
[UNICODE]
Sky Sport သတင်းဌာနက ထိပ်တန်း သုံးသပ်သူ ပေါလ် မာဆင်က အာဆင်နယ်အသင်းမှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေတဲ့ ပြင်သစ်လူမျိုးတိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်အနေနဲ့ မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းအသင်းထံ ပြောင်းရွှေ့သင့်တယ်လို့ အံ့အားသင့်ဖွယ် တိုက်တွန်းပြောဆိုလိုက်ပါတယ်။
အာဆင်နယ် ဂန္တဝင်ဟောင်းဖြစ်တဲ့ ပေါလ် မာဆင်က လာကာဇက်အနေနဲ့ ဝက်စ်ဟမ်းအသင်းထံကို ပြောင်းရွှေ့ကစားမယ်ဆိုရင် ခြေစွမ်းကောင်းပြသနိုင်မှာဖြစ်ပြီး အံဝင်ခွင့်ကျရှိလိမ့်မယ်လို့ ဆိုလိုက်တာပါ။

“ခုချိန်မှာ သူ့ကို ခေါ်ယူချင်သူတွေများနေမယ်ထင်ပါတယ်။ တကယ်ကို အများကြီးရှိနေမှာပါ။ ဝက်စ်ဟမ်းကတော့ သူနဲ့ အံကိုက်ဖြစ်မယ့် အသင်းမျိုးပါ။ သူက အသင်းနဲ့ ကောင်းကောင်းတွဲဖက်ကစားနိုင်ပါတယ်။ ဝက်စ်ဟမ်းကလည်း တိုက်စစ်မှူးလိုအပ်နေပါတယ်။ သူနဲ့ အံကိုက်ပါပဲ” လို့ မာဆင်က ဆိုသွားခဲ့တာပါ။
၂၉ နှစ်အရွယ်တိုက်စစ်မှူး လာကာဇက်ဟာ လက်ရှိရာသီမှာ ပြိုင်ပွဲစုံ ၁၉ ပွဲပါဝင်ကစားထားပြီး ၉ ဂိုးသွင်းယူပြီး ၄ ဂိုးဖန်တီးပေးထားသူဖြစ်ကာ ယခုနှစ်ရာသီမှာ အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေသူဖြစ်ပါတယ်။

ဒါပေမယ့် တဖက်မှာလည်း ပြင်သစ်သားဟာ နည်းပြအာတီတာနဲ့ ဆက်ဆံရေး အမြဲတမ်းအဆင်ပြေမနေဘူးလို့ ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုထားသူဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်ခွဲသာကျန်ရှိတော့တဲ့သူ့ကို စာချုပ်သစ်ကိစ္စ ဆွေးနွေးတာမျိုး တာဝန်ရှိသူတွေဘက်ကလည်း ပြုလုပ်ခြင်းမရှိသေးပါဘူး။
၂၀၁၇ ခုနှစ် နွေရာသီတုန်းက ပြင်သစ်ကလပ် လိုင်ယွန်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၅၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အာလက်ဇန်းဒါး လာကာဇက်ဟာ အာဆင်နယ်အသင်းအတွက် ၁၄၅ ပွဲပါဝင်ကစားပေးထားပြီး ၅၇ ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။
Source: Sky Sports
[ZAWGYI]
Sky Sport သတင္းဌာနက ထိပ္တန္း သုံးသပ္သူ ေပါလ္ မာဆင္က အာဆင္နယ္အသင္းမွာ ေျခစြမ္းေကာင္းေတြ ဆက္တိုက္ျပသေနတဲ့ ျပင္သစ္လူမ်ိဳးတိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္အေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ ဝက္စ္ဟမ္းအသင္းထံ ေျပာင္းေ႐ႊ႕သင့္တယ္လို႔ အံ့အားသင့္ဖြယ္ တိုက္တြန္းေျပာဆိုလိုက္ပါတယ္။
အာဆင်နယ် ဂန္တဝင်ဟောင်းဖြစ်တဲ့ ပေါလ် မာဆင်က လာကာဇက်အနေနဲ့ ဝက်စ်ဟမ်းအသင်းထံကို ပြောင်းရွှေ့ကစားမယ်ဆိုရင် ခြေစွမ်းကောင်းပြသနိုင်မှာဖြစ်ပြီး အံဝင်ခွင့်ကျရှိလိမ့်မယ်လို့ ဆိုလိုက်တာပါ။

“ခုခ်ိန္မွာ သူ႔ကို ေခၚယူခ်င္သူေတြမ်ားေနမယ္ထင္ပါတယ္။ တကယ္ကို အမ်ားႀကီးရွိေနမွာပါ။ ဝက္စ္ဟမ္းကေတာ့ သူနဲ႔ အံကိုက္ျဖစ္မယ့္ အသင္းမ်ိဳးပါ။ သူက အသင္းနဲ႔ ေကာင္းေကာင္းတြဲဖက္ကစားႏိုင္ပါတယ္။ ဝက္စ္ဟမ္းကလည္း တိုက္စစ္မႉးလိုအပ္ေနပါတယ္။ သူနဲ႔ အံကိုက္ပါပဲ” လို႔ မာဆင္က ဆိုသြားခဲ့တာပါ။
၂၉ ႏွစ္အ႐ြယ္တိုက္စစ္မႉး လာကာဇက္ဟာ လက္ရွိရာသီမွာ ၿပိဳင္ပြဲစုံ ၁၉ ပြဲပါဝင္ကစားထားၿပီး ၉ ဂိုးသြင္းယူၿပီး ၄ ဂိုးဖန္တီးေပးထားသူျဖစ္ကာ ယခုႏွစ္ရာသီမွာ အသင္းရဲ႕ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္လည္း ရပ္တည္ေနသူျဖစ္ပါတယ္။

ဒါေပမယ့္ တဖက္မွာလည္း ျပင္သစ္သားဟာ နည္းျပအာတီတာနဲ႔ ဆက္ဆံေရး အၿမဲတမ္းအဆင္ေျပမေနဘူးလို႔ ပြင့္ပြင့္လင္းလင္းထုတ္ေဖာ္ေျပာဆိုထားသူျဖစ္ၿပီး အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁ ႏွစ္ခြဲသာက်န္ရွိေတာ့တဲ့သူ႔ကို စာခ်ဳပ္သစ္ကိစၥ ေဆြးေႏြးတာမ်ိဳး တာဝန္ရွိသူေတြဘက္ကလည္း ျပဳလုပ္ျခင္းမရွိေသးပါဘူး။
၂၀၁၇ ခုႏွစ္ ေႏြရာသီတုန္းက ျပင္သစ္ကလပ္ လိုင္ယြန္အသင္းကေန ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅၄ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ အာလက္ဇန္းဒါး လာကာဇက္ဟာ အာဆင္နယ္အသင္းအတြက္ ၁၄၅ ပြဲပါဝင္ကစားေပးထားၿပီး ၅၇ ဂိုးသြင္းယူေပးထားသူျဖစ္ပါတယ္။
Source: Sky Sports