သူတို့က ကျွန်တော့်ကို ကျော်ပြီး ပက်ပေကို ရွေးချယ်သွားခဲ့တယ် – ဇာဟာ

[UNICODE]

အာဆင်နယ်အသင်းနဲ့ သူနဲ့ အကြား အပြောင်းအရွှေ့ဖြစ်လုနီးပါး အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပြီးတော့မှ ပျက်ပြယ်ခဲ့တာဖြစ်တယ်လို့ ခရစ္စတယ်ပဲလေ့်စ် တိုက်စစ်ကြယ်ပွင့် ဝီးလ်ဖရက်ဒ် ဇာဟာက ပထမဆုံးအကြိမ် အတိတလင်းထုတ်ဖော်ဝန်ခံလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၁၉ ခုနှစ်နွေရာသီတုန်းက ဇာဟာကို ခေါ်ယူဖို့ စီစဉ်ခဲ့ပြီး ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်တဲ့ အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပေမယ့် ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုတွေ အဆင်မပြေဖြစ်ခဲ့တာမို့ လိုင်လီအသင်းက နီကိုလပ် ပက်ပေကို ပေါင် ၇၂ သန်းနဲ့ ပြောင်းလဲ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်လို့ အသက် ၂၇ နှစ်အရွယ် တောင်ပံကြယ်ပွင့် ဇာဟာက ဂျေမီ ကာရေဂါရဲ့ The Greatest Game Podcast မှာ ခုလိုပြောဆိုသွားခဲ့ပါတယ်။ “ကျွန်တော် အမ်မရီနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ သိပ်အများကြီး မဆွေးနွေးခဲ့ရပါဘူး။ သူက ကျွန်တော်ကစားတာကို မြင်ဖူးတယ်။ ကျွန်တော်က ပွဲတွေကို ပြောင်းလဲနိုင်တာမို့ သူသဘောကျတယ်လို့ ပြောခဲ့တယ်။ ကျွန်တော့်ကို သဘောကျတယ်။ အသင်းကိုလာခဲ့လို့ ပြောသွားတယ်။ စကားပြောရတာက ဒဲ့ဒိုးကျပြီးတော့ ထိရောက်ပါတယ်။ ကျွန်တော်တို့ အာဆင်နယ်နဲ့ ရင်ဆိုင်တဲ့ ပွဲမှာပေါ့” လို့ ဇာဟာက ပြောသွားခဲ့ပါတယ်။

“သူက ကျွန်တော်ဘာလုပ်နိုင်လဲ သိတယ်ဗျ။ လုပ်အားနှုန်းနဲ့ အသင်းကို ဖြည့်စွမ်းပေးနိုင်မယ့် အရာတွေကိုပေါ့။ ဒါပေမယ့် သိသာပါတယ်။ အသင်းကတော့ ကျွန်တော့်ကို ကျော်ပြီး ပက်ပေကို ရွေးချယ်သွားခဲ့ပါတယ်” လို့လည်း ဇာဟာက ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။

ပက်ပေကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တဲ့ မန်နေဂျင်း ဒါရိုက်တာ ရာအူးလ် ဆန်လက်ဟီဟာလည်း နောက်ပိုင်းမှာ လိုင်လီအသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ပုဂ္ဂိုလ်ရေးနီးစပ်မှုတွေရှိတာကြောင့် ခုလိုခေါ်ယူခဲ့တယ်ဆိုတာ ပေါ်လာခဲ့တာကြောင့် ရာထူးကနေ နှုတ်ထွက်ခဲ့ရပါတယ်။

ဇာဟာအနေနဲ့ ပဲလေ့စ်မှာ ဆက်နေခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်မှာ ၄ ဂိုးသွင်း ၃ ဂိုးဖန်တီးနိုင်ခဲ့ပြီး လက်ရှိရာသီမှာတော့ ၈ ဂိုးသွင်းယူကာ ၂ ဂိုးဖန်တီးပေးထားပါတယ်။ အာဆင်နယ်အသင်း ခေါ်ယူခဲ့တဲ့ နီကိုလပ် ပက်ပေကတော့ ယမန်နှစ်ရာသီတုန်းက ပရီးမီးယားလိဂ်မှာ ၆ ဂိုးသွင်းယူက ၄ ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး လက်ရှိရာသီမှာတော့ ၂ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။

Source: Daily Mail

[ZAWGYI]

အာဆင္နယ္အသင္းနဲ႔ သူနဲ႔ အၾကား အေျပာင္းအေရႊ႕ျဖစ္လုနီးပါး အေျခအေနတစ္ရပ္ကို ပိုင္ဆုိင္ခဲ့ျပီးေတာ့မွ ပ်က္ျပယ္ခဲ့တာျဖစ္တယ္လုိ႔ ခရစၥတယ္ပဲေလ့္စ္ တုိက္စစ္ၾကယ္ပြင့္ ဝီးလ္ဖရက္ဒ္ ဇာဟာက ပထမဆံုးအၾကိမ္ အတိတလင္းထုတ္ေဖာ္ဝန္ခံလုိက္ပါတယ္။

