သောမတ် ပါတေးဟာ အရမ်းမာကျောကြံ့ခိုင်လွန်းတယ်လို့ အူဘာမီယန်းပြော

[UNICODE]

ကွင်းလယ်လူသစ် သောမတ် ပါတေးရဲ့ ရုပ်ပိုင်းဆိုင်ရာ မာကျောတောင့်တင်းမှုဟာ အလွန်ကောင်းမွန်လွန်းပြီး အာဆင်နယ်မှာ အရင်တုန်းက တစ်ခါမှမရှိခဲ့ဖူးတဲ့ ကစားသမားပုံစံမျိုးဖြစ်တယ်လို့ အသင်းခေါင်းဆောင် အူဘာမီယန်းက ချီးမွမ်းပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ သောမတ် ပါတေးကို ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလ နောက်ဆုံးရက်မှာ စာချုပ်ဖျက်သိမ်းခ ပေါင် ၄၅.၅ သန်းပေးချေကာ ခေါ်ယူခဲ့တာဖြစ်ပြီး ကြာသာပတေးညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ရက်ပစ် ဗီယင်နာနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပထမဆုံးစတင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ပါတေးဟာ အဆိုပါပွဲစဉ်မှာ Man of the Match ဆုရရှိခဲ့သလို ဘောလုံးပေးပို့မှု ၂၂၁ ကြိမ်၊ တိကျတဲ့ အဝေးဘောပေးပို့မှု ၅ ကြိမ်၊ ပြစ်ဒါဏ်ဘော ရယူနိုင်မှု ၆ ကြိမ်၊ ရှင်းထုတ်မှု ၆ ကြိမ်ကိုလည်း ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်ဟာ အသင်းရဲ့ နိုင်ပွဲမှာ အရေးပါခဲ့ပြီး ပရိတ်သတ်တွေ၊ ကစားသမားဟောင်းတွေနဲ့ ဂန္တဝင်တွေရဲ့ ချီးမွမ်းမှုတွေကို ဆက်တိုက်ရရှိခဲ့တာပါ။

ခုချိန်မှာလည်း အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ အူဘာမီယန်းကလည်း ပါတေးနဲ့ ပတ်သက်လို့ ခုလိုသုံးသပ်ပြောဆိုလိုက်ပါတယ်။ “သောမတ်က အသင်းကို စပြီး ရောက်လာစဉ်ကတည်းက တကယ်ကို ကောင်းမွန်ခဲ့တာပါ။ သူက အသင်းနဲ့ ကောင်းကောင်း ပူးပေါင်းနိုင်ခဲ့တာပါ။


သူက ကြင်နာတတ်တယ်၊ တည်ငြိမ်တယ်၊ အမြဲတမ်း အပြုံးလေးနဲ့။ ကွင်းထဲမှာဆိုရင်တော့ သူ ဘာတွေလုပ်ပြနိုင်သလဲ ခင်ဗျားတို့မြင်ပါတယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ မာကျောကြံ့ခိုင်မှုက အရမ်း အရမ်းကို ကောင်းမွန်လွန်းပါတယ်။ ဘောလုံးဖြန့်ဝေမှုကလည်း ဒီအတိုင်းပါပဲ” လို့ အူဘာမီယန်းက အသင်းရဲ့ ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောဆိုသွားခဲ့တာပါ။

“အရင်တုန်းက ကျွန်တော်တို့အသင်းမှာ သူ့လိုကစားသမားမျိုးမရှိခဲ့ဖူးပါဘူး။ ဘောလုံးဖြန့်ဝေမှု တိုးတက်လာဖို့၊ ပြိုင်ဘက်ကို ဖိအားပေးနှိမ်နင်းဖို့နဲ့ ရှေ့ကို ဘောလုံးပေးပို့ဖို့တွေကို သူကောင်းကောင်းလုပ်နိုင်ပါတယ်။ သူက ကျွန်တော်တို့အသင်းရဲ့ အဓိက ကစားသမားဖြစ်နေပါပြီ။ ဒါက လူငယ်တွေအတွက် ကောင်းမွန်တဲ့ကိစ္စပါ။ သူ့လို စတိုင်နဲ့ကစားချင်သူတွေအတွက်ပေါ့။ သူတို့တွေ သောမတ် ဆီကနေ အများကြီးလေ့လာခွင့်ရနေပါပြီ” လို့ အူဘာမီယန်းက ပြောဆိုသွားခဲ့တာပါ။

Source: Arsenal

[ZAWGYI]

