
[UNICODE]
အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ဟောင်းလည်းဖြစ်၊ လက်ရှိအသင်းကို ဝယ်ယူဖို့ကြိုးပမ်းနေတဲ့ ဘီလီယံနာ ဒန်နီယယ် အက်ခ်ရဲ့ အကြံပေးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ သီယာရီ အွန်နရီက ဆွီဒင်သားဟာ အသင်းရဲ့ DNA ကို ပြန်လည်အသက်သွင်းပြီး အာဆင်နယ်ကို အာဆင်နယ်နဲ့ထိုက်တန်တဲ့အဆင့်အတန်းမျိုးမှာ ပြန်လည်ရပ်တည်နိုင်အောင် လုပ်ဆောင်ပေးချင်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။
ဂန္တဝင်တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီက အက်ခ်နဲ့ အာဆင်နယ်အသင်းရဲ့ တရားဝင် ပရိတ်သတ်အဖွဲ့အစည်းဖြစ်တဲ့ The Arsenal Supporters’ Trust တို့ရဲ့ ပထမဆုံးအကြိမ် တရားဝင်အစည်းအဝေးမှာ အက်ခ်ရဲ့ အစီအစဉ်တွေကို ရှင်းပြရင်း ပြောဆိုသွားခဲ့တာပါ။

The Arsenal Supporters’ Trust ဟာ တစ်ကမ္ဘာလုံးက အာဆင်နယ်ပရိတ်သတ်တွေ အားလုံးကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းဖြစ်ပြီး လက်ရှိအသင်းပိုင်ရှင် ခရွန်ကီ မိသားစုကိုယ်တိုင်လည်း မျက်ကွယ်ပြုလို့မရတဲ့အထိ သြဇာအာဏာကြီးမားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း အက်ခ်ကိုယ်တိုင်သာမက သူ့ရဲ့ အကြံပေးတွေဖြစ်ကြတဲ့ အွန်နရီ၊ ဘားကမ့်နဲ့ ဗီယာရာတို့ကိုယ်တိုင် AST နဲ့ တွေ့ဆုံပြီး သူတို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ရည်ရွယ်ချက်တွေကို ရှင်းပြခဲ့ကြတာဖြစ်ပါတယ်။
အွန်နရီကတော့ အက်ခ်အနေနဲ့ လက်ရှိပိုင်ရှင် ခရွန်ကီနဲ့ တရားဝင်ဆွေးနွေးမှုပြုလုပ်ဖို့ စကားကမ်းနေပြီလို့ အတည်ပြုခဲ့သလို ဆွီဒင်သားဟာ အသင်းရဲ့ DNA ကို ပြန်လည်အသက်သွင်းပြီး အသင်းကို မြှင့်တင်ပေးဖို့ စိတ်အားထက်သန်နေတယ်လို့လည်း ဆိုသွားခဲ့ပါတယ်။
