
[UNICODE]
အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာက သူတို့အသင်းရဲ့ နောက်ထပ် စိန်ခေါ်မှုက ရှုံးထွက်ဖလားနဲ့ အဆင့် ၄ ကို ကျေနပ်နေတဲ့အသင်းမျိုးအဆင့်ကနေ ရုံးထွက်ဖို့ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ၃ ကြိမ်ရယူခဲ့ပြီးတဲ့နောက်မှာ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေတွေနဲ့ စီမံခန့်ခွဲမှုအမှားတွေကြောင့် ရည်ရွယ်ချက်လည်းပျောက်ဆုံးလာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးကိုသာ ဦးတည်ကစားတဲ့အသင်းဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ အခြေအနေပိုမိုဆိုးရွားသွားခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်အတွက်ပါ ရုံးကန်ရတဲ့အထိ အခြေအနေဆိုးသွားခဲ့တာပါ။
ယမန်နှစ်ရာသီကမှ အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ နည်းပြအာတီတာကတော့ နည်းပြဘဝ အဖွင့်မှာ ဆုဖလား ၂ ခုနဲ့အတူ အဖွင့်လှခဲ့ပေမယ့် လက်ရှိရာသီမှာတော့ ပြဿနာပေါင်းမြောက်များစွာနဲ့အတူ အသင်းရဲ့ရလဒ်ပိုင်းဆိုင်းဆိုးရွားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူပါ။ လက်ရှိမှာ အခြေအနေတည်ငြိမ်နေပြီဖြစ်ပေမယ့် ရာသီကုန်မျှော်မှန်းချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရေး မျှော်လင့်ချက်ကတော့ အတန်ငယ်ဝေဝါးနေဆဲလို့ ဆိုရပါလိမ့်မယ်။

နည်းပြအာတီတာကတော့ သူတို့အသင်းဟာ ရလဒ်တည်ငြိမ်မှုမရှိတဲ့ အခြေအနေဆိုးကြီးကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပေမယ့် ရှေ့မှာနောက်ထပ် စိန်ခေါ်မှုတစ်ခုစောင့်နေတယ်လို့ ဆိုလိုက်ပါတယ်။ အဲ့ဒီစိန်ခေါ်မှုကတော့ အဆင့် ၄ ဝင်ခွင့်နဲ့ ရှုံးထွက်ဖလားရရေးကို အာရုံစိုက်တဲ့အသင်းဖြစ်နေတဲ့ အခြေအနေပဲလို့ သူကဆိုခဲ့ပါတယ်။
“ကျွန်တော်တို့ မနှစ်က ချယ်လ်ဆီးကို အနိုင်ယူနိုင်ခဲ့ချိန်မှာ ယုံကြည်မှု တော်တော်လေးတိုးလာခဲ့ပါတယ်။ အသင်းတိုင်းကို အနိုင်ယူနိုင်တယ်ဆိုတဲ့ အတွေးမျိုးပေါ့။ ကျွန်တော်တို့အသင်းက လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ ထိပ်တန်းအသင်းတွေနဲ့ရင်ဆိုင်တိုင်း တော်တော်လေး အခက်ကြုံခဲ့ပါတယ်။ ခုချိန်မှာ ဒီအခြေအနေကို အတိုင်းအတာတစ်ခုအထိ ပြောင်းလဲနိုင်ခဲ့တယ်ဆိုပါတော့။ ဒါက ခြေလှမ်းသစ် တစ်ခုပါ။ ၁၀ လလောက်သာ ဒီလို စွမ်းဆောင်ရည်မျိုးပြသနိုင်မယ်ဆိုရင် ကျွန်တော်တို့ ခြားနားတဲ့ဇာတ်လမ်းမျိုး (ပရီးမီးယားလိဂ်ဖလား ရယူတာမျိုး) ကို ဖန်တီးလာနိုင်မှာပါ” လို့ သူကဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် ဆောက်သမ်တန်နဲ့ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေက အာတီတာကို မေးခွန်းတစ်ခုမေးမြန်းခဲ့ပါတယ်။ ဒါကတော့ နည်းပြဟောင်း အာဆင်းလက်ထက်တုန်းကလို အဆင့် ၄ နေရာကို ဆုဖလားတစ်ခုလို မှတ်ယူနေမှာလားဆိုတာပါပဲ။
