
[UNICODE]
အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ဖရန်ဆက်စ် ဖာဘရီဂတ်စ်က ပရိတ်သတ်တွေအနေနဲ့ လက်ရှိနည်းပြဖြစ်သူ မီခယ် အာတီတာကို ယုံကြည်မှုထားပြီး အချိန်ပေးဖို့နဲ့ မလိုအပ်ပဲ ဖိအားတွေပေးနေတာက ဘာအကျိုးမှဖြစ်ထွန်းလာစေမှာမဟုတ်ဘူးလို့ သတိပေးစကားဆိုလိုက်ပါတယ်။
ဖာဘရီဂတ်စ်က အာတီတာဟာ အသင်းကို စနစ်တကျ တည်ဆောက်နေပြီး အချိန်တိုအတွင်းမှာတော့ ဘာမှဖြစ်လာနိုင်မှာမဟုတ်သလို ပရိတ်သတ်တွေရဲ့ နည်းနည်းရှုံးတာနဲ့ နည်းပြပြောင်းဖို့ တောင်းဆိုနေတဲ့ အပြုအမူဟာလည်း အသင်းအတွက် ဘာအကျိုးမှဖြစ်ထွန်းစေမှာမဟုတ်ဘူးလို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

“နားထောင်စမ်းပါ။ ခုက ပြုပြင်ပြောင်းလဲရေးကာလလေ။ မီခယ့်မှာ အိုင်ဒီယာတွေရှိတယ်။ ဒါပေမယ့် အချိန်ယူရမယ်။ ပြဿနာက ဘာလဲသိလား။ လူတွေက ခုရေတွင်းတူးပြီး ခုရေကြည်သောက်ချင်နေကြတာ။ ၃ ပွဲလောက်ရှုံးရင် လူတိုင်းက ခေါင်းဖြတ်ချင်နေကြတယ်။ ဒီလိုပုံစံမျိုးနဲ့ ဘယ်အသင်းမှ ရှေ့ကို ဆက်နိုင်မှာမဟုတ်ဘူး” လို့ ဂန္တဝင်ကွင်းလယ်လူဟောင်းက ဆိုသွားခဲ့ပါတယ်။
“ခုချိန်က ခက်ခဲတယ်ဆိုတာကို ကျွန်တော်လည်း နားလည်တယ်။ ရိုးရိုးမဟုတ်ဘူး၊ အရမ်းကို ခက်ခဲတာ။ ဘာလို့လဲဆိုရင် သူ့ရဲ့ အိုင်ဒီယာတွေကို ခုမှ ပျိုးထောင်ယူနေတုန်း။ လုပ်ငန်းစဉ်တွေ လုပ်နေဆဲအချိန်လေ။ ပိုပြီးခက်ခဲစေတာက ဘောလုံးက လျှင်လျှင်မြန်မြန်ပြောင်းလဲနေတဲ့အချက်ပါပဲ။ လူတိုင်းက နိုင်ချင်ကြတယ်၊ ဖိအားတွေပေးတယ်။ ပရိတ်သတ်ရော၊ ဘုတ်အဖွဲ့ရော၊ ကစားသမားတွေရောပဲ။ သည်းခံဖို့ အချိန်ပေးဖို့ ဘယ်သူမှမတွေးဘူး” လို့ အသင်းခေါင်းဆောင်ဟောင်းက ပြောဆိုခဲ့တာပါ။

“သူက အသင်းရဲ့ အကောင်းဆုံးပုံစံနဲ့ ဟန်ချက်ကို ရှာဖွေနိုင်ဖို့ ကြိုးစားနေပါတယ်။ သူ့မှာ စီဘာယော့စ်နဲ့ ရှာခါရှိတယ်။ ခု ပါတေးကို ခေါ်နိုင်ခဲ့တယ်။ အရမ်းကောင်းတဲ့ကစားသမားပါ။ သူတို့မှာ ဝီလီယံရှိနေပြီ။ အူဘာမီယန်းပိုင်ဆိုင်ထားတယ်။ သူ့ကို အဲ့ဒီကစားသမားတွေက ၁၀၀% ယုံကြည်ကြလို့ ဒီလိုစုစည်းနိုင်တာ။ အချိန်ပေးနိုင်ဖို့ပဲလိုအပ်တာ” လို့ ဖာဘရီဂတ်စ်က ဆိုသွားခဲ့ပါတယ်။
မီခယ် အာတီတာဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ အာဆင်နယ်အသင်းရဲ့ နည်းပြရာထူးကို စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ၁၀ လတာကာလအတွင်း နိုင်ပွဲ ရာခိုင်နှုန်း ၅၇.၁၄% ရယူထားနိုင်သလို FA ဖလားနဲ့ ကွန်မြူနတီဒိုင်းတွေကိုလည်း ရယူပေးထားပါတယ်။
Source: Daily Mail
[UNICODE]
အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ေဟာင္း ဖရန္ဆက္စ္ ဖာဘရီဂတ္စ္က ပရိတ္သတ္ေတြအေနနဲ႔ လက္ရွိနည္းျပျဖစ္သူ မီခယ္ အာတီတာကို ယံုၾကည္မႈထားျပီး အခ်ိန္ေပးဖို႔နဲ႔ မလိုအပ္ပဲ ဖိအားေတြေပးေနတာက ဘာအက်ိဳးမွျဖစ္ထြန္းလာေစမွာမဟုတ္ဘူးလို႔ သတိေပးစကားဆိုလိုက္ပါတယ္။
ဖာဘရီဂတ္စ္က အာတီတာဟာ အသင္းကို စနစ္တက် တည္ေဆာက္ေနျပီး အခ်ိန္တိုအတြင္းမွာေတာ့ ဘာမွျဖစ္လာႏုိင္မွာမဟုတ္သလို ပရိတ္သတ္ေတြရဲ႕ နည္းနည္းရံႈးတာနဲ႔ နည္းျပေျပာင္းဖို႔ ေတာင္းဆိုေနတဲ့ အျပဳအမူဟာလည္း အသင္းအတြက္ ဘာအက်ိဳးမွျဖစ္ထြန္းေစမွာမဟုတ္ဘူးလုိ႔ သံုးသပ္ေျပာဆိုလိုက္ပါတယ္။