“ဒန်နီယယ်က အာဆင်နယ် ပရိတ်သတ်တစ်ယောက်ပါ။ သူက နာမည်လိုချင်လို့ လုပ်နေတာမဟုတ်ပါဘူး။ သူက အသင်းကို ပြောင်းလဲပေးချင်နေတာပါ။ သူခုဆို ခရွန်ကီနဲ့ ဆက်သွယ်နိုင်ခဲ့ပါပြီ။ အတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ ကမ်းလှမ်းမှုလည်း ပြုလုပ်ဖို့ရှိနေပါတယ်။ သူက အသင်းရဲ့ DNA ကို ပြန်လည်အသက်သွင်းပေးချင်နေပြီး အသင်းကို တိုးတက်အောင် ကူညီပေးချင်နေတာပါ” လို့ အွန်နရီက Sky Sports ကိုပြောဆိုသွားခဲ့ပါတယ်။

“ခုထိ အရောင်းအဝယ်ကိစ္စ ဆွေးနွေးမှုတွေ မစတင်ရသေးပါဘူး။ ဒါပေမယ့် အပြန်အလှန် ဆက်သွယ်ပြောဆိုလို့တော့ ရနေပါပြီ။ ဒီကိစ္စက လွယ်မှာမဟုတ်သလို အချိန်လည်းကြာနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်လာနိုင်ခြေရှိတဲ့ကိစ္စပါ။ သေချာတာကတော့ ဒန်နီယယ်က လက်လျှော့မှာမဟုတ်ဘူးဆိုတာပါပဲ။ သူက မရောင်းမချင်း ကြိုးပမ်းနေမယ့်သူမျိုးပါ” လို့လည်း အွန်နရီက ပြောခဲ့ပါသေးတယ်။
အသက် ၃၈ နှစ်အရွယ်သာရှိသေးပြီး Spotify ဂီတ အက်ပလီကေးရှင်းရဲ့ စီအီးအိုဖြစ်တဲ့ ဒန်နီယယ် အက်ခ်ဟာ အဘက်ဘက်က အကျပ်အတည်းတွေနဲ့ရင်ဆိုင်နေရတဲ့ အာဆင်နယ်အသင်းကို စတန် ခရွန်ကီထံကနေ ပေါင် ၁.၈ ဘီလီယံ တန်ကြေးနဲ့ ပြန်လည်ဝယ်ယူဖို့ ကြိုးပမ်းနေသူဖြစ်ပါတယ်။
Source: Goal, Metro
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ ဂႏၱဝင္ေဟာင္းလည္းျဖစ္၊ လက္ရွိအသင္းကို ဝယ္ယူဖို႔ၾကိဳးပမ္းေနတဲ့ ဘီလီယံနာ ဒန္နီယယ္ အက္ခ္ရဲ႕ အၾကံေပးအဖြဲ႕ဝင္တစ္ဦးလည္းျဖစ္တဲ့ သီယာရီ အြန္နရီက ဆီြဒင္သားဟာ အသင္းရဲ႕ DNA ကို ျပန္လည္အသက္သြင္းျပီး အာဆင္နယ္ကို အာဆင္နယ္နဲ႔ထိုက္တန္တဲ့အဆင့္အတန္းမ်ိဳးမွာ ျပန္လည္ရပ္တည္ႏုိင္ေအာင္ လုပ္ေဆာင္ေပးခ်င္ေနတယ္လုိ႔ ေျပာဆိုလုိက္ပါတယ္။
ဂႏၱဝင္တုိက္စစ္မွဴးေဟာင္း သီယာရီ အြန္နရီက အက္ခ္နဲ႔ အာဆင္နယ္အသင္းရဲ႕ တရားဝင္ ပရိတ္သတ္အဖြဲ႕အစည္းျဖစ္တဲ့ The Arsenal Supporters’ Trust တို႔ရဲ႕ ပထမဆံုးအၾကိမ္ တရားဝင္အစည္းအေဝးမွာ အက္ခ္ရဲ႕ အစီအစဥ္ေတြကို ရွင္းျပရင္း ေျပာဆိုသြားခဲ့တာပါ။

