
[UNICODE]
ဂန္တဝင်ဟောင်း ကီဗင် ကမ်းဘဲလ်ကတော့ အာဆင်နယ်အသင်းအနေနဲ့ လာကာဇက်ရဲ့ အနာဂတ်ကို စောလျင်စွာစီမံသင့်ပြီး ကာယကံရှင်ဘက်က စာချုပ်သစ်ချုပ်ဆိုဖို့ အချိန်ဆွဲနေမယ်ဆိုရင် ခုချိန်ကတည်းက ရောင်းထုတ်ပစ်လိုက်သင့်တယ်လို့ တိုက်တွန်းသွားပါတယ်။
မကြာသေးခင်ရက်ပိုင်းကမှ အသက် ၃၀ ပြည့်ထားတဲ့ ပြင်သစ်လူမျိုးတိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ဟာ လက်ရှိရာသီမှာ အသင်းအတွက် ၁၇ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပြီး အသင်းရဲ့ ယခုရာသီအတွက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ စာချုပ်သက်တမ်း ၁၂ လသာကျန်ရှိတော့တဲ့ လာကာဇက်ကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ စီစဉ်နေပေမယ့် လက်ရှိအချိန်အထိတော့ တိကျရေရာတဲ့ အဖြေမျိုးထွက်ပေါ်လာခြင်းမရှိသေးပါဘူး။
ဒါနဲ့ပတ်သက်ပြီး ကမ်းဘဲလ်က “ကျွန်တော့်အထင်တော့ သူ့အတွက် အာဆင်နယ်ဘက်က ကမ်းလှမ်းမယ့် စာချုပ်သက်တမ်းက ၁ နှစ်ပါ။ သူ လက်ခံမယ်ဆိုရင်တော့ ကောင်းတာပေါ့။ တကယ်လို့များ လက်မခံဘူးဆိုရင်တော့ မြန်မြန်သွက်သွက် ရောင်းထုတ်နိုင်ဖို့ လိုအပ်ပါတယ်။ တကယ်တမ်းခုချိန်မှာ သူက အူဘာမီယန်းထက်ပိုပြီး အသင်းအတွက် အရေးပါတဲ့ကစားသမားပါ။ သူ့ရဲ့ ချိတ်ဆက်ကစားနိုင်စွမ်းက စမစ်-ရိုး၊ ဆာကာ၊ မာတီနယ်လီတို့လို လူငယ်တွေကို တိုးတက်စေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ စာချုပ်ချုပ်ဆိုဖြစ်စေချင်ပါတယ်” လို့ Highbury Squad ကို ပြောဆိုခဲ့တာပါ။

သူ့အနေနဲ့ စာချုပ်သက်တမ်း ၁၂ လသာကျန်ရှိတော့တဲ့ လာကာဇက်တစ်ယောက် ရာသီကုန်ချိန်အထိ အသင်းမှာဆက်ရှိနေပြီး အလွတ်ထွက်ခွာသွားတာမျိုး မဖြစ်စေချင်သလို ရောင်းထုတ်ချိန်နောက်ကျတာကြောင့် အစားထိုးကစားသမား ရှာဖွေရခက်ခဲသွားတာမျိုးလည်း မဖြစ်စေချင်ဘူးလို့ ဆိုခဲ့ပါသေးတယ်။
တိုက်စစ်မှူး လာကာဇက်ဟာ ၂၀၁၇ ခုနှစ်မှာ လိုင်ယွန်အသင်းကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အမ်းမရိတ်မှာကစားခဲ့တဲ့ ၄ ရာသီမှာ ၁၉ ဂိုးထက် ပိုပြီး ကျော်လွန်အောင် သွင်းယူနိုင်တဲ့ရာသီ မရှိသေးပါဘူး။
Source: TBR, Football Insider
[ZAWGYI]
