သမိုင်းဝင်စံချိန်ကို ရိုက်ချိုးလိုက်ပြန်တဲ့ ဂျိုး ဝေးလော့ခ်

[UNICODE]

အာဆင်နယ်အသင်းကနေ နယူးကာဆယ် ယူနိုက်တက်အသင်းမှာ အငှားသွားရောက်ကစားနေတဲ့ လူငယ်ကွင်းလယ်လူ ဂျိုး ဝေးလော့ခ်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ မှတ်တိုင်တစ်ရပ် စိုက်ထူလိုက်ပြီဖြစ်ပါတယ်။

ဒါကတော့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ၆ ပွဲဆက် ဂိုးသွင်းယူနိုင်တဲ့ အသက်အငယ်ဆုံး လူငယ်ကစားသမားဖြစ်လာခဲ့တာပါ။ ဝေးလော့ခ်ဟာာ အဆိုပါစံချိန်ကို ၂၁ နှစ် ၂၇၂ ရက်နဲ့ စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါစံချိန်ကို မူလကတင်ရှိထားသူက အဲဗာတန်တိုက်စစ်မှူးဟောင်း ရိုမီလူ လူကာကူဖြစ်ပြီး ၂၀၁၅-၁၆ ရာသီတုန်းကပါ။ အဲဒီအချိန်တုန်းက လူကာကူရဲ့အသက်ဟာ ၂၂ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ဝေးလော့ခ်က ၂၁ နှစ်နဲ့ စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဝေးလော့ခ်ဟာ ယခုတစ်ပတ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရှက်ဖီးလ်ဒ် ယူနိုက်တက်နဲ့ပွဲစဉ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူကာ အဆိုပါစံချိန်မှတ်တမ်းသစ်ကို တင်ရှိနိုင်ခဲ့တာဖြစ်ပြီး အဆိုပါသွင်းဂိုးဟာ သူ့ရဲ့ နယူးကာဆယ် ကစားသမားဘဝ ၁၃ ပွဲမှာ ၇ ဂိုးမြောက်သွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူ ဂျိုးဆက်ဖ် ဝေးလော့ခ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာလည်း နယူးကာဆယ်အသင်းရဲ့ သမိုင်းဝင်စံချိန်တစ်ခုဖြစ်တဲ့ ကစားသမားဘဝအဖွင့် ၁၁ ပွဲအတွင်း ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကစားသမားစံချိန်နဲ့ ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် အသက်အငယ်ဆုံး ၅ ပွဲဆက်ဂိုးသွင်းယူနိုင်တဲ့ စံချိန်တွေကိုလည်း တင်ရှိနိုင်ခဲ့ပါသေးတယ်။

ခုလို စံချိန်မှတ်တမ်းတွေကို ဆက်တိုက်ချိုးဖြတ်နေတဲ့ ဝေးလော့ခ်ဟာ ခြေစွမ်းကောင်းပြသနေပေမယ့် သူ့ရဲ့ အနာဂတ်ကတော့ ရှင်းလင်းမှုမရှိပဲဖြစ်နေပြီး ရာသီကုန်ချိန်မှာ အာဆင်နယ်ထံပြန်လာမလား နယူးကာဆယ်ထံ အပြီးသတ်ပြောင်းရွှေ့မလားဆိုတာကို စောင့်ကြည့်သွားရပါမယ်။

Source: Premier League

[ZAWGYI]

အာဆင္နယ္အသင္းကေန နယူးကာဆယ္ ယူႏုိက္တက္အသင္းမွာ အငွားသြားေရာက္ကစားေနတဲ့ လူငယ္ကြင္းလယ္လူ ဂ်ိဳး ေဝးေလာ့ခ္ဟာ ပရီးမီးယားလိဂ္သမုိင္းမွာ မွတ္တုိင္တစ္ရပ္ စိုက္ထူလိုက္ျပီျဖစ္ပါတယ္။

