သေကြောင်းကြံစည်သူတွေကို ဘယ်လိုအထင်အမြင်လွဲမိနေကြသလဲ

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တယ်လို့ ကြားလိုက်တိုင်း ပျော့ညံ့လိုက်တာ၊ အလွယ်တကူနဲ့ အရှုံးပေးတယ်လို့ မြင်လိုက်တတ်ကြပါတယ်။ တကယ်ရော ဒီထက်မြင်ချက်တွေက မှန်ရဲ့လားဆိုတာကို ဆန်းစစ်ဖူးရဲ့လား။

လူတစ်ယောက် ကိုယ့်အသက်ကိုကိုယ် ရန်ရှာရတယ်ဆိုကတည်းက အကြောင်းရင်းခံက ဘာရယ်မဟုတ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ သက်ရှိတိုင်းလိုလိုက ရှင်သန်နေထိုင်ဖို့ စိတ်အားထက်သန်ကြပါတယ်။ ရှင်သန်နေထိုင်ဖို့ ဆန္ဒပြင်းပြတဲ့ သက်ရှိတွေထဲမှာမှ ဉာဏ်ရည်အမြင့်ဆုံး လူသားတွေက ကိုယ့်ကိုယ်ကို သေကြောင်းကြံတာနဲ့ ပတ်သက်ပြီး အမှတ်မှားနေတဲ့ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာနဲ့ ပတ်သက်ပြီး အထင်မှားနေကြတဲ့ အချက်အချို့

  • ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မယ့်သူတွေက တစ်ကိုယ်တည်း ကြိတ်ကြံစည်ကြတယ်

အများစုက ဒီလိုထင်ကြတာပါ။ တကယ်ကတော့ သေကြောင်းကြံစည်သူတွေက အခြားသူတွေဆီမှာ သူကြုံနေရတဲ့ အခက်အခဲတွေကို ပြေလည်စေဖို့ နည်းလမ်းတွေ တောင်းလေ့ရှိပါတယ်။ သူတို့အနေနဲ့ လုံးဝ အကူအညီမရမှဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ရွေးချယ် ကြတာပါ။

တကယ်ကတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူတွေဟာ နောက်ဆုံးရွေးချယ်စရာ မရှိတော့ဘူး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်တာက အကောင်းဆုံးဆိုတဲ့အတွေး ခေါင်းထဲရောက်လာချိန်မှာ အနီးဝန်းကျင်က သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို အကူအညီတောင်းကြပါတယ်။ အဆုံးမစီရင်ခင် ရက်ပိုင်းအလို ရက်သတ္တပတ် အနည်းငယ်အလိုမှာ ဆက်တိုက်ဆိုသလို နေ့စဉ်တိုင်းလိုလိုမှာ အကူအညီတောင်းခံတတ်ကြပါတယ်။

နောက်ဆုံး အကူအညီ မရမှဘဲ အဆုံးစီရင်မှုကို ရွေးချယ်သွားကြတာပါ။ ပတ်ဝန်းကျင်ကသူတွေက သတိမထားမိတာပါ။

  • သေကြောင်းကြံမယ့်သူက ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လို့ မပြောဘူး

ဒါကလည်း အဆုံးစီရင်တာနဲ့ ပတ်သက်ပြီး လူတွေ အထင်မှားနေတဲ့ ကိစ္စ တစ်ခုပါ။ အဆုံးစီရင်တော့မယ်လို့ စိတ်ပိုင်းဖြတ်ထားသူတွေဟာ သူတို့ရဲ့ နောက်ဆုံးနေ့ရက် မတိုင်ခင်မှာ အခြားသူတွေကို သူကိုယ့်ကိုယ်ကိုယ် သတ်သေတော့မယ့်အကြောင်း တစ်နည်းမဟုတ် တစ်နည်းနဲ့ အသိပေးကြပါတယ်။

  • လူတွေမှာ သေချင်စိတ်ဖြစ်တယ်ဆိုတာ အလကားပါ

လူတစ်ယောက်မှာ ပြဿနာပေါင်းစုံနဲ့ ကြုံလာရပြီး ထွက်ပေါက် လုံးဝ မရှိတဲ့ အခြေအနေမျိုးမှာ နောက်ဆုံး ထွက်ပေါက်အနေနဲ့ သူတို့အသက်ကို သူတို့လက်နဲ့ အဆုံးစီရင်လိုက်ဖို့ ရွေးချယ်တတ်ကြပါတယ်။ လူတိုင်း၊ သက်ရှိတိုင်းက ရှင်သန်ချင်စိတ် ပြင်းပြတယ်ဆိုပေမယ့် သေဖို့ကြောက်ပါတယ်။ သေချင်စိတ်ဖြစ်တယ်ဆိုတာ အလကားပါလို့ မတွေးပါနဲ့။

