
[UNICODE]
အာဆင်နယ်အသင်းက ပြင်သစ်လူမျိုးတိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို ရောင်းထုတ်ဖို့ စီစဉ်ပြီးတော့မှ စာချုပ်သစ်ချုပ်ဆိုဖို့ ပြန်လည်ကြိုးပမ်းလာတဲ့အကြောင်းအရင်းကို Express သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
Express ကတော့ ဂန်းနားတွေ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့တဲ့ ပြင်သစ်သားတိုက်စစ်မှူးအပေါ် ရှုမြင်ချက်ပြောင်းလဲသွားတာဟာ အသက် ၃၀ နှစ်အရွယ် တိုက်စစ်မှူးရဲ့ လက်ရှိရာသီ စွမ်းဆောင်ရည်အကဲဖြတ်ချက်တွေ ထွက်ပေါ်လာချိန်မှာဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့ စွမ်းဆောင်ရည် အကဲဖြတ်ချက်တွေအရ လာကာဇက်အနေနဲ့ လက်ရှိ ပရီးမီးယားလိဂ်ရာသီမှာ ပျမ်းမျှ ၁၄၈ မိနစ်ကစားတိုင်း သွင်းဂိုး ၁ ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားကြောင်း သိထားရပါတယ်။ ဒီစွမ်းဆောင်ရည်ဟာ ၂၀၂-၂၁ ရာသီ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင် ၁၀ ဦးထဲမှာ ဂိုးသွင်းဘုရင်ဖြစ်သွားတဲ့ ဟယ်ရီ ကိန်းနဲ့ ဒုတိယနေရာချိတ်ခဲ့တဲ့ မိုဟာမက် ဆာလာတို့ပြီးရင် အကောင်းဆုံး စွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် လာကာဇက်ရဲ့ အခွင့်အရေးကို ဂိုးအဖြစ်အသုံးချနိုင်စွမ်းကလည်း အတော်လေးမြင့်မားခဲ့ပါတယ်။ ပြင်သစ်သားရဲ့ Goal Conversion rate က ကန်ချက်စုစုပေါင်းရဲ့ ၃၃% ဖြစ်ပြီး သူ့ထက်သာလွန်တာဆိုလို့ ဂါရက်သ် ဘေးလ်နဲ့ အီဒင်ဆင် ကာဗာနီတို့သာ ရှိပါတော့တယ်။

၂၉ နှစ်အရွယ်ပြင်သစ်သားရဲ့ နောက်ထပ်မှတ်တမ်းကောင်းကတော့ ကန်ချက်စုစုပေါင်းရဲ့ ၇၃% ဂိုးပေါက်တည့်ခဲ့တာပါပဲ။ ပရီးမီးယားလိဂ်မှာ သူ့ထက်ပိုပြီး ဂိုပေါက်တည့်ကန်ချက်ရာခိုင်နှုန်းမြင့်တဲ့ကစားသမား မရှိတော့ပါဘူး။ အနီးစပ်ဆုံး ဒုတိယနေရာက ခရစ် ဝုဒ်တောင်မှ ၇၀% သာ ဂိုးပေါက်တည့်ခဲ့ပါတယ်။
လာမယ့် ၂၈ ရက်နေ့မှာ အသက် ၃၀ ပြည့်တော့မယ့် ပြင်သစ်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ဟာ အာဆင်နယ်အသင်းကို ၂၀၁၇ ခုနှစ်တုန်းက စတင်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ပြင်သစ်သားဟာ အာဆင်နယ်အသင်းအတွက် ပွဲပေါင်း ၁၇၀ ကစားပြီး ၆၅ ဂိုးသွင်းယူပေးထားပါတယ်။
Source: Express
[ZAWGYI]
အာဆင္နယ္အသင္းက ျပင္သစ္လူမ်ိဳးတုုိက္စစ္မွဴး အလက္ဇန္းဒါး လာကာဇက္ကို ေရာင္းထုတ္ဖို႔ စီစဥ္ျပီးေတာ့မွ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ျပန္လည္ၾကိဳးပမ္းလာတဲ့အေၾကာင္းအရင္းကို Express သတင္းဌာနက ေဖာ္ျပလိုက္ပါတယ္။
Express ကေတာ့ ဂန္းနားေတြ စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာက်န္ရွိေတာ့တဲ့ ျပင္သစ္သားတိုက္စစ္မွဴးအေပၚ ရႈျမင္ခ်က္ေျပာင္းလဲသြားတာဟာ အသက္ ၃၀ ႏွစ္အရြယ္ တုိက္စစ္မွဴးရဲ႕ လက္ရွိရာသီ စြမ္းေဆာင္ရည္အကဲျဖတ္ခ်က္ေတြ ထြက္ေပၚလာခ်ိန္မွာျဖစ္တယ္လုိ႔ ဆိုပါတယ္။