The Arsenal Supporters’ Trust ဟာ တစ္ကမၻာလံုးက အာဆင္နယ္ပရိတ္သတ္ေတြ အားလံုးကို ကိုယ္စားျပဳတဲ့အဖြဲ႕အစည္းျဖစ္ျပီး လက္ရွိအသင္းပိုင္ရွင္ ခရြန္ကီ မိသားစုကိုယ္တုိင္လည္း မ်က္ကြယ္ျပဳလို႔မရတဲ့အထိ ၾသဇာအာဏာၾကီးမားတဲ့ အဖြဲ႕အစည္းျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အက္ခ္ကိုယ္တုိင္သာမက သူ႔ရဲ႕ အၾကံေပးေတြျဖစ္ၾကတဲ့ အြန္နရီ၊ ဘားကမ့္နဲ႔ ဗီယာရာတို႔ကိုယ္တုိင္ AST နဲ႔ ေတြ႕ဆံုျပီး သူတို႔ရဲ႕ လုပ္ေဆာင္ခ်က္ေတြနဲ႔ ရည္ရြယ္ခ်က္ေတြကို ရွင္းျပခဲ့ၾကတာျဖစ္ပါတယ္။
အြန္နရီကေတာ့ အက္ခ္အေနနဲ႔ လက္ရွိပိုင္ရွင္ ခရြန္ကီနဲ႔ တရားဝင္ေဆြးေႏြးမႈျပဳလုပ္ဖို႔ စကားကမ္းေနျပီလို႔ အတည္ျပဳခဲ့သလို ဆီြဒင္သားဟာ အသင္းရဲ႕ DNA ကို ျပန္လည္အသက္သြင္းျပီး အသင္းကို ျမွင့္တင္ေပးဖို႔ စိတ္အားထက္သန္ေနတယ္လုိ႔လည္း ဆိုသြားခဲ့ပါတယ္။
“ဒန္နီယယ္က အာဆင္နယ္ ပရိတ္သတ္တစ္ေယာက္ပါ။ သူက နာမည္လိုခ်င္လို႔ လုပ္ေနတာမဟုတ္ပါဘူး။ သူက အသင္းကို ေျပာင္းလဲေပးခ်င္ေနတာပါ။ သူခုဆို ခရြန္ကီနဲ႔ ဆက္သြယ္ႏုိင္ခဲ့ပါျပီ။ အေတာ္ေလးစိတ္ဝင္စားဖို႔ေကာင္းတဲ့ ကမ္းလွမ္းမႈလည္း ျပဳလုပ္ဖို႔ရွိေနပါတယ္။ သူက အသင္းရဲ႕ DNA ကို ျပန္လည္အသက္သြင္းေပးခ်င္ေနျပီး အသင္းကို တိုးတက္ေအာင္ ကူညီေပးခ်င္ေနတာပါ” လို႔ အြန္နရီက Sky Sports ကိုေျပာဆိုသြားခဲ့ပါတယ္။

“ခုထိ အေရာင္းအဝယ္ကိစၥ ေဆြးေႏြးမႈေတြ မစတင္ရေသးပါဘူး။ ဒါေပမယ့္ အျပန္အလွန္ ဆက္သြယ္ေျပာဆိုလို႔ေတာ့ ရေနပါျပီ။ ဒီကိစၥက လြယ္မွာမဟုတ္သလို အခ်ိန္လည္းၾကာႏုိင္ပါတယ္။ ဒါေပမယ့္ ျဖစ္လာႏုိင္ေျခရွိတဲ့ကိစၥပါ။ ေသခ်ာတာကေတာ့ ဒန္နီယယ္က လက္ေလွ်ာ့မွာမဟုတ္ဘူးဆိုတာပါပဲ။ သူက မေရာင္းမခ်င္း ၾကိဳးပမ္းေနမယ့္သူမ်ိဳးပါ” လို႔လည္း အြန္နရီက ေျပာခဲ့ပါေသးတယ္။
အသက္ ၃၈ ႏွစ္အရြယ္သာရွိေသးျပီး Spotify ဂီတ အက္ပလီေကးရွင္းရဲ႕ စီအီးအိုျဖစ္တဲ့ ဒန္နီယယ္ အက္ခ္ဟာ အဘက္ဘက္က အက်ပ္အတည္းေတြနဲ႔ရင္ဆုိင္ေနရတဲ့ အာဆင္နယ္အသင္းကို စတန္ ခရြန္ကီထံကေန ေပါင္ ၁.၈ ဘီလီယံ တန္ေၾကးနဲ႔ ျပန္လည္ဝယ္ယူဖို႔ ၾကိဳးပမ္းေနသူျဖစ္ပါတယ္။
Source: Goal, Metro