သီးသီးက ဘာတွေကောင်းသလဲ

သီးသီး (wood apple) ကို ဒီအတိုင်း စားကြသလို ယိုထိုးပြီးလည်း စားကြပါတယ်။ အပင်ကြီးမျိုးဖြစ်ပြီး ပင်စည်မှာ အခေါက်ကြမ်းကြမ်းတွေနဲ့အတူ ဆူးတွေပါ ရှိတတ်ပါတယ်။ ရှောက်ပင်၊ သံပုရာပင်၊ သနပ်ခါးပင်၊ ပျဉ်တော်သိမ်ပင်တို့နဲ့ မျိုးရင်းတူပြီး မွှေးရနံ့ရှိပါတယ်။

သီးသီးက အပြင်ခွံမာမာလေးနဲ့ လုံးဝန်းပါတယ်။ အထဲမှာ အနှစ်လေးတွေရှိပြီး အစေ့ အဖြူလေးတွေ ပါရှိပါတယ်။ မြင်သာအောင်ပြောပြရရင် ဥသျှစ်သီး အသေးစားလေးနဲ့ တူပါတယ်။

သီးသီးမှာပါတဲ့ အာဟာရ

သီးသီးရဲ့ အနှစ်ထဲတွင်

ပရိုတင်း

ကာဗိုဟိုက်ဒရိတ်

အဆီဓာတ်

ကယ်လ်ဆီယမ်

ဗီတာမင် B

ဗီတာမင် C တို့ ပါဝင်ပါတယ်။

သီးသီးကပေးတဲ့ ကျန်းမာရေး

ယိုပဲ ထိုးစားစား၊ အနှစ်ကို တိုက်ပြီး ဖျော်ရည်ပဲ လုပ်သောက်သောက်၊ အသီးကို ငရုတ်သီး၊ ဆားတို့နဲ့ နယ်ပြီးပဲ စားစား အရသာရှိတဲ့ သီးသီးလေးက …

  • အစာခြေစနစ် ကျန်းမာစေတယ်

သီသီးက အမျှင်ဓာတ် ကြွယ်ဝတဲ့ အသီးဖြစ်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေသလို အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေပါတယ်။ သိပ်မမှည့်သေးတဲ့ သီးသီးကို ဝမ်းပျက်ဝမ်းလျှောတာ သက်သာစေဖို့ သုံးလို့ရသလို ဝမ်းသွားရခက်တာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

  • အနာကျက်စေနိုင်တယ်

သီးသီးက အရောင်ကျစေနိုင်သလို အနာကျက်စေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ သီသီးကို စားသုံးပေးလို့ရသလို အနာပေါ်ကို တိုက်ရိုက် အသုံးပြုပေးလို့လည်း ရပါတယ်။

  • အစာအိမ် ကျန်းမာစေတယ်

သီးသီး အမှည့်ကို စားသုံးပေးတာက အစာအိမ်ကို ကျန်းမာစေပြီး လေထိုးလေအောင့်တာနဲ့ အမျိုးမျိုးသော အစာအိမ်ပြဿနာတွေကို ကင်းစေပါတယ်။

  • အရေပြားပြဿနာ ကင်းစေတယ်

သီးသီးအရွက် ကြိတ်ရည်ကို အရေပြားမှာ လိမ်းပေးတာ၊ ခပ်ဖွဖွလေးနှိပ်နယ်ပေးတာက အင်ပျဉ် အပါအဝင် အရေပြား ပြဿနာ တော်တော်များများကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံကိုလည်း သက်သာစေနိုင်ပါတယ်။

  • နေလောင်တာကို သက်သာစေတယ်

သီးသီးခေါက်ကို သွေးလူးတာက နေလောင်တာကို သိသိသာသာ သက်သာစေပါတယ်။

ဒါတွေအပြင် သီးသီးက

ပန်းနာရင်ကျပ်ကို သက်သာစေတယ်။

ရင်သားကင်ဆာ ကာကွယ်ပေးတယ်။

သားအိမ်ကင်ဆာ ကာကွယ်ပေးတယ်။

ကျောက်ကပ် ကျန်းမာစေတယ်။

ကိုယ်ခံအား ကောင်းစေတယ်။

အအေးမိတာနဲ့ အသက်ရှူ လမ်းကြောင်း ပြဿနာတွေကို သက်သာစေတယ်။

နားပြဿနာတွေကို သက်သာစေတယ်။

မျက်စိကျန်းမာရေး ကောင်းစေတယ်။

အရသာရှိတဲ့ သီးသီးလေး စားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရယူလိုက်ပါ။

Leave a Reply