[UNICODE]
အာဆင်နယ်အသင်းဟာ အသက် ၂၁ နှစ်အရွယ် ဘယ်လ်ဂျီယံလက်ရွေးစင် ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက် ရရှိသွားပြီဖြစ်ကြောင်း ဘယ်လ်ဂျီယံမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
ဘယ်လ်ဂျီယံ သတင်းထောက်တွေရဲ့ ပြောဆိုချက်အရ အာဆင်နယ်အသင်းဟာ လိုကွန်ဂါနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက်ကို ယခုရက်ပိုင်းအတွင်းမှာ ရရှိခဲ့တာဖြစ်ပြီး ယင်းနောက်မှာ အန်ဒါလက်ချ်အသင်းထံ ဒုတိယအကြိမ် ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒုတိယအကြိမ်ကမ်းလှမ်းချက်ဟာ ယူရို ၁၇ သန်း (ယူရို ၁၄ သန်း + ထပ်ဆောင်းဆုကြေး ယူရို ၃ သန်း) တန်ကြေးနဲ့ဖြစ်ပြီး ယခုကမ်းလှမ်းချက်ကို အန်ဒါလက်ချ်ဘက်က ထပ်မံပါယ်ချခဲ့မယ်ဆိုရင် ယူရို သန်း ၂၀ (ယူရို ၁၇ သန်း + ထပ်ဆောင်းဆုကြေး ယူရို ၃ သန်း) နဲ့ တတိယအကြိမ်ကမ်းလှမ်းသွားမှာပါ။
အာဆင်နယ်အသင်းဟာ လိုကွန်ဂါအတွက် ပထမအကြိမ်ကမ်းလှမ်းတုန်းကတော့ ယူရို ၁၅ သန်း (ယူရို ၁၂ သန်း + ထပ်ဆောင်းဆုကြေး ယူရို ၃ သန်း) နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အန်ဒါလက်ချ်ကတော့ ယူရို သန်း ၂၀ အထိ အလိုရှိနေတာကြောင့် အဆိုပါကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။ ဘယ်လ်ဂျီယံကလပ်ရဲ့ မူလ တန်ကြေးသတ်မှတ်ချက်ဟာ ယူရို ၁၂ သန်းသာဖြစ်ပြီး စိတ်ဝင်စားတဲ့အသင်းတွေ များလာတာကြောင့် ခုလိုတန်ကြေး မြှင့်တင်ခဲ့တာပါ။
ဘယ်လ်ဂျီယံ ထိပ်တန်းမီဒီယာတွေကတော့ အာဆင်နယ်နဲ့ အန်ဒါလက်ချ်တို့အကြားမှာ ပြောင်းရွှေ့ကြေးပမာဏ မသတ်မှတ်နိုင်သေးတာကလွဲလို့ ဆွေးနွေးမှုအားလုံး အဆင်ပြေနေတာမို့ အပြောင်းအရွှေ့မဖြစ်ပေါ်လာမှာကို စိတ်ပူစရာမရှိဘူးလို့ အခိုင်အမာဆိုသွားခဲ့ပါတယ်။
ခံစစ်-တိုက်စစ် ဟန်ချက်မျှအောင် ထိမ်းညှိပေးနိုင်သူအဖြစ် နာမည်ကျော်တဲ့ ကွင်းလယ်လူ လိုကွန်ဂါဟာ အသက်ငယ်ရွယ်ပေမယ့် အန်ဒါလက်ချ်အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်ပြီး ယမန်နှစ်ရာသီတုန်းက ဘယ်လ်ဂျီယံကလပ်အတွက် ၃၇ ပွဲပါဝင်ကစားပေးခဲ့ပြီး ၃ ဂိုးသွင်းယူကာ ၂ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
Source: HLH, Football Terrace
[ZAWGYI]
ဘယ်လ်ဂျီယံ သတင်းထောက်တွေရဲ့ ပြောဆိုချက်အရ အာဆင်နယ်အသင်းဟာ လိုကွန်ဂါနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက်ကို ယခုရက်ပိုင်းအတွင်းမှာ ရရှိခဲ့တာဖြစ်ပြီး ယင်းနောက်မှာ အန်ဒါလက်ခ်ျအသင်းထံ ဒုတိယအကြိမ် ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒုတိယအကြိမ်ကမ်းလှမ်းချက်ဟာ ယူရို ၁၇ သန်း (ယူရို ၁၄ သန်း + ထပ်ဆောင်းဆုကြေး ယူရို ၃ သန်း) တန်ကြေးနဲ့ဖြစ်ပြီး ယခုကမ်းလှမ်းချက်ကို အန်ဒါလက်ခ်ျဘက်က ထပ်မံပါယ်ချခဲ့မယ်ဆိုရင် ယူရို သန်း ၂၀ (ယူရို ၁၇ သန်း + ထပ်ဆောင်းဆုကြေး ယူရို ၃ သန်း) နဲ့ တတိယအကြိမ်ကမ်းလှမ်းသွားမှာပါ။
ဘယ်လ်ဂျီယံ ထိပ်တန်းမီဒီယာတွေကတော့ အာဆင်နယ်နဲ့ အန်ဒါလက်ခ်ျတို့အကြားမှာ ပြောင်းရွှေ့ကြေးပမာဏ မသတ်မှတ်နိုင်သေးတာကလွဲလို့ ဆွေးနွေးမှုအားလုံး အဆင်ပြေနေတာမို့ အပြောင်းအရွှေ့မဖြစ်ပေါ်လာမှာကို စိတ်ပူစရာမရှိဘူးလို့ အခိုင်အမာဆိုသွားခဲ့ပါတယ်။
ခံစစ်-တိုက်စစ် ဟန်ချက်မျှအောင် ထိမ်းညှိပေးနိုင်သူအဖြစ် နာမည်ကျော်တဲ့ ကွင်းလယ်လူ လိုကွန်ဂါဟာ အသက်ငယ်ရွယ်ပေမယ့် အန်ဒါလက်ခ်ျအသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်ပြီး ယမန်နှစ်ရာသီတုန်းက ဘယ်လ်ဂျီယံကလပ်အတွက် ၃၇ ပွဲပါဝင်ကစားပေးခဲ့ပြီး ၃ ဂိုးသွင်းယူကာ ၂ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။