လီနိုကို အရံခုံပို့မယ်ဆိုတဲ့ မတ် ရိုင်ယန်

[UNICODE]

အာဆင်နယ်အသင်းရဲ့ ဂိုးသမားသစ် မတ် ရိုင်ယန်က သူ့အနေနဲ့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာတာဟာ အရံခုံမှာ အချိန်ဖြုန်းဖို့မဟုတ်ဘူးလို့ အသင်းနဲ့ ပထမဆုံး အင်တာဗျူးမှာတင် ပြောဆိုလိုက်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သြစတြေးလျလက်ရွေးစင် ဂိုးသမား ရိုင်ယန်ဟာ ဘရိုက်တန်အသင်းမှာ ပထမပွဲထွက်ကစားသမားဖြစ်ပြီး လက်ရှိရာသီမှာ ၁၁ ပွဲပါဝင်ကစားကာ Clean Sheet ၂ ပွဲ ရယူထားသူဖြစ်ပါတယ်။

ကစားသမားသစ် ရိုင်ယန်က သူ့အနေနဲ့ ကာလတိုအငှားစာချုပ်နဲ့သာ ပြောင်းရွှေ့လာတာဖြစ်ပေမယ့် အရံခုံမှာလာထိုင်တာမဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ “ကျွန်တော်က အရံခုံမှာ ထိုင်မယ့်သူမျိုးမဟုတ်ပါဘူး။ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်ဖမ်းဆုပ်နိုင်ဖို့ ဒီကိုလာခဲ့တာပါ။ ကျွန်တော် ယုံကြည်ထားတာကတော့ ဒါက ကျွန်တော့်ကစားသမားဘဝရဲ့ နောက်တစ်ဆင့်ပါ။ လီနိုကို ကျွန်တော်က ဖိအားပေးမှာဖြစ်သလို သူကလည်း ကျွန်တော့်ကို အပြန်အလှန် ဖိအားပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အပြန်အလှန်အကောင်းဆုံးလက်စွမ်းတွေ ပေါ်ထွက်လာအောင် ကူညီနိုင်ကြမယ်ထင်ပါတယ်” လို့ သူကပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း ရိုင်ယန်က သူက ဘန်း လီနိုရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ “ဘန်း လီနိုတစ်ယောက် ဒီအသင်းကို ပြောင်းရွှေ့လာပြီးကတည်းက စွမ်းဆောင်ပြထားတာတွေကို ကျနော် သဘောကျပါတယ်။ လေးလည်း လေးစားပါတယ်။ သူက ထိပ်တန်းဂိုးသမားတစ်ယောက်ပါ။ ရှေ့မှာ ပွဲစဉ်တွေ ပြိုင်ပွဲတွေက အများကြီးပါ။ ဘယ်သူက အကောင်းဆုံးလဲဆိုတာကို ကျွန်တော်နဲ့သူ ယှဉ်ပြိုင်ရင်း အသင်းကို ကူညီသွားပါမယ်” လို့ ရိုင်ယန်က ဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းမှာ အသစ်ခေါ်ယူထားတဲ့ အိုက်စလန်ဂိုးသမား ရန်နာဆင်တစ်ယောက် လက်စွမ်းပြသနိုင်ဖို့ ရုံးကန်နေရတာကြောင့် မတ် ရိုင်ယန်ကို ကာလတိုအငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာပါ။

အဲလက်စ် ရန်နာဆင်ဟာ ၂၀၁၈-၁၉ ရာသီ လီဂူး-၁ မှာ Save rate အညံ့ဆုံးဂိုးသမား (၅၇.၈%) ဖြစ်ပြီး အာဆင်နယ်မှာလည်း လက်စွမ်းကောင်းပြသနိုင်ခြင်း မရှိသူပါ။ ဒါပေမယ့်လည်း အာဆင်နယ်အသင်း အခုအသစ်ခေါ်ယူလိုက်တဲ့ မတ် ရိုင်ယန်ကလည်း လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ Save rate အညံ့ဆုံးဂိုးသမားဖြစ်ပြီး ဂိုးပေါက်ကာကွယ်နိုင်စွမ်း (၄၇.၁%) သာရှိတယ်လို့ Whoscored အားကစားအချက်အလက် ဝက်ဘ်ဆိုက်က ဖော်ပြသွားပါတယ်။

Source: Arsenal Media, Whoscored

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ ဂိုးသမားသစ္ မတ္ ရိုင္ယန္က သူ႔အေနနဲ႔ အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕လာတာဟာ အရံခံုမွာ အခ်ိန္ျဖဳန္းဖို႔မဟုတ္ဘူးလို႔ အသင္းနဲ႔ ပထမဆံုး အင္တာဗ်ဴးမွာတင္ ေျပာဆိုလုိက္ပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ ၾသစေၾတးလ်လက္ေရြးစင္ ဂိုးသမား ရိုင္ယန္ဟာ ဘရိုက္တန္အသင္းမွာ ပထမပြဲထြက္ကစားသမားျဖစ္ျပီး လက္ရွိရာသီမွာ ၁၁ ပြဲပါဝင္ကစားကာ Clean Sheet ၂ ပြဲ ရယူထားသူျဖစ္ပါတယ္။

