လာလီဂါထိပ်သီးနှစ်သင်း အားပြိုင်လာတဲ့ လာကာဇက်လုပွဲ

[UNICODE]

အာဆင်နယ်အသင်းက တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို ခေါ်ယူဖို့ စပိန်လာလီဂါရဲ့ ထိပ်သီးအသင်းကြီး ၂ သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတွေက အပြိုင်မျက်စိကျနေကြတယ်လို့ talkSPORT သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းဟာ မကြာသေးခင်ကမှ လမ်းခွဲထားတဲ့ ဒီယေဂို ကော်စတာရဲ့နေရာကို အစားထိုးဖို့ သူတို့ရဲ့ ကာလရှည်ပစ်မှတ် လာကာဇက်ကို ခေါ်ယူချင်နေတာဖြစ်ပြီး မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းကလည်း အရွယ်ထောက်လာပြီဖြစ်တဲ့ ဘန်ဇီမာရဲ့နေရာကို အစားထိုးဖို့ ပစ်မှတ်ထားလာတာပါ။

၂၉ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ၂၀၁၇ ခုနှစ်တုန်းက လိုင်ယွန်အသင်းကနေ ပေါင် ၄၆.၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့သူ လာကာဇက်ဟာ လက်ရှိရာသီမှာ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြသနေသူဖြစ်ပြီး နောက်ဆုံးကစားထားတဲ့ ပွဲစဉ် ၆ ပွဲမှာ ၅ ဂိုးသွင်းယူကာ ၁ ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြင်သစ်တိုက်စစ်မှူးဟာ အသင်းရဲ့နည်းပြဖြစ်သူ မီခယ် အာတီတာနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင်ကလည်း နည်းပြနဲ့ အမြဲတမ်းအဆင်ပြေမနေဘူးလို့ RMC Sport နဲ့ အင်တာဗျူးမှာ ထုတ်ဖော်ဝန်ခံထားသူပါ။

လက်ရှိမှာ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့တဲ့ လာကာဇက်ဟာ အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို မရရှိသေးသလို အာဆင်န်ယအသင်းအနေနဲ့ ရာသီကုန်မှာ လာကာဇက်ကို ရောင်းထုတ်ပြီး အော့ဒ်ဆွန်နီ အီဒူယာ့ဒ်နဲ့ အစားထိုးတော့မယ်ဆိုတဲ့ သတင်းတွေကလည်း ပိုမိုကျယ်ပြန့်လာနေပါတယ်။

စပိန်သတင်းစာ AS ကတော့ အက်သလက်တီကိုနဲ့ ရီးရဲလ်တို့ဟာ လာကာဇက်နဲ့ အာဆင်နယ်အသင်းတို့အကြားက အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး လာမယ့်ရာသီကုန်မှာ ခေါ်ယူဖို့တွက် တရားဝင်ချဉ်းကပ်သွားတေ့မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Source: talkSPORT

[ZAWGYI]

အာဆင္နယ္အသင္းက တုိက္စစ္မွဴး အလက္ဇန္းဒါး လာကာဇက္ကို ေခၚယူဖို႔ စပိန္လာလီဂါရဲ႕ ထိပ္သီးအသင္းၾကီး ၂ သင္းျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ အက္သလက္တီကို မက္ဒရစ္အသင္းေတြက အျပိဳင္မ်က္စိက်ေနၾကတယ္လို႔ talkSPORT သတင္းဌာနက ေဖာ္ျပလိုက္ပါတယ္။

အက္သလက္တီကို မက္ဒရစ္အသင္းဟာ မၾကာေသးခင္ကမွ လမ္းခြဲထားတဲ့ ဒီေယဂို ေကာ္စတာရဲ႕ေနရာကို အစားထိုးဖို႔ သူတို႔ရဲ႕ ကာလရွည္ပစ္မွတ္ လာကာဇက္ကို ေခၚယူခ်င္ေနတာျဖစ္ျပီး ျမိဳ႕ခံျပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္အသင္းကလည္း အရြယ္ေထာက္လာျပီျဖစ္တဲ့ ဘန္ဇီမာရဲ႕ေနရာကို အစားထိုးဖို႔ ပစ္မွတ္ထားလာတာပါ။

၂၉ ႏွစ္အရြယ္ရွိေနျပီျဖစ္ျပီး ၂၀၁၇ ခုႏွစ္တုန္းက လိုင္ယြန္အသင္းကေန ေပါင္ ၄၆.၅ သန္းနဲ႔ေျပာင္းေရႊ႕လာခဲ့သူ လာကာဇက္ဟာ လက္ရွိရာသီမွာ အာဆင္နယ္အသင္းအတြက္ ေျခစြမ္းျပသေနသူျဖစ္ျပီး ေနာက္ဆံုးကစားထားတဲ့ ပြဲစဥ္ ၆ ပြဲမွာ ၅ ဂိုးသြင္းယူကာ ၁ ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။

ဒါေပမယ့္လည္း ျပင္သစ္တုိက္စစ္မွဴးဟာ အသင္းရဲ႕နည္းျပျဖစ္သူ မီခယ္ အာတီတာနဲ႔ ဆက္ဆံေရး အဆင္မေျပျဖစ္ေနတယ္လုိ႔ သတင္းေတြ ထြက္ေပၚေနသူျဖစ္ျပီး ကာယကံရွင္ကိုယ္တုိင္ကလည္း နည္းျပနဲ႔ အျမဲတမ္းအဆင္ေျပမေနဘူးလို႔ RMC Sport နဲ႔ အင္တာဗ်ဴးမွာ ထုတ္ေဖာ္ဝန္ခံထားသူပါ။

လက္ရွိမွာ စာခ်ဳပ္သက္တမ္း ၁၈ လသာ က်န္ရွိေတာ့တဲ့ လာကာဇက္ဟာ အသင္းရဲ႕ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို မရရွိေသးသလို အာဆင္န္ယအသင္းအေနနဲ႔ ရာသီကုန္မွာ လာကာဇက္ကို ေရာင္းထုတ္ျပီး ေအာ့ဒ္ဆြန္နီ အီဒူယာ့ဒ္နဲ႔ အစားထုိးေတာ့မယ္ဆိုတဲ့ သတင္းေတြကလည္း ပိုမုိက်ယ္ျပန္႔လာေနပါတယ္။

စပိန္သတင္းစာ AS ကေတာ့ အက္သလက္တီကိုနဲ႔ ရီးရဲလ္တို႔ဟာ လာကာဇက္နဲ႔ အာဆင္နယ္အသင္းတို႔အၾကားက အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနျပီး လာမယ့္ရာသီကုန္မွာ ေခၚယူဖို႔တြက္ တရားဝင္ခ်ဥ္းကပ္သြားေတ့မွာျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

Source: talkSPORT

Leave a Reply