
[UNICODE]
အာဆင်နယ်အသင်းဟာ အသင်းကနေ ထါက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ ပြင်သစ်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ရဲ့နေရာကို ဘရာဇီးလ် လူငယ်ကြယ်ပွင့် ဂါဘရီယယ် မာတီနယ်လီနဲ့ အစားထိုးဖို့ စီစဉ်နေတယ်လို့ Football Insider က ကီဗင် ကမ်းဘဲလ်က ဆိုလိုက်ပါတယ်။
အာဆင်နယ် ဂန္တဝင်တိုက်စစ်မှူးဟောင်း ကမ်းဘဲလ်က နည်းပြအာတီတာတစ်ယောက် မာတီနယ်လီကို အထောင်တိုက်စစ်နေရာအတွက် သီးခြားလေ့ကျင့်ပေးနေတာဟာ အဆိုပါရည်ရွယ်ချက်အတွက်ဖြစ်ပြီး လာကာဇက်ကို စွန့်လွှတ်ဖို့လည်း သေချာသွားပြီဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။

စပိန်လူမျိုးနည်းပြ အာတီတာက မာတီနယ်လီအနေနဲ့ ပွဲကစားခွင့် အခွင့်အရေး လုံလုံလောက်လောက်ရတော့မှာဖြစ်ပြီး အချိန်အနည်းငယ်သာ သည်းခံစောင့်ဆိုင်းပေးဖို့ တောင်းဆိုထားတာဟာ ပြင်သစ်တိုက်စစ်မှူးရဲ့နေရာမှ အစားထိုးတော့မယ်ဆိုတာကို သက်သေပြနေတဲ့ ပြောဆိုချက်ဖြစ်တယ်လို့လည်း ကမ်းဘဲလ်က သုံးသပ်ခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လာကာဇက်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်ကျော်သာ ကျန်ရှိတော့သူဖြစ်ပြီး ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့အတွက် အသင်းသစ်ရှာဖွေနေတယ်လို့ သတင်းကြီးနေသူပါ။ ပြီးခဲ့တဲ့ရာသီတွေမှာ ခြေစွမ်းပြသနိုင်ဖို့ ရုံးကန်ခဲ့ရပေမယ့် လက်ရှိရာသီမှာတော့ ပြိုင်ပွဲစုံမှာ ၁၂ ဂိုးသွင်း ၂ ဂိုးဖန်တီးကာ ခြေစွမ်းပြသနေသူပါ။

လူငယ်တိုက်စစ်မှူး ဂါဘရီယယ် မာတီနယ်လီဟာ ပြီးခဲ့တဲ့ရာသီအစတုန်းက ဘရာဇီးလ်ကလပ် အီတူယာနိုအသင်းကနေ ပေါင် ၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဇွန်လတုန်းက ဒူးဒါဏ်ရာရခဲ့တာကြောင့် ကာလရှည်အနားယူခဲ့ရပါတယ်။
လက်ရှိမှာတော့ ဒါဏ်ရာက ပြန်လည်သက်သာလာပြီဖြစ်ပေမယ့် ပွဲကစားခွင့်နည်းပါးနေပြီး နေရာသစ်ဖြစ်တဲ့ အထောင်တိုက်စစ်မှူးနေရာမှာ ပြောင်းရွှေ့ကစားဖို့အတွက် အထူးကျပ်မတ်လေ့ကျင့်မှုတွေ ပြုလုပ်နေရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Source: Football Insider, HITC
[ZAWGYI]
အာဆင္နယ္အသင္းဟာ အသင္းကေန ထါက္ခြာေတာ့မယ္လို႔ သတင္းႀကီးေနတဲ့ ျပင္သစ္တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ရဲ႕ေနရာကို ဘရာဇီးလ္ လူငယ္ၾကယ္ပြင့္ ဂါဘရီယယ္ မာတီနယ္လီနဲ႔ အစားထိုးဖို႔ စီစဥ္ေနတယ္လို႔ Football Insider က ကီဗင္ ကမ္းဘဲလ္က ဆိုလိုက္ပါတယ္။
အာဆင္နယ္ ဂႏၲဝင္တိုက္စစ္မႉးေဟာင္း ကမ္းဘဲလ္က နည္းျပအာတီတာတစ္ေယာက္ မာတီနယ္လီကို အေထာင္တိုက္စစ္ေနရာအတြက္ သီးျခားေလ့က်င့္ေပးေနတာဟာ အဆိုပါရည္႐ြယ္ခ်က္အတြက္ျဖစ္ၿပီး လာကာဇက္ကို စြန႔္လႊတ္ဖို႔လည္း ေသခ်ာသြားၿပီျဖစ္တယ္လို႔ ဆိုသြားခဲ့ပါတယ္။

စပိန္လူမ်ိဳးနည္းျပ အာတီတာက မာတီနယ္လီအေနနဲ႔ ပြဲကစားခြင့္ အခြင့္အေရး လုံလုံေလာက္ေလာက္ရေတာ့မွာျဖစ္ၿပီး အခ်ိန္အနည္းငယ္သာ သည္းခံေစာင့္ဆိုင္းေပးဖို႔ ေတာင္းဆိုထားတာဟာ ျပင္သစ္တိုက္စစ္မႉးရဲ႕ေနရာမွ အစားထိုးေတာ့မယ္ဆိုတာကို သက္ေသျပေနတဲ့ ေျပာဆိုခ်က္ျဖစ္တယ္လို႔လည္း ကမ္းဘဲလ္က သုံးသပ္ခဲ့ပါတယ္။
အသက္ ၂၉ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ လာကာဇက္ဟာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁ ႏွစ္ေက်ာ္သာ က်န္ရွိေတာ့သူျဖစ္ၿပီး ရာသီကုန္မွာ အသင္းကေန ထြက္ခြာဖို႔အတြက္ အသင္းသစ္ရွာေဖြေနတယ္လို႔ သတင္းႀကီးေနသူပါ။ ၿပီးခဲ့တဲ့ရာသီေတြမွာ ေျခစြမ္းျပသႏိုင္ဖို႔ ႐ုံးကန္ခဲ့ရေပမယ့္ လက္ရွိရာသီမွာေတာ့ ၿပိဳင္ပြဲစုံမွာ ၁၂ ဂိုးသြင္း ၂ ဂိုးဖန္တီးကာ ေျခစြမ္းျပသေနသူပါ။

လူငယ္တိုက္စစ္မႉး ဂါဘရီယယ္ မာတီနယ္လီဟာ ၿပီးခဲ့တဲ့ရာသီအစတုန္းက ဘရာဇီးလ္ကလပ္ အီတူယာႏိုအသင္းကေန ေပါင္ ၆ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး အသင္းမွာ ေျခစြမ္းေကာင္းေတြ ျပသႏိုင္ခဲ့ေပမယ့္ ဇြန္လတုန္းက ဒူးဒါဏ္ရာရခဲ့တာေၾကာင့္ ကာလရွည္အနားယူခဲ့ရပါတယ္။
လက္ရွိမွာေတာ့ ဒါဏ္ရာက ျပန္လည္သက္သာလာၿပီျဖစ္ေပမယ့္ ပြဲကစားခြင့္နည္းပါးေနၿပီး ေနရာသစ္ျဖစ္တဲ့ အေထာင္တိုက္စစ္မႉးေနရာမွာ ေျပာင္းေ႐ႊ႕ကစားဖို႔အတြက္ အထူးက်ပ္မတ္ေလ့က်င့္မႈေတြ ျပဳလုပ္ေနရတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။
Source: Football Insider, HITC