အာဆင္နယ္အသင္းဟာ ၂၀၁၉ ခုႏွစ္ေႏြရာသီတုန္းက ဇာဟာကို ေခၚယူဖုိ႔ စီစဥ္ခဲ့ျပီး ေခၚယူႏုိင္ဖို႔ အလြန္နီးစပ္တဲ့ အေျခအေနတစ္ရပ္ကို ပိုင္ဆုိင္ခဲ့ေပမယ့္ ေျပာင္းေရႊ႕ေၾကး ညွိႏိႈင္းမႈေတြ အဆင္မေျပျဖစ္ခဲ့တာမို႔ လိုင္လီအသင္းက နီကိုလပ္ ပက္ေပကို ေပါင္ ၇၂ သန္းနဲ႔ ေျပာင္းလဲ ေခၚယူခဲ့တာျဖစ္ပါတယ္။

အဆုိပါကိစၥနဲ႔ ပတ္သက္လုိ႔ အသက္ ၂၇ ႏွစ္အရြယ္ ေတာင္ပံၾကယ္ပြင့္ ဇာဟာက ေဂ်မီ ကာေရဂါရဲ႕ The Greatest Game Podcast မွာ ခုလိုေျပာဆိုသြားခဲ့ပါတယ္။ “ကၽြန္ေတာ္ အမ္မရီနဲ႔ စကားေျပာျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ သိပ္အမ်ားၾကီး မေဆြးေႏြးခဲ့ရပါဘူး။ သူက ကၽြန္ေတာ္ကစားတာကို ျမင္ဖူးတယ္။ ကၽြန္ေတာ္က ပြဲေတြကို ေျပာင္းလဲႏုိင္တာမို႔ သူသေဘာက်တယ္လုိ႔ ေျပာခဲ့တယ္။ ကၽြန္ေတာ့္ကို သေဘာက်တယ္။ အသင္းကိုလာခဲ့လို႔ ေျပာသြားတယ္။ စကားေျပာရတာက ဒဲ့ဒိုးက်ျပီးေတာ့ ထိေရာက္ပါတယ္။ ကၽြန္ေတာ္တို႔ အာဆင္နယ္နဲ႔ ရင္ဆုိင္တဲ့ ပြဲမွာေပါ့” လို႔ ဇာဟာက ေျပာသြားခဲ့ပါတယ္။

“သူက ကၽြန္ေတာ္ဘာလုပ္ႏုိင္လဲ သိတယ္ဗ်။ လုပ္အားႏႈန္းနဲ႔ အသင္းကို ျဖည့္စြမ္းေပးႏုိင္မယ့္ အရာေတြကိုေပါ့။ ဒါေပမယ့္ သိသာပါတယ္။ အသင္းကေတာ့ ကၽြန္ေတာ့္ကို ေက်ာ္ျပီး ပက္ေပကို ေရြးခ်ယ္သြားခဲ့ပါတယ္” လို႔လည္း ဇာဟာက ဆက္လက္ေျပာဆိုသြားခဲ့ပါတယ္။

ပက္ေပကို ေခၚယူဖို႔ ဆံုးျဖတ္ခဲ့တဲ့ မန္ေနဂ်င္း ဒါရိုက္တာ ရာအူးလ္ ဆန္လက္ဟီဟာလည္း ေနာက္ပိုင္းမွာ လုိင္လီအသင္းရဲ႕ တာဝန္ရွိသူေတြနဲ႔ ပုဂၢိဳလ္ေရးနီးစပ္မႈေတြရွိတာေၾကာင့္ ခုလိုေခၚယူခဲ့တယ္ဆုိတာ ေပၚလာခဲ့တာေၾကာင့္ ရာထူးကေန ႏႈတ္ထြက္ခဲ့ရပါတယ္။

ဇာဟာအေနနဲ႔ ပဲေလ့စ္မွာ ဆက္ေနခဲ့ျပီးတဲ့ေနာက္ ျပီးခဲ့တဲ့ရာသီတုန္းက ပရီးမီးယားလိဂ္မွာ ၄ ဂိုးသြင္း ၃ ဂိုးဖန္တီးႏုိင္ခဲ့ျပီး လက္ရွိရာသီမွာေတာ့ ၈ ဂိုးသြင္းယူကာ ၂ ဂိုးဖန္တီးေပးထားပါတယ္။ အာဆင္နယ္အသင္း ေခၚယူခဲ့တဲ့ နီကိုလပ္ ပက္ေပကေတာ့ ယမန္ႏွစ္ရာသီတုန္းက ပရီးမီးယားလိဂ္မွာ ၆ ဂိုးသြင္းယူက ၄ ဂိုးဖန္တီးေပးႏုိင္ခဲ့ျပီး လက္ရွိရာသီမွာေတာ့ ၂ ဂိုးသာ သြင္းယူထားႏုိင္ပါတယ္။

Source: Daily Mail

Leave a Reply