“နားေထာင္စမ္းပါ။ ခုက ျပဳျပင္ေျပာင္းလဲေရးကာလေလ။ မီခယ့္မွာ အိုင္ဒီယာေတြရွိတယ္။ ဒါေပမယ့္ အခ်ိန္ယူရမယ္။ ျပႆနာက ဘာလဲသိလား။ လူေတြက ခုေရတြင္းတူးျပီး ခုေရၾကည္ေသာက္ခ်င္ေနၾကတာ။ ၃ ပြဲေလာက္ရံႈးရင္ လူတုိင္းက ေခါင္းျဖတ္ခ်င္ေနၾကတယ္။ ဒီလိုပံုစံမ်ိဳးနဲ႔ ဘယ္အသင္းမွ ေရွ႕ကို ဆက္ႏုိင္မွာမဟုတ္ဘူး” လို႔ ဂႏၱဝင္ကြင္းလယ္လူေဟာင္းက ဆိုသြားခဲ့ပါတယ္။
“ခုခ်ိန္က ခက္ခဲတယ္ဆိုတာကို ကၽြန္ေတာ္လည္း နားလည္တယ္။ ရိုးရိုးမဟုတ္ဘူး၊ အရမ္းကို ခက္ခဲတာ။ ဘာလို႔လဲဆိုရင္ သူ႔ရဲ႕ အုိင္ဒီယာေတြကုိ ခုမွ ပ်ိဳးေထာင္ယူေနတုန္း။ လုပ္ငန္းစဥ္ေတြ လုပ္ေနဆဲအခ်ိန္ေလ။ ပိုျပီးခက္ခဲေစတာက ေဘာလံုးက လွ်င္လွ်င္ျမန္ျမန္ေျပာင္းလဲေနတဲ့အခ်က္ပါပဲ။ လူတုိင္းက ႏုိင္ခ်င္ၾကတယ္၊ ဖိအားေတြေပးတယ္။ ပရိတ္သတ္ေရာ၊ ဘုတ္အဖြဲ႕ေရာ၊ ကစားသမားေတြေရာပဲ။ သည္းခံဖို႔ အခ်ိန္ေပးဖို႔ ဘယ္သူမွမေတြးဘူး” လို႔ အသင္းေခါင္းေဆာင္ေဟာင္းက ေျပာဆိုခဲ့တာပါ။

“သူက အသင္းရဲ႕ အေကာင္းဆံုးပံုစံနဲ႔ ဟန္ခ်က္ကို ရွာေဖြႏိုင္ဖို႔ ၾကိဳးစားေနပါတယ္။ သူ႔မွာ စီဘာေယာ့စ္နဲ႔ ရွာခါရွိတယ္။ ခု ပါေတးကို ေခၚႏုိင္ခဲ့တယ္။ အရမ္းေကာင္းတဲ့ကစားသမားပါ။ သူတို႔မွာ ဝီလီယံရွိေနျပီ။ အူဘာမီယန္းပိုင္ဆုိင္ထားတယ္။ သူ႔ကို အဲ့ဒီကစားသမားေတြက ၁၀၀% ယံုၾကည္ၾကလို႔ ဒီလိုစုစည္းႏုိင္တာ။ အခ်ိန္ေပးႏုိင္ဖို႔ပဲလိုအပ္တာ” လို႔ ဖာဘရီဂတ္စ္က ဆိုသြားခဲ့ပါတယ္။
မီခယ္ အာတီတာဟာ ျပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလမွာ အာဆင္နယ္အသင္းရဲ႕ နည္းျပရာထူးကို စတင္တာဝန္ယူခဲ့တာျဖစ္ျပီး ၁၀ လတာကာလအတြင္း ႏုိင္ပြဲ ရာခုိင္ႏႈန္း ၅၇.၁၄% ရယူထားႏုိင္သလို FA ဖလားနဲ႔ ကြန္ျမဴနတီဒိုင္းေတြကိုလည္း ရယူေပးထားပါတယ္။
Source: Daily Mail