အကောင်းအဆိုး ဒွန်တွဲနေတဲ့ ဘူယွန်ဒီယာရဲ့ တရားဝင်တန်ကြေး

[UNICODE]

နော်ဝစ်ချ်စီးတီးအသင်းရဲ့ အားကစားဒါရိုက်တာ စတူးဝပ် ဝက်ဘ်က အာဆင်နယ်အသင်းအနေနဲ့ သူတို့အသင်းက ကွင်းလယ်ဖန်တီးရှင် အီမီလီယာနို ဘူယွန်ဒီယာကို ခေါ်ယူချင်တယ်ဆိုရင် အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းဖို့ လိုအပ်လိမ့်မယ်လို့ သတိပေးစကားပြောဆိုလိုက်ပါတယ်။

ဒါပေမယ့်လည်း ဝက်ဘ်ရဲ့ ပြောစကားဟာ အာဆင်နယ်အသင်းအတွက် သတင်းဆိုးဖြစ်မလာခဲ့ပဲ သတင်းကောင်းဖြစ်လာခဲ့တာပါ။ အကြောင်းကတော့ နော်ဝစ်ချ်စီးတီးအသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဟာ ဘန် ဂေါ့ဒ်ဖရေတစ်ယောက် အဲဗာတန်ကို ပြောင်းရွှေ့စဉ်တုန်းက ရရှိခဲ့တဲ့ ပမာဏ ပေါင် ၂၅ သန်းဖြစ်နေတာကြောင့်ပါပဲ။

စတူးဝပ် ဝက်ဘ်က သူတို့အသင်းအနေနဲ့ ဘူယွန်ဒီယာ၊ ကန့်ဒ်ဝဲလ်နဲ့ မက်ဇ် အာရွန်တို့လို ထိပ်တန်းကြယ်ပွင့်တစ်ချို့ကို ထိမ်းသိမ်းနိုင်ဖွယ်မရှိဘူးလို့ ဝန်ခံခဲ့ပြီး လာမယ့်နွေရာသီမှာ တစ်ချို့ကို ရောင်းထုတ်မယ်လို့လည်း အတည်ပြုသွားပါတယ်။

“သေချာတာကတော့ ဒီလူတွေထဲက တစ်စုံတစ်ယောက်ကို ရောင်းထုတ်ဖြစ်မယ်ဆိုရင် ကလပ်အတွက် စံချိန်တင် ပမာဏမျိုးရရှိမှ ရောင်းထုတ်သွားမှာပါ။ သူတို့ ၃ ယောက်က ကျွန်တော်တို့ ဈေးကွက်ထဲမှာ လူအင်အားဖြည့်တင်းမှုပိုင်း ပိုမိုအားကောင်းလာအောင် ရန်ပုံငွေရှာဖွေပေးမယ့်သူတွေ ဖြစ်ချင်ဖြစ်လာနိုင်ပါတယ်” လို့ သူက BBC Sport ကို ပြောဆိုသွားပါတယ်။

Goal၊ BBC Sport နဲ့ The Athletic တို့ကတော့ နော်ဝစ်ချ်အသင်းဘက်က မျှော်လင့်ထားတဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏဟာ ပေါင် သန်း ၃၀ လို အတည်ပြုသွားခဲ့ကြပြီး ဒါဟာ အရင်တုန်းက မီဒီယာတွေ ခန့်မှန်းသုံးသပ်ထားတဲ့ ပေါင် သန်း ၄၀ ထက် ပိုမိုနည်းပါးတဲ့ ပမာဏဖြစ်နေတာမို့ အာဆင်နယ်အတွက်တော့ သတင်းကောင်းဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ခုလိုမျိုး တန်ကြေးသတ်မှတ်ပြီးသွားချိန်မှာ ဘူယွန်ဒီယာကို ခေါ်ယူချင်တဲ့အသင်းတွေ တိုးတလာခဲ့ပြီး မူလချဉ်းကပ်နေတဲ့ အာဆင်နယ်၊ ဗီလာနဲ့ လိဒ်စ်တို့အပြင် မန်ယူနဲ့ ဘိုင်ယန်မြူးနစ်တို့ပါ ပါဝင်လာတကတော့ ဂန်းနားတွေအတွက် သတင်းဆိုးဖြစ်ပါတယ်။

Source: Goal, Mirror

[ZAWGYI]

