ဝေးလော့ခ်ကို အာဆင်နယ်ကနေ ထွက်ခွာဖို့ တိုက်တွန်းလိုက်တဲ့ မန်ယူကွင်းလယ်လူဟောင်း

[UNICODE]

လူငယ်ကွင်းလယ်လူ ဂျိုး ဝေးလော့ခ်အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်အလိုရှိတယ်ဆိုရင် အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ လိုအပ်မှာဖြစ်တယ်လို့ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရေ့ဗ်စ်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဟားဂရေ့ဗ်စ်က အသက် ၂၁ နှစ်အရွယ် အင်္ဂလိပ် လူငယ်ကွင်းလယ်လူဟာ ပွဲထွက်ခွင့်နဲ့ထိုက်တန်တဲ့ ခြေစွမ်းနဲ့ အလားအလာမျိုးတွေကို ပိုင်ဆိုင်ထားပေမယ့် အာဆင်နယ်အသင်းမှာ လုံလောက်တဲ့ အသိအမှတ်ပြုမှုကို ရရှိခြင်းမရှိဘူးလို့ ယူဆနေတာဖြစ်ပါတယ်။

BT Sport ရဲ့ သုံးသပ်သူတစ်ယောက်ဖြစ်တဲ့ ဟားဂရေ့ဗ်စ်က ဝေးလော့ခ်တစ်ယောက် ၁ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးကာ Man of the Match ဆုရရှိတဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အာဆင်နယ် ၃-၀ ဒန်းဒါ့ခ်ပွဲစဉ်အပြီးမှာ ခုလို ပြောဆိုလိုက်ပါတယ်။

“သူ့အနေနဲ့ အသက်အရွယ်နဲ့ ခြေစွမ်းအရ ပုံမှန်ကစားခွင့်ရဖို့ လိုအပ်နေပါပြီ။ သူ့အတွက် အံဝင်ခွင်ကျဖြစ်မယ့် အသင်းတစ်သင်းသင်းဆီကို ပြောင်းရွှေ့သင့်ပါတယ်။ အာဆင်နယ်မှာ ဆက်နေရင် သူ ဘယ်လောက်ကောင်းကောင်း ပွဲကစားခွင့် များများစားစား ရမှာမဟုတ်ပါဘူး” လို့ ကနေဒါဖွား အင်္ဂလန်ကွင်းလယ်လူဟောင်းက ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဝေးလော့ခ်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့လည်း ခုလို ပြောဆိုသွားခဲ့ပါတယ်။ “သူ့မှာ အမြင်ရှိတယ်၊ စိတ်ကူးစိတ်သန်းရှိတယ်။ သူက ကစားပွဲကို ခံစားပြီး ကစားတယ်။ ရဲရဲရင့်ရင့် တိုက်ပွဲဝင်တယ်။ သူ့ခြေစွမ်းအတက်အကျက သူ့အပေါ်မှာချည်း မူတည်နေတာမဟုတ်ဘူး။ တွဲဖက်ကစားတဲ့ ကစားသမားတွေပေါ်မှာလည်း မူတည်တယ်။ သူက တကယ်ကို ကောင်းမွန်တဲ့ ကွင်းလယ်လူတစ်ယောက်ပါ” လို့ ဟားဂရေ့ဗ်စ်က ဆိုခဲ့တာပါ။

ဂျိုး ဝေးလော့ခ်ဟာ အာဆင်နယ် အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ လူငယ်ကွင်းလယ်လူတစ်ဦးဖြစ်ပြီး အာဆင်နယ်အသင်းအတွက် ၆၆ ပွဲကစားကာ ၉ ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။ ဝေးလော့ခ်ဟာ ယမန်နှစ်ရာသီတုန်းက အသင်းမှာ ပြိုင်ပွဲစုံ ၄၄ ပွဲအထိ ပါဝင်ကစားခွင့် ရရှိခဲ့သလို ယခုရာသီမှာလည်း ၅ ပွဲအထိ ပါဝင်ကစားခွင့်ရရှိထားပါတယ်။

Source: TBR, BT Sport

[ZAWGYI]

လူငယ္ကြင္းလယ္လူ ဂ်ိဳး ေဝးေလာ့ခ္အေနနဲ႔ ပံုမွန္ပြဲထြက္ခြင့္အလိုရွိတယ္ဆိုရင္ အာဆင္နယ္အသင္းကေန ထြက္ခြာဖို႔ လိုအပ္မွာျဖစ္တယ္လုိ႔ မန္ခ်က္စတာ ယူႏုိက္တက္နဲ႔ အဂၤလန္ကြင္းလယ္လူေဟာင္း အိုဝင္ ဟားဂေရ႕ဗ္စ္က တုိက္တြန္းေျပာဆိုလိုက္ပါတယ္။