ဒါကေတာ့ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ၆ ပြဲဆက္ ဂိုးသြင္းယူႏုိင္တဲ့ အသက္အငယ္ဆံုး လူငယ္ကစားသမားျဖစ္လာခဲ့တာပါ။ ေဝးေလာ့ခ္ဟာာ အဆုိပါစံခ်ိန္ကို ၂၁ ႏွစ္ ၂၇၂ ရက္နဲ႔ စံခ်ိန္သစ္တင္ႏုိင္ခဲ့တာျဖစ္ပါတယ္။

အဆိုပါစံခ်ိန္ကို မူလကတင္ရွိထားသူက အဲဗာတန္တုိက္စစ္မွဴးေဟာင္း ရိုမီလူ လူကာကူျဖစ္ျပီး ၂၀၁၅-၁၆ ရာသီတုန္းကပါ။ အဲဒီအခ်ိန္တုန္းက လူကာကူရဲ႕အသက္ဟာ ၂၂ ႏွစ္အရြယ္ရွိေနျပီျဖစ္ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ေဝးေလာ့ခ္က ၂၁ ႏွစ္နဲ႔ စံခ်ိန္သစ္တင္ႏုိင္ခဲ့တာျဖစ္ပါတယ္။

ေဝးေလာ့ခ္ဟာ ယခုတစ္ပတ္ ယွဥ္ျပိဳင္ကစားခဲ့တဲ့ ရွက္ဖီးလ္ဒ္ ယူႏိုက္တက္နဲ႔ပြဲစဥ္မွာ တစ္လံုးတည္းေသာ အႏုိင္ဂိုးကို သြင္းယူကာ အဆုိပါစံခ်ိန္မွတ္တမ္းသစ္ကို တင္ရွိႏုိင္ခဲ့တာျဖစ္ျပီး အဆုိပါသြင္းဂိုးဟာ သူ႔ရဲ႕ နယူးကာဆယ္ ကစားသမားဘဝ ၁၃ ပြဲမွာ ၇ ဂိုးေျမာက္သြင္းဂိုးလည္း ျဖစ္လာခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ ကြင္းလယ္လူ ဂ်ိဳးဆက္ဖ္ ေဝးေလာ့ခ္ဟာ ျပီးခဲ့တဲ့ရက္သတၱပတ္အတြင္းမွာလည္း နယူးကာဆယ္အသင္းရဲ႕ သမုိင္းဝင္စံခ်ိန္တစ္ခုျဖစ္တဲ့ ကစားသမားဘဝအဖြင့္ ၁၁ ပြဲအတြင္း ဂိုးအမ်ားဆံုးသြင္းယူႏုိင္တဲ့ ကစားသမားစံခ်ိန္နဲ႔ ပရီးမီးယားလိဂ္မွာ ဒုတိယေျမာက္ အသက္အငယ္ဆံုး ၅ ပြဲဆက္ဂိုးသြင္းယူႏုိင္တဲ့ စံခ်ိန္ေတြကိုလည္း တင္ရွိႏုိင္ခဲ့ပါေသးတယ္။

ခုလို စံခ်ိန္မွတ္တမ္းေတြကို ဆက္တုိက္ခ်ိဳးျဖတ္ေနတဲ့ ေဝးေလာ့ခ္ဟာ ေျခစြမ္းေကာင္းျပသေနေပမယ့္ သူ႔ရဲ႕ အနာဂတ္ကေတာ့ ရွင္းလင္းမႈမရွိပဲျဖစ္ေနျပီး ရာသီကုန္ခ်ိန္မွာ အာဆင္နယ္ထံျပန္လာမလား နယူးကာဆယ္ထံ အျပီးသတ္ေျပာင္းေရႊ႕မလားဆိုတာကို ေစာင့္ၾကည့္သြားရပါမယ္။

Source: Premier League

Leave a Reply