လိဒ်စ်ကို အနိုင်မရခဲ့လို့ ဒေါသထွက်နေတဲ့ ဘယ်လာရင်

[UNICODE]

အာဆင်နယ်အသင်းဟာ ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ လိဒ်စ်ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ ပွဲချိန်တစ်ဝက်လောက် တစ်ယောက်လျော့နဲ့ကစားခဲ့ရပြီး ပွဲပြီးဆုံးချိန်မှာ သရေတစ်မှတ်သာရယူနိုင်ခဲ့ပါတယ်။

ကျွမ်းကျင်သူတွေက မိနစ် ၅၀ စွန်းစွန်းမှာ နီကိုလပ် ပက်ပေတစ်ယောက် ထုတ်ပယ်ခံခဲ့ရတဲ့ အဆိုပါအခြေအနေမှာ အာဆင်နယ်အသင်းအနေနဲ့ သရေတစ်မှတ်ရယူနိုင်ခဲ့တာကို ကျေနပ်သင့်တယ်လို့ ဆိုနေကြပေမယ့် ခံစစ်မှူး ဟက်တာ ဘယ်လာရင်ကတော့ ယင်းရလဒ်ကို ကျေနပ်ခြင်းမရှိကြောင်း ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

“ခံစားချက်က မရှင်းလင်းဘူးလို့ အမှန်အတိုင်း ဝန်ခံရမှာပဲ။ ဘောလုံးသမားတစ်ယောက်အနေနဲ့ ‘သရေတစ်မှတ်ရတာ တော်သေးတယ်’ လို့ ကျွန်တော် မတွေးနိုင်ပါဘူး။ ၁၀ ယောက်ကျန်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ပါဘူး။ ဒါက အကြောင်းပြချက်မဟုတ်ပါဘူး။ ဘယ်လိုအခြေအနေမျိုးမှာမဆို အနိုင်ရဖို့ အလိုရှိပါတယ်။ ပွဲပြီးဆုံးချိန်မှာ ရလဒ်ဘယ်လောက်ကျဉ်းကျဉ်း နိုင်သွားတာမျိုးပဲ လိုချင်ပါတယ်” လို့ ဘယ်လာရင်ကဆိုခဲ့ပါတယ်။

ဘယ်လာရင်ကတော့ သူတို့အသင်း အနိုင်မရခဲ့တာဟာ တစ်ယောက်လျော့သွားတာကြောင့်မဟုတ်ပဲ တစ်ဥိးချင်းရင်ဆိုင်တွေတဲ့ အခွင့်အရေးတွေနဲ့ တည်ကန်ဘောတွေကို အသုံးမချနိုင်ခဲ့တာကြောင့်သာဖြစ်တယ်လို့လည်း ဆိုခဲ့ပါသေးတယ်။

“ဘောလုံးသမားတစ်ယောက်ရဲ့ လောဘပဲဆိုဆို၊ ၁၀ ယောက်ကျန်ချိန်မှာတောင်မှ ကျွန်တော် အနိုင်ရလဒ်ကို အလိုရှိခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်နိုင်ခြေရှိတယ်လို့လည်း ခံစားခဲ့ရပါတယ်။ ၁၀ ယောက်ကျန်နေတာမို့ တိုက်စစ်မကစားတော့ဘူးဆိုတဲ့ အယူအဆမျိုးကို ကျွန်တော် မနှစ်သက်ပါဘူး။ လူတစ်ယောက် လျော့ခြင်းမလျော့ခြင်းက အနိုင်ရလဒ်ကို ရှောင်လွှဲသွားဖို့ အကြောင်းပြချက်ကောင်းမဟုတ်ပါဘူး” လို့လည်း စပိန်ညာနောက်ခံလူက ပြောဆိုသွားခဲ့ပါသေးတယ်။

ဟက်တာ ဘယ်လာရင်ဟာ အဆိုပါပွဲစဉ်ရဲ့ ခြေစွမ်းကောင်းပြသနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ခံစစ်မှူး ဂါဘရီယယ်နဲ့အတူ လိဒ်စ်-အာဆင်နယ်ပွဲစဉ်ရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးထုတ်ပြနိုင်ခဲ့တဲ့ ခံစစ်ကစားသမားတွေအဖြစ် ပရီးမီးယားလိဂ်ရဲ့ သုံးသပ်ချက်မှာ သတ်မှတ်ခဲ့ခဲ့ရပါတယ်။

Source: Arsenal

[ZAWGYI]

အာဆင္နယ္အသင္းဟာ ယခုတစ္ပတ္ ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ လိဒ္စ္ယူႏုိက္တက္အသင္းကို အေဝးကြင္းမွာ ပြဲခ်ိန္တစ္ဝက္ေလာက္ တစ္ေယာက္ေလ်ာ့နဲ႔ကစားခဲ့ရျပီး ပြဲျပီးဆံုးခ်ိန္မွာ သေရတစ္မွတ္သာရယူႏိုင္ခဲ့ပါတယ္။