ဟားဂေရ႕ဗ္စ္က အသက္ ၂၁ ႏွစ္အရြယ္ အဂၤလိပ္ လူငယ္ကြင္းလယ္လူဟာ ပြဲထြက္ခြင့္နဲ႔ထိုက္တန္တဲ့ ေျခစြမ္းနဲ႔ အလားအလာမ်ိဳးေတြကို ပိုင္ဆိုင္ထားေပမယ့္ အာဆင္နယ္အသင္းမွာ လံုေလာက္တဲ့ အသိအမွတ္ျပဳမႈကို ရရွိျခင္းမရွိဘူးလုိ႔ ယူဆေနတာျဖစ္ပါတယ္။

BT Sport ရဲ႕ သံုးသပ္သူတစ္ေယာက္ျဖစ္တဲ့ ဟားဂေရ႕ဗ္စ္က ေဝးေလာ့ခ္တစ္ေယာက္ ၁ ဂိုးသြင္း၊ ၁ ဂိုး ဖန္တီးကာ Man of the Match ဆုရရွိတဲ့အထိ ေျခစြမ္းျပသႏုိင္ခဲ့တဲ့ အာဆင္နယ္ ၃-၀ ဒန္းဒါ့ခ္ပြဲစဥ္အျပီးမွာ ခုလို ေျပာဆိုလိုက္ပါတယ္။

“သူ႔အေနနဲ႔ အသက္အရြယ္နဲ႔ ေျခစြမ္းအရ ပံုမွန္ကစားခြင့္ရဖို႔ လိုအပ္ေနပါျပီ။ သူ႔အတြက္ အံဝင္ခြင္က်ျဖစ္မယ့္ အသင္းတစ္သင္းသင္းဆီကို ေျပာင္းေရႊ႕သင့္ပါတယ္။ အာဆင္နယ္မွာ ဆက္ေနရင္ သူ ဘယ္ေလာက္ေကာင္းေကာင္း ပြဲကစားခြင့္ မ်ားမ်ားစားစား ရမွာမဟုတ္ပါဘူး” လို႔ ကေနဒါဖြား အဂၤလန္ကြင္းလယ္လူေဟာင္းက ဆိုခဲ့ပါတယ္။

ဒါ့အျပင္ ေဝးေလာ့ခ္ရဲ႕ ေျခစြမ္းနဲ႔ ပတ္သက္လို႔လည္း ခုလို ေျပာဆိုသြားခဲ့ပါတယ္။ “သူ႔မွာ အျမင္ရွိတယ္၊ စိတ္ကူးစိတ္သန္းရွိတယ္။ သူက ကစားပြဲကို ခံစားျပီး ကစားတယ္။ ရဲရဲရင့္ရင့္ တုိက္ပြဲဝင္တယ္။ သူ႔ေျခစြမ္းအတက္အက်က သူ႔အေပၚမွာခ်ည္း မူတည္ေနတာမဟုတ္ဘူး။ တြဲဖက္ကစားတဲ့ ကစားသမားေတြေပၚမွာလည္း မူတည္တယ္။ သူက တကယ္ကို ေကာင္းမြန္တဲ့ ကြင္းလယ္လူတစ္ေယာက္ပါ” လို႔ ဟားဂေရ႕ဗ္စ္က ဆိုခဲ့တာပါ။

ဂ်ိဳး ေဝးေလာ့ခ္ဟာ အာဆင္နယ္ အကယ္ဒမီကေန ေပၚထြက္လာတဲ့ လူငယ္ကြင္းလယ္လူတစ္ဦးျဖစ္ျပီး အာဆင္နယ္အသင္းအတြက္ ၆၆ ပြဲကစားကာ ၉ ဂိုးသြင္းယူေပးထားသူျဖစ္ပါတယ္။ ေဝးေလာ့ခ္ဟာ ယမန္ႏွစ္ရာသီတုန္းက အသင္းမွာ ျပိဳင္ပြဲစံု ၄၄ ပြဲအထိ ပါဝင္ကစားခြင့္ ရရွိခဲ့သလို ယခုရာသီမွာလည္း ၅ ပြဲအထိ ပါဝင္ကစားခြင့္ရရွိထားပါတယ္။

Source: TBR, BT Sport

Leave a Reply