ကစားသမားသစ္ ရိုင္ယန္က သူ႔အေနနဲ႔ ကာလတိုအငွားစာခ်ဳပ္နဲ႔သာ ေျပာင္းေရႊ႕လာတာျဖစ္ေပမယ့္ အရံခံုမွာလာထုိင္တာမဟုတ္ဘူးလို႔ ဆိုလိုက္ပါတယ္။ “ကၽြန္ေတာ္က အရံခံုမွာ ထိုင္မယ့္သူမ်ိဳးမဟုတ္ပါဘူး။ ကိုယ့္အခြင့္အေရးကို ကိုယ္တုိင္ဖမ္းဆုပ္ႏုိင္ဖို႔ ဒီကိုလာခဲ့တာပါ။ ကၽြန္ေတာ္ ယံုၾကည္ထားတာကေတာ့ ဒါက ကၽြန္ေတာ့္ကစားသမားဘဝရဲ႕ ေနာက္တစ္ဆင့္ပါ။ လီႏိုကို ကၽြန္ေတာ္က ဖိအားေပးမွာျဖစ္သလို သူကလည္း ကၽြန္ေတာ့္ကို အျပန္အလွန္ ဖိအားေပးလိမ့္မယ္လုိ႔ ယံုၾကည္ပါတယ္။ ကၽြန္ေတာ္တို႔ အျပန္အလွန္အေကာင္းဆံုးလက္စြမ္းေတြ ေပၚထြက္လာေအာင္ ကူညီႏုိင္ၾကမယ္ထင္ပါတယ္” လို႔ သူကေျပာဆိုခဲ့ပါတယ္။

ဒါေပမယ့္လည္း ရိုင္ယန္က သူက ဘန္း လီႏိုရဲ႕ ပရိတ္သတ္တစ္ေယာက္ျဖစ္တယ္လုိ႔ ဝန္ခံသြားခဲ့ပါတယ္။ “ဘန္း လီႏိုတစ္ေယာက္ ဒီအသင္းကို ေျပာင္းေရႊ႕လာျပီးကတည္းက စြမ္းေဆာင္ျပထားတာေတြကို က်ေနာ္ သေဘာက်ပါတယ္။ ေလးလည္း ေလးစားပါတယ္။ သူက ထိပ္တန္းဂိုးသမားတစ္ေယာက္ပါ။ ေရွ႕မွာ ပြဲစဥ္ေတြ ျပိဳင္ပြဲေတြက အမ်ားၾကီးပါ။ ဘယ္သူက အေကာင္းဆံုးလဲဆုိတာကို ကၽြန္ေတာ္နဲ႔သူ ယွဥ္ျပိဳင္ရင္း အသင္းကို ကူညီသြားပါမယ္” လို႔ ရိုင္ယန္က ဆိုသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ အသင္းမွာ အသစ္ေခၚယူထားတဲ့ အုိက္စလန္ဂိုးသမား ရန္နာဆင္တစ္ေယာက္ လက္စြမ္းျပသႏုိင္ဖို႔ ရံုးကန္ေနရတာေၾကာင့္ မတ္ ရိုင္ယန္ကို ကာလတိုအငွားစာခ်ဳပ္နဲ႔ ေခၚယူခဲ့တာပါ။

အဲလက္စ္ ရန္နာဆင္ဟာ ၂၀၁၈-၁၉ ရာသီ လီဂူး-၁ မွာ Save rate အညံ့ဆံုးဂိုးသမား (၅၇.၈%) ျဖစ္ျပီး အာဆင္နယ္မွာလည္း လက္စြမ္းေကာင္းျပသႏုိင္ျခင္း မရွိသူပါ။ ဒါေပမယ့္လည္း အာဆင္နယ္အသင္း အခုအသစ္ေခၚယူလိုက္တဲ့ မတ္ ရိုင္ယန္ကလည္း လက္ရွိရာသီ ပရီးမီးယားလိဂ္မွာ Save rate အညံ့ဆံုးဂိုးသမားျဖစ္ျပီး ဂိုးေပါက္ကာကြယ္ႏုိင္စြမ္း (၄၇.၁%) သာရွိတယ္လို႔ Whoscored အားကစားအခ်က္အလက္ ဝက္ဘ္ဆုိက္က ေဖာ္ျပသြားပါတယ္။

Source: Arsenal Media, Whoscored

Leave a Reply