ကြင္းလယ္လူသစ္ ေသာမတ္ ပါေတးရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ မာေက်ာေတာင့္တင္းမႈဟာ အလြန္ေကာင္းမြန္လြန္းၿပီး အာဆင္နယ္မွာ အရင္တုန္းက တစ္ခါမွမရွိခဲ့ဖူးတဲ့ ကစားသမားပုံစံမ်ိဳးျဖစ္တယ္လို႔ အသင္းေခါင္းေဆာင္ အူဘာမီယန္းက ခ်ီးမြမ္းေျပာဆိုလိုက္ပါတယ္။

အာဆင္နယ္အသင္းဟာ ေသာမတ္ ပါေတးကို ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလ ေနာက္ဆုံးရက္မွာ စာခ်ဳပ္ဖ်က္သိမ္းခ ေပါင္ ၄၅.၅ သန္းေပးေခ်ကာ ေခၚယူခဲ့တာျဖစ္ၿပီး ၾကာသာပေတးညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ရက္ပစ္ ဗီယင္နာနဲ႔ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ ပြဲထြက္ကစားသမားအျဖစ္ ပထမဆုံးစတင္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။

ပါေတးဟာ အဆိုပါပြဲစဥ္မွာ Man of the Match ဆုရရွိခဲ့သလို ေဘာလုံးေပးပို႔မႈ ၂၂၁ ႀကိမ္၊ တိက်တဲ့ အေဝးေဘာေပးပို႔မႈ ၅ ႀကိမ္၊ ျပစ္ဒါဏ္ေဘာ ရယူႏိုင္မႈ ၆ ႀကိမ္၊ ရွင္းထုတ္မႈ ၆ ႀကိမ္ကိုလည္း ျပဳလုပ္ခဲ့ပါတယ္။ သူ႔ရဲ႕ ေျခစြမ္ဟာ အသင္းရဲ႕ ႏိုင္ပြဲမွာ အေရးပါခဲ့ၿပီး ပရိတ္သတ္ေတြ၊ ကစားသမားေဟာင္းေတြနဲ႔ ဂႏၲဝင္ေတြရဲ႕ ခ်ီးမြမ္းမႈေတြကို ဆက္တိုက္ရရွိခဲ့တာပါ။

ခုခ်ိန္မွာလည္း အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ျဖစ္တဲ့ အူဘာမီယန္းကလည္း ပါေတးနဲ႔ ပတ္သက္လို႔ ခုလိုသုံးသပ္ေျပာဆိုလိုက္ပါတယ္။ “ေသာမတ္က အသင္းကို စၿပီး ေရာက္လာစဥ္ကတည္းက တကယ္ကို ေကာင္းမြန္ခဲ့တာပါ။ သူက အသင္းနဲ႔ ေကာင္းေကာင္း ပူးေပါင္းႏိုင္ခဲ့တာပါ။


သူက ၾကင္နာတတ္တယ္၊ တည္ၿငိမ္တယ္၊ အၿမဲတမ္း အၿပဳံးေလးနဲ႔။ ကြင္းထဲမွာဆိုရင္ေတာ့ သူ ဘာေတြလုပ္ျပႏိုင္သလဲ ခင္ဗ်ားတို႔ျမင္ပါတယ္။ သူ႔ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ မာေက်ာႀကံ့ခိုင္မႈက အရမ္း အရမ္းကို ေကာင္းမြန္လြန္းပါတယ္။ ေဘာလုံးျဖန႔္ေဝမႈကလည္း ဒီအတိုင္းပါပဲ” လို႔ အူဘာမီယန္းက အသင္းရဲ႕ ဝက္ဘ္ဆိုက္နဲ႔ အင္တာဗ်ဴးမွာ ထည့္သြင္းေျပာဆိုသြားခဲ့တာပါ။

“အရင္တုန္းက ကြၽန္ေတာ္တို႔အသင္းမွာ သူ႔လိုကစားသမားမ်ိဳးမရွိခဲ့ဖူးပါဘူး။ ေဘာလုံးျဖန႔္ေဝမႈ တိုးတက္လာဖို႔၊ ၿပိဳင္ဘက္ကို ဖိအားေပးႏွိမ္နင္းဖို႔နဲ႔ ေရွ႕ကို ေဘာလုံးေပးပို႔ဖို႔ေတြကို သူေကာင္းေကာင္းလုပ္ႏိုင္ပါတယ္။ သူက ကြၽန္ေတာ္တို႔အသင္းရဲ႕ အဓိက ကစားသမားျဖစ္ေနပါၿပီ။ ဒါက လူငယ္ေတြအတြက္ ေကာင္းမြန္တဲ့ကိစၥပါ။ သူ႔လို စတိုင္နဲ႔ကစားခ်င္သူေတြအတြက္ေပါ့။ သူတို႔ေတြ ေသာမတ္ ဆီကေန အမ်ားႀကီးေလ့လာခြင့္ရေနပါၿပီ” လို႔ အူဘာမီယန္းက ေျပာဆိုသြားခဲ့တာပါ။

Source: Arsenal

Leave a Reply