လိုကွန်ဂါကို အာဆင်နယ်ဆီ အရောက်ပို့မယ် အွန်နရီ

[UNICODE]

ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းရဲ့ နည်းပြအဖွဲ့ဝင်ဖြစ်တဲ့ အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီက ဂန်းနားတွေအနေနဲ့ ကွင်းလယ်လူ အယ်လ်ဘတ် တမ်ဘီ လိုကွန်ဂါကို အရအမိခေါ်ယူသင့်ကြောင်း တိုက်တွန်းပြောဆိုသွားသလို အဆိုပါလူငယ်လေးကိုလည်း အာဆင်နယ်ဆီပြောင်းရွှေ့အောင် စည်းရုံးနေပါတယ်။

လိုကွန်ဂါဟာ အသက် ၂၁ နှစ်အရွယ်သာရှိသေးပေမယ့် ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေသူဖြစ်ပြီး ကွင်းလယ်ဗဟိုနဲ့ ကွင်းလယ်ခံစစ် ၂ နေရာလုံးမှာ အံဝင်ခွင့်ကျကစားနိုင်သူဖြစ်ပါတယ်။

သောမတ် ပါတေးနဲ့တွဲဖက်ကစားနိုင်မယ့် ခြေစွမ်းထက် ကွင်းလယ်ဗဟိုကစားသမား ၁ ဦးရှာဖွေနေတဲ့ အာဆင်နယ်အသင်းဟာ ဘရိုက်တန်က ဘစ်ဆူးမား၊ ဘက်တစ်က ရိုဒရီဂွက်ဇ်နဲ့ ရှက်ဖီးလ်ဒ်က ဘာ့ဂျ်တို့အပြင် ဘယ်လ်ဂျီယံသား လိုကွန်ဂါကိုလည်း ပစ်မှတ်ထားနေပါတယ်။

သီယာရီ အွန်နရီက တန်ကြေးပေါင် ၁၃ သန်းတန် ကြယ်ပွင့်လေးအကြောင်း ဘယ်လ်ဂျီယံသတင်းစာ Voetbal 24 ကို ပြောဆိုခဲ့ရာမှာတော့ “ဒီကလေးနဲ့ ပတ်သက်လာရင် အကောင်းချည်း ပြောစရာရှိတယ်” လို့ ပြောဆိုသွားတာပါ။

လိုကွန်ဂါဟာ အသက်အရွယ် ငယ်ရွယ်သလို တန်ဖိုးလည်းမြင့်မားခြင်းမရှိပေမယ့် သူ့ရဲ့ခြေစွမ်းကတော့ ထိပ်တန်းအဆင့်မှာရှိနေတယ်လို့ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းမှာ အတူတွဲလုပ်ကိုင်နေတဲ့ အွန်နရီကဆိုသွားပါတယ်။

ဒါ့အပြင် အွန်နရီဟာ အဆိုပါဘယ်လ်ဂျီယံသားကို အာဆင်နယ်အသင်းထံပြောင်းရွှေ့ဖြစ်အောင်လည်း ဆွဲဆောင်စည်းရုံးနေတယ်လို့ ဘယ်လ်ဂျီယံသတင်းစာ Voetbal 24 က ဆက်လက်ဖော်ပြသွားပါတယ်။ အွန်နရီကတော့ လိုကွန်ဂါဟာ အာဆင်နယ်နည်းပြအာတီတာရဲ့ ကွင်းလယ်မှာ အရေးပါလာမယ့် ကြယ်ပွင့်တစ်ဦးဖြစ်ပြီး အသင်းကထွက်ခွာတော့မယ့် ရှာခါရဲ့နေရာကို အစားထိုးဖို့အတွက် အကောင်းဆုံး ရွေးချယ်စရာလို့ ယုံကြည်နေတာပါ။

Source: Daily Mail, Sport Mole, Football London

[ZAWGYI]

ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္အသင္းရဲ႕ နည္းျပအဖြဲ႕ဝင္ျဖစ္တဲ့ အာဆင္နယ္ဂႏၲဝင္တိုက္စစ္မႉးေဟာင္း သီယာရီ အြန္နရီက ဂန္းနားေတြအေနနဲ႔ ကြင္းလယ္လူ အယ္လ္ဘတ္ တမ္ဘီ လိုကြန္ဂါကို အရအမိေခၚယူသင့္ေၾကာင္း တိုက္တြန္းေျပာဆိုသြားသလို အဆိုပါလူငယ္ေလးကိုလည္း အာဆင္နယ္ဆီေျပာင္းေ႐ႊ႕ေအာင္ စည္း႐ုံးေနပါတယ္။

လိုကြန္ဂါဟာ အသက္ ၂၁ ႏွစ္အ႐ြယ္သာရွိေသးေပမယ့္ ဘယ္လ္ဂ်ီယံကလပ္ အန္ဒါလက္ခ်္အသင္းရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူေနသူျဖစ္ၿပီး ကြင္းလယ္ဗဟိုနဲ႔ ကြင္းလယ္ခံစစ္ ၂ ေနရာလုံးမွာ အံဝင္ခြင့္က်ကစားႏိုင္သူျဖစ္ပါတယ္။

ေသာမတ္ ပါေတးနဲ႔တြဲဖက္ကစားႏိုင္မယ့္ ေျခစြမ္းထက္ ကြင္းလယ္ဗဟိုကစားသမား ၁ ဦးရွာေဖြေနတဲ့ အာဆင္နယ္အသင္းဟာ ဘ႐ိုက္တန္က ဘစ္ဆူးမား၊ ဘက္တစ္က ႐ိုဒရီဂြက္ဇ္နဲ႔ ရွက္ဖီးလ္ဒ္က ဘာ့ဂ်္တို႔အျပင္ ဘယ္လ္ဂ်ီယံသား လိုကြန္ဂါကိုလည္း ပစ္မွတ္ထားေနပါတယ္။

သီယာရီ အြန္နရီက တန္ေၾကးေပါင္ ၁၃ သန္းတန္ ၾကယ္ပြင့္ေလးအေၾကာင္း ဘယ္လ္ဂ်ီယံသတင္းစာ Voetbal 24 ကို ေျပာဆိုခဲ့ရာမွာေတာ့ “ဒီကေလးနဲ႔ ပတ္သက္လာရင္ အေကာင္းခ်ည္း ေျပာစရာရွိတယ္” လို႔ ေျပာဆိုသြားတာပါ။

လိုကြန္ဂါဟာ အသက္အ႐ြယ္ ငယ္႐ြယ္သလို တန္ဖိုးလည္းျမင့္မားျခင္းမရွိေပမယ့္ သူ႔ရဲ႕ေျခစြမ္းကေတာ့ ထိပ္တန္းအဆင့္မွာရွိေနတယ္လို႔ ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္အသင္းမွာ အတူတြဲလုပ္ကိုင္ေနတဲ့ အြန္နရီကဆိုသြားပါတယ္။

ဒါ့အျပင္ အြန္နရီဟာ အဆိုပါဘယ္လ္ဂ်ီယံသားကို အာဆင္နယ္အသင္းထံေျပာင္းေ႐ႊ႕ျဖစ္ေအာင္လည္း ဆြဲေဆာင္စည္း႐ုံးေနတယ္လို႔ ဘယ္လ္ဂ်ီယံသတင္းစာ Voetbal 24 က ဆက္လက္ေဖာ္ျပသြားပါတယ္။ အြန္နရီကေတာ့ လိုကြန္ဂါဟာ အာဆင္နယ္နည္းျပအာတီတာရဲ႕ ကြင္းလယ္မွာ အေရးပါလာမယ့္ ၾကယ္ပြင့္တစ္ဦးျဖစ္ၿပီး အသင္းကထြက္ခြာေတာ့မယ့္ ရွာခါရဲ႕ေနရာကို အစားထိုးဖို႔အတြက္ အေကာင္းဆုံး ေ႐ြးခ်ယ္စရာလို႔ ယုံၾကည္ေနတာပါ။

Source: Daily Mail, Sport Mole, Football London

Leave a Reply