အာတီတာကတော့ အဲ့ဒီမေးခွန်းကို ခုလိုမျိုး ဖြေဆိုသွားခဲ့တာပါ။ “ကျွန်တော် ရွေးချယ်မှုလုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဆုဖလားတွေရော ချန်ပီယံလိဂ်ဝင်ခွင့်ကိုရော သဘောကျပါတယ်။ ကျွန်တော်က ပြိုင်ပွဲတိုင်းမှာ အောင်မြင်မှုရယူချင်တာပါ။ နောက်ထပ်ခြေလှမ်းက ချန်ပီယံလိဂ်ဝင်ခွင့်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် ရေရှည်အတွက်ဆိုရင်တော့ အာဆင်းပြောခဲ့ဖူးသလိုပါပဲ၊ အသင်းကို ပိုပြီးကြီးမားသန်စွမ်းအောင်လုပ်ပြီး ပြိုင်ပွဲတိုင်းကို စိန်ခေါ်နိုင်အောင် ပြင်ဆင်သွားမှာပါ။ လွန်ခဲ့တဲ့ ၃ နှစ်ထက်စာရင် ခုချိန်မှာ ရည်မှန်းချက်တွေနဲ့ ပိုပိုနီးစပ်နေပါပြီ” လို့ သူကဆိုသွားပါတယ်။
“ဒါပေမယ့် (အဆင့် ၄ ဝင်တာကို ဖလားရသလိုတော့) အောင်ပွဲခံမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ခုချိန်မှာ တကယ့် အမှန်တရားကို ရှုမြင်ထားပါတယ်။ အမှတ်ပေးချန်ပီယံနဲ့ အမှတ် ၃၅၊ ၄၀ ကွာနေတာမျိုးမဖြစ်အောင် ကြိုးပမ်းနေပါတယ်။ ပိုပြီးဖြစ်နိုင်ခြေရှိတဲ့ အလုပ်ကို စလုပ်ရမှာပါ။ တဖြည်းဖြည်းချင်း လိုချင်တဲ့ အနေအထား (ဆုဖလားကို သိမ်းပိုက်နိုင်တဲ့) အထိရောက်အောင် ကြိုးပမ်းသွားမှာပါ” လို့ အာတီတာက ပြောဆိုသွားခဲ့ပါတယ်။
Source: The Mirror, Football London, Goal
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာက သူတို႔အသင္းရဲ႕ ေနာက္ထပ္ စိန္ေခၚမႈက ရံႈးထြက္ဖလားနဲ႔ အဆင့္ ၄ ကို ေက်နပ္ေနတဲ့အသင္းမ်ိဳးအဆင့္ကေန ရံုးထြက္ဖို႔ျဖစ္တယ္လုိ႔ ထုတ္ေဖာ္ေျပာဆိုလုိက္ပါတယ္။
အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဖလားကို ၃ ၾကိမ္ရယူခဲ့ျပီးတဲ့ေနာက္မွာ အသင္းရဲ႕ ဘ႑ာေရးအေျခအေနေတြနဲ႔ စီမံခန္႔ခြဲမႈအမွားေတြေၾကာင့္ ရည္ရြယ္ခ်က္လည္းေပ်ာက္ဆံုးလာခဲ့ျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေရးကိုသာ ဦးတည္ကစားတဲ့အသင္းျဖစ္လာခဲ့ပါတယ္။ ေနာက္ပိုင္းႏွစ္ေတြမွာ အေျခအေနပိုမိုဆိုးရြားသြားခဲ့ျပီး ယူရိုပါလိဂ္ဝင္ခြင့္အတြက္ပါ ရံုးကန္ရတဲ့အထိ အေျခအေနဆိုးသြားခဲ့တာပါ။
ယမန္ႏွစ္ရာသီကမွ အသင္းကို စတင္ကိုင္တြယ္ခဲ့တဲ့ နည္းျပအာတီတာကေတာ့ နည္းျပဘဝ အဖြင့္မွာ ဆုဖလား ၂ ခုနဲ႔အတူ အဖြင့္လွခဲ့ေပမယ့္ လက္ရွိရာသီမွာေတာ့ ျပႆနာေပါင္းေျမာက္မ်ားစြာနဲ႔အတူ အသင္းရဲ႕ရလဒ္ပိုင္းဆုိင္းဆိုးရြားမႈေတြနဲ႔ ရင္ဆုိင္ခဲ့ရသူပါ။ လက္ရွိမွာ အေျခအေနတည္ျငိမ္ေနျပီျဖစ္ေပမယ့္ ရာသီကုန္ေမွ်ာ္မွန္းခ်က္ျဖစ္တဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ရေရး ေမွ်ာ္လင့္ခ်က္ကေတာ့ အတန္ငယ္ေဝဝါးေနဆဲလို႔ ဆိုရပါလိမ့္မယ္။