  • အဆုံးစီရင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းတာက သင်ဉာဏ်ပေးသလို ဖြစ်တယ်

ဒီအယူအဆက ပြောင်းပြန်ပါ။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်တဲ့အထိ စိတ်ဓာတ်ကျနေတဲ့သူကို အဆုံးစီရင်တဲ့ ကိစ္စတွေ အဆုံးစီရင်မှုကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေကို မေးမြန်းပြောပြတာက အဆုံးစီရင်မယ်ဆိုတဲ့ စိတ်ကူးကို တားဆီးပေးရာရောက်တာပါ။

ကြိုးစားရှင်သန်လို့ရတယ်ဆိုတဲ့ အခွင့်အရေးကို ပြသရာရောက်တာပါ။ သူတို့ကို ဖွင့်ဟတိုင်ပင်ဖို့ အခွင့်အရေး ပေးလိုက်တာပါပဲ။

  • အဆုံးစီရင်တာက တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူပါ

တကယ်ကတော့ အဲ့လိုမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ချင်လောက်တဲ့အထိ စိတ်ဓာတ်ကျနေသူတစ်ဦးက သူဟာ မိသားစုတွေ၊ သူချစ်ရတဲ့သူတွေအတွက် အသုံးမဝင်တော့ဘူး။ သူ့ကြောင့် ဝန်ထုတ်ဝန်ပိုးဖြစ်နေမယ်။ သူသာ မရှိတော့ရင် အဆင်ပြေသွားမလားဆိုပြီး အများအတွက်တွေးလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတာပါ။

  • ပျော့ညံ့တဲ့သူတွေပဲ အဆုံးစီရင်တဲ့ လမ်းကိုရွေးတာပါ

တကယ်လက်တွေ့မှာ အဆုံးစီရင်သွားတဲ့ ကိစ္စတိုင်းကို ကြည့်ရင် အဆုံးစီရင်သွားသူတွေဟာ သူ့ခြေထောက်ပေါ်သူ ရပ်တည်နေကြသူတွေဖြစ်သလို မိသားစုမှာ အခက်အခဲရှိတဲ့အခါတိုင်းမှာလည်း သူ့ခံစားချက်ကို မြိုသိပ်ပြီး အားလုံး အဆင်ပြေဖို့ အနစ်နာခံထားကြသူတွေပါ။

ဒီလို မျိုသိပ်အနစ်နာခံမှုတွေ တစ်စတစ်စစုလာရင်းက နောက်ဆုံးမှာ အဆုံးစီရင်မှုကို ထွက်ပေါက်အနေနဲ့ ရွေးချယ်သွားကြတာပါ။

  • လူအာရုံစိုက်ခံရအောင် လုပ်တာ

ဒါကတော့ တော်တော်လေး လွှဲမှားနေတဲ့ အယူအဆလို့ ဆိုပါရစေ။ လူတစ်ယောက် သတ်သေသွားတာက လူတွေ အာရုံစိုက်မှုကို ခံချင်တာကြောင့် မဟုတ်ပါဘူး။ သူ့မှာ အခြား ပြင်းထန်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာကြောင့်ပါ။

တကယ်တမ်း ကိစ္စသေးသေးလေးတွေ ဖြစ်ရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မယ်နော်လို့ တဖွဖွ ပြောတတ်သူတွေကမှ အာရုံစိုက်ခံရအောင် လုပ်နေကြတဲ့သူတွေပါ။

  • ကိုယ့်ကိုယ်ကိုယ် သတ်သေသူတွေက သီးသန့်ကိုရှိတာပါ

တကယ်ကတော့ ဒီအတွေးအယူအဆက မှားယွင်းနေပါတယ်။ လူတိုင်း ဘယ်သူမဆို ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်ပါတယ်။ စိတ်ပင်ပန်းစရာတွေ ကြုံတွေ့လာရတာ များလာတယ်။ ထွက်ပေါက်လည်း လုံးဝမရှိတော့ဘူးဆိုတဲ့ အခြေအနေမျိုးမှာ လူတွေက သေကြောင်းကြံစည်ကြပါတယ်။

Leave a Reply