ ပွဲပါယ်ကစားသမားတွေများနေတာကြောင့် ပွဲပန်းနေတဲ့ အသင်းသားတွေဟာ လက်ကျန်ပွဲချိန်တွေမှာ ပိုပြီးပင်ပင်ပန်းပန်း ကစားခဲ့ကြရတယ်လို့လည်းဆိုသွားခဲ့ပြီး လာမယ့်ပွဲစဉ်တွေမှာပါ ကစားသမား ရွေးချယ်မှုအပိုင်း ပိုမိုခက်ခဲလာဖွယ်ရှိနေတယ်လို့ ဆိုခဲ့ပါသေးတယ်။
အာဆင်နယ်အသင်းဟာ လာမယ့်ဆောက်သမ်တန်နဲ့ပွဲစဉ်ကို ပွဲပယ်ပြစ်ဒါဏ်ကြောင့် နီကိုလပ် ပက်ပေ၊ ဂရာနစ် ရှာခါနဲ့ ဟက်တာ ဘယ်လာရင် (အဝါကတ် ၅ ကတ်ပြည့်) တို့လွဲချော်မှာဖြစ်သလို ဒါဏ်ရာပြဿနာတွေကြောင့် သောမတ် ပါတေး၊ ဒေးဗစ် လူးဝီးစ်နဲ့ ဂါဘရီယယ် မာတီနယ်လီ (ကြံ့ခိုင်မှုအခြေအနေ စောင့်ကြည့်နေရဆဲ) တို့ကို လက်လွှတ်ရဖွယ်ရှိနေပါတယ်။
Source: Guardian, Mail, Goal
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာက ဘန္ေလအသင္းကို အႏုိင္ရလုနီးပါး လႊမ္းမိုးထားႏုိင္ခဲ့ျပီးေတာ့မွ ရွာခါရဲ႕ မဆင္မခ်င္အျပဳအမူေၾကာင့္ ထုတ္ပယ္ခံလုိက္ရျပီးတဲ့ေနာက္ ၁၀ ေယာက္က်န္နဲ႔ ရံုကန္ကစားခဲ့ရျပီး အရံႈးရလဒ္ပါ ရင္ဆုိင္သြားရတဲ့အေပၚမွာ စိတ္ဆိုးေဒါသထြက္ေနတယ္လုိ႔ သတင္းေတြကဆိုပါတယ္။
အာဆင္နယ္အသင္းဟာ ဘန္ေလအသင္းကို အိမ္ကြင္းမွာ ရင္ဆုိင္ခဲ့ရာမွာ ဂိုးေပါက္ ကန္သြင္းခ်က္ ၁၅ ၾကိမ္အထိ ရွိခဲ့ျပီး ဂိုးေပါက္တည့္ကန္ခ်က္ ၈ ၾကိမ္အထိ ရွိခဲ့ေပမယ့္ ျပိဳင္ဘက္ဂိုးသမား နစ္ ပုပ္ လက္စြမ္းျပသေနမႈနဲ႔ အာဆင္နယ္တိုက္စစ္မွဴးေတြရဲ႕ အားနည္းခ်က္ေတြေၾကာင့္ သြင္းဂိုးတစ္ဂိုးမွ မရခဲ့ပါဘူး။

ပြဲခ်ိန္ ၅၈ မိနစ္မွာ ကြင္းလယ္လူ ဂရာနစ္ ရွာခါက ျပိဳင္ဘက္ကစားသမားကို လည္ပင္းညွစ္ခဲ့တာေၾကာင့္ ထုတ္ပါယ္ခံခဲ့ရျပီး အာဆင္နယ္အသင္းလည္း ၁၀ ေယာက္တည္းနဲ႔ျပိဳင္ဘက္ကို ခက္ခဲစြာရင္ဆိုင္ခဲ့ရသလို အသင္းေခါင္းေဆာင္ တုိက္စစ္မွဴး အူဘာမီယန္းရဲ႕ OG ဂိုးေၾကာင့္ အိမ္ကြင္းမွာ ရမွတ္ ၃ မွတ္ကိုပါ လက္လႊတ္ခဲ့ရတာပါ။
နည္းျပျဖစ္သူ အာတီတာကေတာ့ ဘန္ေလကစားသမား အက္ရွ္ေလ ဝက္စ္ဝုဒ္ကို လည္ပင္းညွစ္ခဲ့တာေၾကာင့္ ထုတ္ပါယ္ခံခဲ့ရတဲ့ ကြင္းလယ္လူ ဂရာနစ္ ရွာခါရဲ႕ အျပဳအမူဟာ နားလည္လက္ခံေပးႏုိင္စရာအေၾကာင္း လံုးဝမရွိတဲ့ ရူးမိုက္တဲ့အျပဳအမူလို႔ ေဝဖန္ေျပာဆိုလိုက္သလို ရွာခါရဲ႕ အျပဳအမူဟာ နီကိုလပ္ ပက္ေပ လိဒ္စ္နဲ႔ပြဲစဥ္မွာ ျပဳမူခဲ့တာထက္ ပိုမိုဆိုးရြားတယ္လုိ႔လည္း ဆိုသြားပါတယ္။

ဒါ့အျပင္ အဆုိပါအနီကတ္ေၾကာင့္ ဒါဏ္ရာရ ပြဲပါယ္ကစားသမားေတြမ်ားေနတာေၾကာင့္ ပြဲပန္းေနတဲ့ အသင္းသားေတြဟာ လက္က်န္ပြဲခ်ိန္ေတြမွာ ပိုျပီးပင္ပင္ပန္းပန္း ကစားခဲ့ၾကရတယ္လို႔လည္းဆုိသြားခဲ့ျပီး လာမယ့္ပြဲစဥ္ေတြမွာပါ ကစားသမား ေရြးခ်ယ္မႈအပိုင္း ပိုမိုခက္ခဲလာဖြယ္ရွိေနတယ္လုိ႔ ဆိုခဲ့ပါေသးတယ္။
အာဆင္နယ္အသင္းဟာ လာမယ့္ေဆာက္သမ္တန္နဲ႔ပြဲစဥ္ကို ပြဲပယ္ျပစ္ဒါဏ္ေၾကာင့္ နီကိုလပ္ ပက္ေပ၊ ဂရာနစ္ ရွာခါနဲ႔ ဟက္တာ ဘယ္လာရင္ (အဝါကတ္ ၅ ကတ္ျပည့္) တို႔လြဲေခ်ာ္မွာျဖစ္သလို ဒါဏ္ရာျပႆနာေတြေၾကာင့္ ေသာမတ္ ပါေတး၊ ေဒးဗစ္ လူးဝီးစ္နဲ႔ ဂါဘရီယယ္ မာတီနယ္လီ (ၾကံ့ခိုင္မႈအေျခအေန ေစာင့္ၾကည့္ေနရဆဲ) တို႔ကို လက္လႊတ္ရဖြယ္ရွိေနပါတယ္။
Source: Guardian, Mail, Goal