သူ့အသင်းဟာ ကစားပုံ အလွန်အညံ့ဖျင်းလွန်းခဲ့လို့ ဝန်ခံလိုက်တဲ့ အာတီတာ

[UNICODE]

အာဆင်နယ်အသင်းရဲ့ မန်နေဂျာဖြစ်သူ မီခယ် အာတီတာက အက်စတွန်ဗီလာကို ရင်ဆိုင်ခဲ့တဲ့သူ့အသင်းရဲ့ ကစားပုံဟာ ရှုံးဖို့ထိုက်တန်လောက်အောင်ကို အလွန်ညံ့ဖျင်းလွန်းခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

ဂန်းနားတွေဟာ လက်ရှိမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အက်စတွန်ဗီလာအသင်းကို အိမ်ကွင်းမှာ အဘက်ဘက်က မယှဉ်နိုင်ဖြစ်ခဲ့ပြီး ဝ-၃ ရလဒ်နဲ့ ဆိုးရွားစွာ အရေးနိမ့်ခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး နည်းပြအာတီတာက “ကျွန်တော်တို့ ကစားခဲ့တာဟာ ကျွန်တော်တို့ရှိသင့်ရှိထိုက်တဲ့ အဆင့်အတန်းရဲ့အောက်ကို အရမ်းရောက်လွန်းနေပါတယ်။ ကျွန်တော် ဒီလိုမျိုး ပြောတာ ဒါပထမဆုံးအကြိမ်ပါပဲ။ ကျွန်တော်တို့အသင်းနဲ့ မတူလောက်အောင်ကို ညံ့ဖျင်းလွန်းပါတယ်။ ကျွန်တော်တို့ ဒါကို တာဝန်ယူရပါမယ်” လို့ အာတီတာကဆိုသွားပါတယ်။

အသင်းရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့လည်း “ကျွန်တော်တို့ သူတို့ကို အဘက်ဘက်က အရေးနိမ့်ခဲ့တာပါ။ အခွင့်အရေးဖန်တီးရင်တောင်မှ လိုချင်တဲ့နေရာမရောက်တဲ့အထိ ဆိုးရွားနေတာပါ။ တော်တော်လေးကို ဆိုးဆိုးရွားရွားစုစည်းမှုပျက်နေတာပါ” လို့ စပိန်သားက ဆိုခဲ့တာပါ။

“ကျွန်တော့်အသင်းသားတွေတင်မကပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဒီကိစ္စကနေ ပြန်လည်ရုံးထွက်နိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော် နည်းပြဖြစ်ပြီးကတည်းက ဒီလိုကစားပုံမျိုးကို ကျွန်တော် ပထမဆုံးမြင်ဖူးတာပါ” လို့ အာတီတာကဆိုသွားခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ တန်းတက်အသင်းတစ်သင်းဖြစ်တဲ့ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Source: Arsenal

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ မန္ေနဂ်ာျဖစ္သူ မီခယ္ အာတီတာက အက္စတြန္ဗီလာကို ရင္ဆိုင္ခဲ့တဲ့သူ႔အသင္းရဲ႕ ကစားပုံဟာ ရႈံးဖို႔ထိုက္တန္ေလာက္ေအာင္ကို အလြန္ညံ့ဖ်င္းလြန္းခဲ့တယ္လို႔ ဝန္ခံေျပာဆိုလိုက္ပါတယ္။

ဂန္းနားေတြဟာ လက္ရွိမွာ ေျခစြမ္းေကာင္းေတြ ျပသေနတဲ့ အက္စတြန္ဗီလာအသင္းကို အိမ္ကြင္းမွာ အဘက္ဘက္က မယွဥ္ႏိုင္ျဖစ္ခဲ့ၿပီး ဝ-၃ ရလဒ္နဲ႔ ဆိုး႐ြားစြာ အေရးနိမ့္ခဲ့ပါတယ္။

ဒါနဲ႔ ပတ္သက္ၿပီး နည္းျပအာတီတာက “ကြၽန္ေတာ္တို႔ ကစားခဲ့တာဟာ ကြၽန္ေတာ္တို႔ရွိသင့္ရွိထိုက္တဲ့ အဆင့္အတန္းရဲ႕ေအာက္ကို အရမ္းေရာက္လြန္းေနပါတယ္။ ကြၽန္ေတာ္ ဒီလိုမ်ိဳး ေျပာတာ ဒါပထမဆုံးအႀကိမ္ပါပဲ။ ကြၽန္ေတာ္တို႔အသင္းနဲ႔ မတူေလာက္ေအာင္ကို ညံ့ဖ်င္းလြန္းပါတယ္။ ကြၽန္ေတာ္တို႔ ဒါကို တာဝန္ယူရပါမယ္” လို႔ အာတီတာကဆိုသြားပါတယ္။

အသင္းရဲ႕ ေျခစြမ္းနဲ႔ ပတ္သက္လို႔လည္း “ကြၽန္ေတာ္တို႔ သူတို႔ကို အဘက္ဘက္က အေရးနိမ့္ခဲ့တာပါ။ အခြင့္အေရးဖန္တီးရင္ေတာင္မွ လိုခ်င္တဲ့ေနရာမေရာက္တဲ့အထိ ဆိုး႐ြားေနတာပါ။ ေတာ္ေတာ္ေလးကို ဆိုးဆိုး႐ြား႐ြားစုစည္းမႈပ်က္ေနတာပါ” လို႔ စပိန္သားက ဆိုခဲ့တာပါ။

“ကြၽန္ေတာ့္အသင္းသားေတြတင္မကပါဘူး။ ကြၽန္ေတာ္ကိုယ္တိုင္လည္း ဒီကိစၥကေန ျပန္လည္႐ုံးထြက္ႏိုင္ဖို႔ လိုအပ္ပါတယ္။ ကြၽန္ေတာ္ နည္းျပျဖစ္ၿပီးကတည္းက ဒီလိုကစားပုံမ်ိဳးကို ကြၽန္ေတာ္ ပထမဆုံးျမင္ဖူးတာပါ” လို႔ အာတီတာကဆိုသြားခဲ့ပါေသးတယ္။

အာဆင္နယ္အသင္းဟာ ႏိုင္ငံတကာပြဲစဥ္ေတြအၿပီးမွာ တန္းတက္အသင္းတစ္သင္းျဖစ္တဲ့ လိဒ္စ္ယူႏိုက္တက္အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

Source: Arsenal

Leave a Reply