ေနာ္ဝစ္ခ်္စီးတီးအသင္းရဲ႕ အားကစားဒါရိုက္တာ စတူးဝပ္ ဝက္ဘ္က အာဆင္နယ္အသင္းအေနနဲ႔ သူတို႔အသင္းက ကြင္းလယ္ဖန္တီးရွင္ အီမီလီယာႏို ဘူယြန္ဒီယာကို ေခၚယူခ်င္တယ္ဆိုရင္ အသင္းရဲ႕ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးမ်ိဳးနဲ႔ ကမ္းလွမ္းဖို႔ လိုအပ္လိမ့္မယ္လုိ႔ သတိေပးစကားေျပာဆိုလိုက္ပါတယ္။

ဒါေပမယ့္လည္း ဝက္ဘ္ရဲ႕ ေျပာစကားဟာ အာဆင္နယ္အသင္းအတြက္ သတင္းဆိုးျဖစ္မလာခဲ့ပဲ သတင္းေကာင္းျဖစ္လာခဲ့တာပါ။ အေၾကာင္းကေတာ့ ေနာ္ဝစ္ခ်္စီးတီးအသင္းရဲ႕ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးဟာ ဘန္ ေဂါ့ဒ္ဖေရတစ္ေယာက္ အဲဗာတန္ကို ေျပာင္းေရႊ႕စဥ္တုန္းက ရရွိခဲ့တဲ့ ပမာဏ ေပါင္ ၂၅ သန္းျဖစ္ေနတာေၾကာင့္ပါပဲ။

စတူးဝပ္ ဝက္ဘ္က သူတို႔အသင္းအေနနဲ႔ ဘူယြန္ဒီယာ၊ ကန္႔ဒ္ဝဲလ္နဲ႔ မက္ဇ္ အာရြန္တို႔လို ထိပ္တန္းၾကယ္ပြင့္တစ္ခ်ိဳ႕ကို ထိမ္းသိမ္းႏုိင္ဖြယ္မရွိဘူးလို႔ ဝန္ခံခဲ့ျပီး လာမယ့္ေႏြရာသီမွာ တစ္ခ်ိဳ႕ကို ေရာင္းထုတ္မယ္လို႔လည္း အတည္ျပဳသြားပါတယ္။

“ေသခ်ာတာကေတာ့ ဒီလူေတြထဲက တစ္စံုတစ္ေယာက္ကို ေရာင္းထုတ္ျဖစ္မယ္ဆိုရင္ ကလပ္အတြက္ စံခ်ိန္တင္ ပမာဏမ်ိဳးရရွိမွ ေရာင္းထုတ္သြားမွာပါ။ သူတို႔ ၃ ေယာက္က ကၽြန္ေတာ္တို႔ ေစ်းကြက္ထဲမွာ လူအင္အားျဖည့္တင္းမႈပိုင္း ပိုမိုအားေကာင္းလာေအာင္ ရန္ပံုေငြရွာေဖြေပးမယ့္သူေတြ ျဖစ္ခ်င္ျဖစ္လာႏုိင္ပါတယ္” လို႔ သူက BBC Sport ကို ေျပာဆိုသြားပါတယ္။

Goal၊ BBC Sport နဲ႔ The Athletic တို႔ကေတာ့ ေနာ္ဝစ္ခ်္အသင္းဘက္က ေမွ်ာ္လင့္ထားတဲ့ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးပမာဏဟာ ေပါင္ သန္း ၃၀ လို အတည္ျပဳသြားခဲ့ၾကျပီး ဒါဟာ အရင္တုန္းက မီဒီယာေတြ ခန္႔မွန္းသံုးသပ္ထားတဲ့ ေပါင္ သန္း ၄၀ ထက္ ပိုမိုနည္းပါးတဲ့ ပမာဏျဖစ္ေနတာမို႔ အာဆင္နယ္အတြက္ေတာ့ သတင္းေကာင္းျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္လည္း ခုလိုမ်ိဳး တန္ေၾကးသတ္မွတ္ျပီးသြားခ်ိန္မွာ ဘူယြန္ဒီယာကို ေခၚယူခ်င္တဲ့အသင္းေတြ တိုးတလာခဲ့ျပီး မူလခ်ဥ္းကပ္ေနတဲ့ အာဆင္နယ္၊ ဗီလာနဲ႔ လိဒ္စ္တို႔အျပင္ မန္ယူနဲ႔ ဘုိင္ယန္ျမဴးနစ္တို႔ပါ ပါဝင္လာတကေတာ့ ဂန္းနားေတြအတြက္ သတင္းဆိုးျဖစ္ပါတယ္။

Source: Goal, Mirror

Leave a Reply