နည္းျပအာတီတာကေတာ့ သူတို႔အသင္းဟာ ရလဒ္တည္ျငိမ္မႈမရွိတဲ့ အေျခအေနဆိုးၾကီးကို ေက်ာ္ျဖတ္ႏိုင္ခဲ့ျပီျဖစ္ေပမယ့္ ေရွ႕မွာေနာက္ထပ္ စိန္ေခၚမႈတစ္ခုေစာင့္ေနတယ္လို႔ ဆိုလုိက္ပါတယ္။ အဲ့ဒီစိန္ေခၚမႈကေတာ့ အဆင့္ ၄ ဝင္ခြင့္နဲ႔ ရံႈးထြက္ဖလားရေရးကို အာရံုစိုက္တဲ့အသင္းျဖစ္ေနတဲ့ အေျခအေနပဲလို႔ သူကဆိုခဲ့ပါတယ္။
“ကၽြန္ေတာ္တို႔ မႏွစ္က ခ်ယ္လ္ဆီးကို အႏုိင္ယူႏိုင္ခဲ့ခ်ိန္မွာ ယံုၾကည္မႈ ေတာ္ေတာ္ေလးတိုးလာခဲ့ပါတယ္။ အသင္းတုိင္းကို အႏုိင္ယူႏုိင္တယ္ဆိုတဲ့ အေတြးမ်ိဳးေပါ့။ ကၽြန္ေတာ္တို႔အသင္းက လြန္ခဲ့တဲ့ ၅ ႏွစ္အတြင္းမွာ ထိပ္တန္းအသင္းေတြနဲ႔ရင္ဆုိင္တုိင္း ေတာ္ေတာ္ေလး အခက္ၾကံဳခဲ့ပါတယ္။ ခုခ်ိန္မွာ ဒီအေျခအေနကို အတုိင္းအတာတစ္ခုအထိ ေျပာင္းလဲႏုိင္ခဲ့တယ္ဆိုပါေတာ့။ ဒါက ေျခလွမ္းသစ္ တစ္ခုပါ။ ၁၀ လေလာက္သာ ဒီလို စြမ္းေဆာင္ရည္မ်ိဳးျပသႏုိင္မယ္ဆိုရင္ ကၽြန္ေတာ္တို႔ ျခားနားတဲ့ဇာတ္လမ္းမ်ိဳး (ပရီးမီးယားလိဂ္ဖလား ရယူတာမ်ိဳး) ကို ဖန္တီးလာႏုိင္မွာပါ” လို႔ သူကဆိုသြားခဲ့ပါတယ္။

ဒါ့အျပင္ ေဆာက္သမ္တန္နဲ႔ပြဲၾကိဳ သတင္းစာရွင္းလင္းပြဲမွာ မီဒီယာေတြက အာတီတာကို ေမးခြန္းတစ္ခုေမးျမန္းခဲ့ပါတယ္။ ဒါကေတာ့ နည္းျပေဟာင္း အာဆင္းလက္ထက္တုန္းကလို အဆင့္ ၄ ေနရာကို ဆုဖလားတစ္ခုလို မွတ္ယူေနမွာလားဆိုတာပါပဲ။
အာတီတာကေတာ့ အဲ့ဒီေမးခြန္းကို ခုလိုမ်ိဳး ေျဖဆိုသြားခဲ့တာပါ။ “ကၽြန္ေတာ္ ေရြးခ်ယ္မႈလုပ္မွာမဟုတ္ပါဘူး။ ကၽြန္ေတာ္ကေတာ့ ဆုဖလားေတြေရာ ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုေရာ သေဘာက်ပါတယ္။ ကၽြန္ေတာ္က ျပိဳင္ပြဲတုိင္းမွာ ေအာင္ျမင္မႈရယူခ်င္တာပါ။ ေနာက္ထပ္ေျခလွမ္းက ခ်န္ပီယံလိဂ္ဝင္ခြင့္ဆိုတာမွန္ပါတယ္။ ဒါေပမယ့္ ေရရွည္အတြက္ဆိုရင္ေတာ့ အာဆင္းေျပာခဲ့ဖူးသလိုပါပဲ၊ အသင္းကို ပိုျပီးၾကီးမားသန္စြမ္းေအာင္လုပ္ျပီး ျပိဳင္ပြဲတုိင္းကို စိန္ေခၚႏုိင္ေအာင္ ျပင္ဆင္သြားမွာပါ။ လြန္ခဲ့တဲ့ ၃ ႏွစ္ထက္စာရင္ ခုခ်ိန္မွာ ရည္မွန္းခ်က္ေတြနဲ႔ ပိုပိုနီးစပ္ေနပါျပီ” လို႔ သူကဆိုသြားပါတယ္။
“ဒါေပမယ့္ (အဆင့္ ၄ ဝင္တာကို ဖလားရသလိုေတာ့) ေအာင္ပြဲခံမွာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ခုခ်ိန္မွာ တကယ့္ အမွန္တရားကို ရႈျမင္ထားပါတယ္။ အမွတ္ေပးခ်န္ပီယံနဲ႔ အမွတ္ ၃၅၊ ၄၀ ကြာေနတာမ်ိဳးမျဖစ္ေအာင္ ၾကိဳးပမ္းေနပါတယ္။ ပိုျပီးျဖစ္ႏုိင္ေျခရွိတဲ့ အလုပ္ကို စလုပ္ရမွာပါ။ တျဖည္းျဖည္းခ်င္း လိုခ်င္တဲ့ အေနအထား (ဆုဖလားကို သိမ္းပိုက္ႏုိင္တဲ့) အထိေရာက္ေအာင္ ၾကိဳးပမ္းသြားမွာပါ” လို႔ အာတီတာက ေျပာဆိုသြားခဲ့ပါတယ္။
Source: The Mirror, Football London, Goal