ဝိတ်ကျရုံတင်မက နှလုံးအတွက်လည်းကောင်းတဲ့ ကင်းပုံသီး လေးအကြောင်း

မျှစ်လေးနဲ့ ကြော်ကြော် ပုစွန်ဆိတ်လေးနဲ့ ကြော်စားစား စားလို့ကောင်းတဲ့ အသီးလေး တစ်မျိုး ရှိပါတယ်။  ဒါကတော့ ကင်းပုံသီး လေးပါ။ ကင်းပုံသီးမှာ အချိုနဲ့ အခါးဆိုပြီး ရှိပေမယ့် အချိုက ပိုစားကောင်းပါတယ်။ ဆေးဖက်ဝင်တာခြင်းကတော့ တူတူပါပဲ။

ဒီတော့ ကင်းပုံသီး လေး စားရင် ဘယ်လို အကျိုးကျေးဇူး လေးတွေ ရနိုင်မလဲဆိုတာကို ပြောပြပေးချင်တယ်နော်။ ပုစွန်ခြောက် နိုင်နိုင်လေးနဲ့ ကြော်စားရင် စားလို့ ကောင်းတဲ့ ကင်းပုံသီးက 

နှလုံးကျန်းမာစေတယ်

ကင်းပုံသီးမှာ ပိုတက်ဆီယမ် ပါဝင်နေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းမွန်စေနိုင်တာကြောင့် နှလုံးကျန်းမာစေဖို့ ထောက်ကူပေးမှာပါ။ 

ဝိတ်ကျရုံတင်မက နှလုံးအတွက်လည်းကောင်းတဲ့ ကင်းပုံသီး လေးအကြောင်း

သွေးတွင်းသကြားဓာတ် ထိန်းပေးတယ်

ကင်းပုံသီးက အင်ဆူလင် တုံ့ပြန်မှုကို ကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပါတယ်။ ဆီးချို ကာကွယ်ပေးသလို သွေးတွငးသကြားဓာတ်ကိုလည်း ထိန်းပေးပါတယ်။ 

အစာအိမ် အူလမ်းကြောင်း ကျန်းမာစေတယ်

အမျှင်ဓာတ် ကြွယ်ဝတဲ့ ကင်းပုံသီးက ဝမ်းမှန်စေဖို့ရော အစာအိမ် အူလမ်းကြောင်း ကျန်းမာစေဖို့ပါ ထောက်ကူပေးပါတယ်။ 

အင်အားပြည့်ဝစေတယ်

အာဟာရဓာတ် ပြည့်စုံတဲ့ ကင်းပုံသီး က အာဟာရဓာတ် ပြည့်ဝစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးပြီး ခန္ဓာကိုယ်မှာ အင်အား ပြည့်ဝစေနိုင်ပါတယ်။

ဝိတ်ကျရုံတင်မက နှလုံးအတွက်လည်းကောင်းတဲ့ ကင်းပုံသီး လေးအကြောင်း

အာရုံကြော ကျန်းမာစေတယ်

ကင်ပုံသီးရဲ့ နောက်ထပ် အာနိသင်တစ်ခုက အာရုံကြောဆဲလ်တွေကို ကျန်းမာစေပြီး အာရုံကြော ကျန်းမာစေနိုင်ပါတယ်။ 

ကိုယ်အလေးချိန် ထိန်းပေးတယ်

အမျှင်ဓာတ် ကြွယ်ဝတဲ့ ကင်ပုံသီး က အဆာခံနိုင်စေပြီး ဝိတ်ကျစေနိုင်ပါတယ်။ 

အခုလို အကျိုးကျေးဇူးများရနိုင်တယ် ဆိုတော့ ကင်းပုံသီးကို အလျဉ်းသင့်တဲ့အခါတွေမှာ စားပေးသင့်ပါတယ်။

နေ့စဉ်ဘဝမှာ အသုံးတည့်စေမယ့် စိတ်ဝင်စားဖွယ် Lifestyle အကြောင်းအရာတွေကို ဖတ်ရှုချင်တယ်ဆိုရင် Lo To Shin Media ရဲ့  Website နဲ့ Facebook Page တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Leave a Reply