
[UNICODE]
အာဆင်နယ်အသင်းရဲ့ မန်နေဂျာဖြစ်သူ မီခယ် အာတီတာက လက်ရှိမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ လူငယ်ကွင်းလယ်လူ ဂျိုး ဝေးလော့ခ်ရဲ့ အားသာချက်ကို ထုတ်ဖော်ပြောဆို ချီးမွမ်းလိုက်ပါတယ်။
“ကျွန်တော် ဂျိုးကို ပြောချင်ပါတယ်။ သူက ကျွန်တော် နှစ်သက်တဲ့ ကစားသမားမျိုးပါ။ သူ့မှာ ထူးခြားတဲ့ အရည်အသွေးရှိနေပါတယ်။ အသင်းလူစာရင်းမှာ သူ့မှာပဲရှိနေတဲ့ အရည်အသွေးမျိုးပေါ့။ ဒါကို ကျွန်တော်တို့ အသုံးချသွားမှာပါ” လို့ အာတီတာကဆိုခဲ့ပါတယ်။

အဆိုပါ အရည်အသွေးက ဘာလဲဆိုတာကိုလည်း အာတီတာက ခုလိုပြောဆိုသွားခဲ့ပါသေးတယ်။ “နောက်ဆုံး သူကစားသွားတဲ့ ပွဲစဉ်တွေမှာ သူ ဘာလုပ်ပြနိုင်သလဲဆိုတာကို ထုတ်ပြသွားခဲ့တာကို ခင်ဗျားတို့ သတိထားမိမယ်ထင်ပါတယ်။ ပြိုင်ဘက်ရဲ့ နယ်မြေတွေထဲမှာ ကောင်းကောင်းဝင်ကစားပြခဲ့သလို အန္တရယ်ဇုံတွေထဲကို အမှားအယွင်းမရှိ ပြေးဝင်နိုင်ခဲ့တာမျိုးပေါ့။ သူ့ရဲ့ အားသာချက်က ရုပ်ပိုင်းဆိုင်ရာ မာကျောမှု၊ ပွဲကိုဖတ်နိုင်စွမ်းနဲ့ ဘောလုံးအမြင်တွေကို ပေါင်းစပ်ပြီး ပြိုင်ဘက် ဧရိယာထဲကို ဝင်ရောက်တတ်တာပါ။ ဒီအချက်က ပွဲအပေါ် အများကြီး သက်ရောက်စေပါတယ်” လို့ စပိန်လူမျိုးနည်းပြက ဆိုခဲ့ပါတယ်။
ဂျိုး ဝေးလော့ခ်ဟာ အာဆင်နယ်အသင်းရဲ့ ယူရိုပါလိဂ် ပွဲစဉ် ၃ ပွဲမှာ ၂ ဂိုးသွင်းယူကာ ၁ ဂိုးဖန်တီးပေးထားပြီး မိုလ်ဒီနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းရရှိခဲ့တဲ့ OG ၂ ဂိုးကလည်း သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ရခဲ့တာဖြစ်ပါတယ်။

ဒီလိုခြေစွမ်းပြသနေတဲ့ ဝေးလော့ခ်ကို ဒီထက်ပို အခွင့်အရေးပေးသွားမယ်လို့လည်း အာတီတာကဆိုသွားခဲ့ပြီး ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်ပေးဖွယ်ရှိကြောင်း အရိပ်အမြွက်ဖွင့်ဟသွားခဲ့ပါသေးတယ်။
“သူက ဆက်တိုက် တိုးတက်လာနေပါတယ်။ သူ့ရဲ့ ခြေစွမ်းအပေါ် ကျွန်တော် ကျေနပ်အားရမိပါတယ်။ သူလုပ်နိုင်သမျှ သူကြိုးစားလုပ်နေပါတယ်။ သူ ဂိုးတွေလည်း သွင်းနေတယ်၊ ဂိုးဖန်တီးမှုတစ်ချို့လည်း လုပ်နေတယ်။ တကယ်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပါပဲ။ သူဒီအတိုင်းဆက်ကြိုးစားဖို့ ကျွန်တော် အကြံပေးချင်ပါတယ်။ သူမျှော်လင့်ထားတဲ့ ပရီးမီးယားလိဂ်မှာ ကစားရဖို့ အခွင့်အရေး ရောက်လာတော့မှာပါ” လို့လည်း အာတီတာက ဆိုသွားခဲ့ပါတယ်။
Source: Arsenal
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ မန္ေနဂ်ာျဖစ္သူ မီခယ္ အာတီတာက လက္ရွိမွာ ေျခစြမ္းေကာင္းေတြ ျပသေနတဲ့ လူငယ္ကြင္းလယ္လူ ဂ်ိဳး ေဝးေလာ့ခ္ရဲ႕ အားသာခ်က္ကို ထုတ္ေဖာ္ေျပာဆို ခ်ီးမြမ္းလိုက္ပါတယ္။
“ကၽြန္ေတာ္ ဂ်ိဳးကို ေျပာခ်င္ပါတယ္။ သူက ကၽြန္ေတာ္ ႏွစ္သက္တဲ့ ကစားသမားမ်ိဳးပါ။ သူ႔မွာ ထူးျခားတဲ့ အရည္အေသြးရွိေနပါတယ္။ အသင္းလူစာရင္းမွာ သူ႔မွာပဲရွိေနတဲ့ အရည္အေသြးမ်ိဳးေပါ့။ ဒါကို ကၽြန္ေတာ္တို႔ အသံုးခ်သြားမွာပါ” လို႔ အာတီတာကဆိုခဲ့ပါတယ္။