ဂႏၱဝင္ေဟာင္း ကီဗင္ ကမ္းဘဲလ္ကေတာ့ အာဆင္နယ္အသင္းအေနနဲ႔ လာကာဇက္ရဲ႕ အနာဂတ္ကို ေစာလ်င္စြာစီမံသင့္ျပီး ကာယကံရွင္ဘက္က စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အခ်ိန္ဆြဲေနမယ္ဆိုရင္ ခုခ်ိန္ကတည္းက ေရာင္းထုတ္ပစ္လုိက္သင့္တယ္လုိ႔ တုိက္တြန္းသြားပါတယ္။
မၾကာေသးခင္ရက္ပိုင္းကမွ အသက္ ၃၀ ျပည့္ထားတဲ့ ျပင္သစ္လူမ်ိဳးတိုက္စစ္မွဴး အလက္ဇန္းဒါး လာကာဇက္ဟာ လက္ရွိရာသီမွာ အသင္းအတြက္ ၁၇ ဂိုးအထိသြင္းယူေပးႏုိင္ခဲ့ျပီး အသင္းရဲ႕ ယခုရာသီအတြက္ ဂိုးသြင္းအမ်ားဆံုးကစားသမားျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ စာခ်ဳပ္သက္တမ္း ၁၂ လသာက်န္ရွိေတာ့တဲ့ လာကာဇက္ကို စာခ်ဳပ္သက္တမ္းတိုးျမွင့္ဖို႔ စီစဥ္ေနေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ တိက်ေရရာတဲ့ အေျဖမ်ိဳးထြက္ေပၚလာျခင္းမရွိေသးပါဘူး။
ဒါနဲ႔ပတ္သက္ျပီး ကမ္းဘဲလ္က “ကၽြန္ေတာ့္အထင္ေတာ့ သူ႔အတြက္ အာဆင္နယ္ဘက္က ကမ္းလွမ္းမယ့္ စာခ်ဳပ္သက္တမ္းက ၁ ႏွစ္ပါ။ သူ လက္ခံမယ္ဆိုရင္ေတာ့ ေကာင္းတာေပါ့။ တကယ္လို႔မ်ား လက္မခံဘူးဆိုရင္ေတာ့ ျမန္ျမန္သြက္သြက္ ေရာင္းထုတ္ႏုိင္ဖို႔ လိုအပ္ပါတယ္။ တကယ္တမ္းခုခ်ိန္မွာ သူက အူဘာမီယန္းထက္ပိုျပီး အသင္းအတြက္ အေရးပါတဲ့ကစားသမားပါ။ သူ႔ရဲ႕ ခ်ိတ္ဆက္ကစားႏဳိင္စြမ္းက စမစ္-ရိုး၊ ဆာကာ၊ မာတီနယ္လီတို႔လို လူငယ္ေတြကို တုိးတက္ေစပါတယ္။ ျဖစ္ႏုိင္မယ္ဆိုရင္ေတာ့ စာခ်ဳပ္ခ်ဳပ္ဆိုျဖစ္ေစခ်င္ပါတယ္” လို႔ Highbury Squad ကို ေျပာဆိုခဲ့တာပါ။

သူ႔အေနနဲ႔ စာခ်ဳပ္သက္တမ္း ၁၂ လသာက်န္ရွိေတာ့တဲ့ လာကာဇက္တစ္ေယာက္ ရာသီကုန္ခ်ိန္အထိ အသင္းမွာဆက္ရွိေနျပီး အလြတ္ထြက္ခြာသြားတာမ်ိဳး မျဖစ္ေစခ်င္သလို ေရာင္းထုတ္ခ်ိန္ေနာက္က်တာေၾကာင့္ အစားထိုးကစားသမား ရွာေဖြရခက္ခဲသြားတာမ်ိဳးလည္း မျဖစ္ေစခ်င္ဘူးလို႔ ဆိုခဲ့ပါေသးတယ္။
တိုက္စစ္မွဴး လာကာဇက္ဟာ ၂၀၁၇ ခုႏွစ္မွာ လိုင္ယြန္အသင္းကေန အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕ေၾကး ေပါင္ ၄၅ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး အမ္းမရိတ္မွာကစားခဲ့တဲ့ ၄ ရာသီမွာ ၁၉ ဂိုးထက္ ပိုျပီး ေက်ာ္လြန္ေအာင္ သြင္းယူႏိုင္တဲ့ရာသီ မရွိေသးပါဘူး။
Source: TBR, Football Insider