ကၽြမ္းက်င္သူေတြက မိနစ္ ၅၀ စြန္းစြန္းမွာ နီကိုလပ္ ပက္ေပတစ္ေယာက္ ထုတ္ပယ္ခံခဲ့ရတဲ့ အဆုိပါအေျခအေနမွာ အာဆင္နယ္အသင္းအေနနဲ႔ သေရတစ္မွတ္ရယူႏုိင္ခဲ့တာကို ေက်နပ္သင့္တယ္လို႔ ဆိုေနၾကေပမယ့္ ခံစစ္မွဴး ဟက္တာ ဘယ္လာရင္ကေတာ့ ယင္းရလဒ္ကို ေက်နပ္ျခင္းမရွိေၾကာင္း ဖြင့္ဟေျပာဆိုလာခဲ့ပါတယ္။

“ခံစားခ်က္က မရွင္းလင္းဘူးလို႔ အမွန္အတုိင္း ဝန္ခံရမွာပဲ။ ေဘာလံုးသမားတစ္ေယာက္အေနနဲ႔ ‘သေရတစ္မွတ္ရတာ ေတာ္ေသးတယ္’ လို႔ ကၽြန္ေတာ္ မေတြးႏိုင္ပါဘူး။ ၁၀ ေယာက္က်န္တာပဲျဖစ္ျဖစ္ ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ္ ဂရုမစိုက္ပါဘူး။ ဒါက အေၾကာင္းျပခ်က္မဟုတ္ပါဘူး။ ဘယ္္လိုအေျခအေနမ်ိဳးမွာမဆို အႏုိင္ရဖို႔ အလိုရွိပါတယ္။ ပြဲျပီးဆံုးခ်ိန္မွာ ရလဒ္ဘယ္ေလာက္က်ဥ္းက်ဥ္း ႏုိင္သြားတာမ်ိဳးပဲ လိုခ်င္ပါတယ္” လို႔ ဘယ္လာရင္ကဆိုခဲ့ပါတယ္။

ဘယ္လာရင္ကေတာ့ သူတို႔အသင္း အႏုိင္မရခဲ့တာဟာ တစ္ေယာက္ေလ်ာ့သြားတာေၾကာင့္မဟုတ္ပဲ တစ္ဥိးခ်င္းရင္ဆုိင္ေတြတဲ့ အခြင့္အေရးေတြနဲ႔ တည္ကန္ေဘာေတြကို အသံုးမခ်ႏုိင္ခဲ့တာေၾကာင့္သာျဖစ္တယ္လုိ႔လည္း ဆိုခဲ့ပါေသးတယ္။

“ေဘာလံုးသမားတစ္ေယာက္ရဲ႕ ေလာဘပဲဆိုဆုိ၊ ၁၀ ေယာက္က်န္ခ်ိန္မွာေတာင္မွ ကၽြန္ေတာ္ အႏုိင္ရလဒ္ကို အလိုရွိခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ႏုိင္ႏုိင္ေျခရွိတယ္လုိ႔လည္း ခံစားခဲ့ရပါတယ္။ ၁၀ ေယာက္က်န္ေနတာမို႔ တိုက္စစ္မကစားေတာ့ဘူးဆိုတဲ့ အယူအဆမ်ိဳးကို ကၽြန္ေတာ္ မႏွစ္သက္ပါဘူး။ လူတစ္ေယာက္ ေလ်ာ့ျခင္းမေလ်ာ့ျခင္းက အႏုိင္ရလဒ္ကို ေရွာင္လႊဲသြားဖို႔ အေၾကာင္းျပခ်က္ေကာင္းမဟုတ္ပါဘူး” လို႔လည္း စပိန္ညာေနာက္ခံလူက ေျပာဆိုသြားခဲ့ပါေသးတယ္။

ဟက္တာ ဘယ္လာရင္ဟာ အဆုိပါပြဲစဥ္ရဲ႕ ေျခစြမ္းေကာင္းျပသႏုိင္ခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ျပီး ခံစစ္မွဴး ဂါဘရီယယ္နဲ႔အတူ လိဒ္စ္-အာဆင္နယ္ပြဲစဥ္ရဲ႕ စြမ္းေဆာင္ရည္အျမင့္ဆံုးထုတ္ျပႏုိင္ခဲ့တဲ့ ခံစစ္ကစားသမားေတြအျဖစ္ ပရီးမီးယားလိဂ္ရဲ႕ သံုးသပ္ခ်က္မွာ သတ္မွတ္ခဲ့ခဲ့ရပါတယ္။

Source: Arsenal

Leave a Reply