အဆုိပါ အရည္အေသြးက ဘာလဲဆိုတာကိုလည္း အာတီတာက ခုလိုေျပာဆိုသြားခဲ့ပါေသးတယ္။ “ေနာက္ဆံုး သူကစားသြားတဲ့ ပြဲစဥ္ေတြမွာ သူ ဘာလုပ္ျပႏုိင္သလဲဆိုတာကို ထုတ္ျပသြားခဲ့တာကို ခင္ဗ်ားတုိ႔ သတိထားမိမယ္ထင္ပါတယ္။ ျပိဳင္ဘက္ရဲ႕ နယ္ေျမေတြထဲမွာ ေကာင္းေကာင္းဝင္ကစားျပခဲ့သလို အႏၱရယ္ဇံုေတြထဲကို အမွားအယြင္းမရွိ ေျပးဝင္ႏုိင္ခဲ့တာမ်ိဳးေပါ့။ သူ႔ရဲ႕ အားသာခ်က္က ရုပ္ပိုင္းဆုိင္ရာ မာေက်ာမႈ၊ ပြဲကိုဖတ္ႏုိင္စြမ္းနဲ႔ ေဘာလံုးအျမင္ေတြကို ေပါင္းစပ္ျပီး ျပိဳင္ဘက္ ဧရိယာထဲကို ဝင္ေရာက္တတ္တာပါ။ ဒီအခ်က္က ပြဲအေပၚ အမ်ားၾကီး သက္ေရာက္ေစပါတယ္” လုိ႔ စပိန္လူမ်ိဳးနည္းျပက ဆိုခဲ့ပါတယ္။
ဂ်ိဳး ေဝးေလာ့ခ္ဟာ အာဆင္နယ္အသင္းရဲ႕ ယူရိုပါလိဂ္ ပြဲစဥ္ ၃ ပြဲမွာ ၂ ဂိုးသြင္းယူကာ ၁ ဂိုးဖန္တီးေပးထားျပီး မိုလ္ဒီနဲ႔ပြဲစဥ္မွာ အာဆင္နယ္အသင္းရရွိခဲ့တဲ့ OG ၂ ဂိုးကလည္း သူ႔ရဲ႕ ၾကိဳးစားအားထုတ္မႈေတြေၾကာင့္ရခဲ့တာျဖစ္ပါတယ္။

ဒီလိုေျခစြမ္းျပသေနတဲ့ ေဝးေလာ့ခ္ကို ဒီထက္ပို အခြင့္အေရးေပးသြားမယ္လို႔လည္း အာတီတာကဆိုသြားခဲ့ျပီး ပရီးမီးယားလိဂ္မွာ ပြဲထြက္ခြင့္ေပးဖြယ္ရွိေၾကာင္း အရိပ္အျမြက္ဖြင့္ဟသြားခဲ့ပါေသးတယ္။
“သူက ဆက္တုိက္ တိုးတက္လာေနပါတယ္။ သူ႔ရဲ႕ ေျခစြမ္းအေပၚ ကၽြန္ေတာ္ ေက်နပ္အားရမိပါတယ္။ သူလုပ္ႏုိင္သမွ် သူၾကိဳးစားလုပ္ေနပါတယ္။ သူ ဂိုးေတြလည္း သြင္းေနတယ္၊ ဂိုးဖန္တီးမႈတစ္ခ်ိဳ႕လည္း လုပ္ေနတယ္။ တကယ္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ပါပဲ။ သူဒီအတုိင္းဆက္ၾကိဳးစားဖို႔ ကၽြန္ေတာ္ အၾကံေပးခ်င္ပါတယ္။ သူေမွ်ာ္လင့္ထားတဲ့ ပရီးမီးယားလိဂ္မွာ ကစားရဖို႔ အခြင့္အေရး ေရာက္လာေတာ့မွာပါ” လို႔လည္း အာတီတာက ဆိုသြားခဲ့ပါတယ္။
Source: Arsenal