ေနာက္ဆံုးထြက္ေပၚလာတဲ့ စြမ္းေဆာင္ရည္ အကဲျဖတ္ခ်က္ေတြအရ လာကာဇက္အေနနဲ႔ လက္ရွိ ပရီးမီးယားလိဂ္ရာသီမွာ ပ်မ္းမွ် ၁၄၈ မိနစ္ကစားတုိင္း သြင္းဂိုး ၁ ဂိုးသြင္းယူႏိုင္တဲ့ မွတ္တမ္းကို ပိုင္ဆိုင္ထားေၾကာင္း သိထားရပါတယ္။ ဒီစြမ္းေဆာင္ရည္ဟာ ၂၀၂-၂၁ ရာသီ ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ ၁၀ ဦးထဲမွာ ဂိုးသြင္းဘုရင္ျဖစ္သြားတဲ့ ဟယ္ရီ ကိန္းနဲ႔ ဒုတိယေနရာခ်ိတ္ခဲ့တဲ့ မိုဟာမက္ ဆာလာတို႔ျပီးရင္ အေကာင္းဆံုး စြမ္းေဆာင္ရည္ျဖစ္ခဲ့ပါတယ္။
ဒါ့အျပင္ လာကာဇက္ရဲ႕ အခြင့္အေရးကို ဂိုးအျဖစ္အသံုးခ်ႏုိင္စြမ္းကလည္း အေတာ္ေလးျမင့္မားခဲ့ပါတယ္။ ျပင္သစ္သားရဲ႕ Goal Conversion rate က ကန္ခ်က္စုစုေပါင္းရဲ႕ ၃၃% ျဖစ္ျပီး သူ႔ထက္သာလြန္တာဆိုလို႔ ဂါရက္သ္ ေဘးလ္နဲ႔ အီဒင္ဆင္ ကာဗာနီတို႔သာ ရွိပါေတာ့တယ္။

၂၉ ႏွစ္အရြယ္ျပင္သစ္သားရဲ႕ ေနာက္ထပ္မွတ္တမ္းေကာင္းကေတာ့ ကန္ခ်က္စုစုေပါင္းရဲ႕ ၇၃% ဂိုးေပါက္တည့္ခဲ့တာပါပဲ။ ပရီးမီးယားလိဂ္မွာ သူ႔ထက္ပိုျပီး ဂိုေပါက္တည့္ကန္ခ်က္ရာခုိင္ႏႈန္းျမင့္တဲ့ကစားသမား မရွိေတာ့ပါဘူး။ အနီးစပ္ဆံုး ဒုတိယေနရာက ခရစ္ ဝုဒ္ေတာင္မွ ၇၀% သာ ဂိုးေပါက္တည့္ခဲ့ပါတယ္။
လာမယ့္ ၂၈ ရက္ေန႔မွာ အသက္ ၃၀ ျပည့္ေတာ့မယ့္ ျပင္သစ္တုိက္စစ္မွဴး အလက္ဇန္းဒါး လာကာဇက္ဟာ အာဆင္နယ္အသင္းကို ၂၀၁၇ ခုႏွစ္တုန္းက စတင္ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး ၂၀၂၂ ခုႏွစ္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္ပါတယ္။ ျပင္သစ္သားဟာ အာဆင္နယ္အသင္းအတြက္ ပြဲေပါင္း ၁၇၀ ကစားျပီး ၆၅ ဂိုးသြင္းယူေပးထားပါတယ္။
Source: Express