အင်တာမီလန်ကစားသမား ၃ ဦးကို တပြိုင်နက်တည်း ပစ်မှတ်ထားလာတဲ့ အာဆင်နယ်

[UNICODE]

အာဆင်နယ်အသင်းဟာ စီးရီးအေပြိုင်ပွဲဝင်ကလပ်အသင်း တစ်သင်းဖြစ်တဲ့ အင်တာမီလန်အသင်းကနေ ကစားသမား ၃ ဦးအထိကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြနေကြပါတယ်။

အသင်းကိုဆက်တိုက်ပြင်ဆင်မှုပြုလုပ်နေတဲ့ အာဆင်နယ်အသင်းဟာ လာမယ့်ဇန်နဝါရီမှာလည်း ကစားသမားသစ်တွေဖြည့်တင်းဖို့ စီစဉ်မှုတွေပြုလုပ်နေပြီး ကွင်းလယ်တိုက်စစ်၊ တိုက်စစ်နဲ့ ခံစစ်ပိုင်း ကစားသမားအများအပြားကို ပစ်မှတ်ထားနေပါတယ်။

ဂန်းနားတွေဟာ ပစ်မှတ်ထားနေတဲ့ ပစ်မှတ်တွေထဲမှာ အင်တာမီလန်အသင်းကစားသမားတွေလည်းပါဝင်နေပြီး ကွင်းလယ်တိုက်စစ်ကစားသမား နီကိုလို ဘာရယ်လာ၊ ဒိန်းမတ် ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆင်၊ အီတလီ ညာနောက်ခံလူ ဒါနီလို ဒီအမ်ဘရိုစီယိုတို့ ဖြစ်တယ်လို့ သိထားရပါတယ်။

အဆိုပါ ကစားသမား ၃ ဦးထဲမှာ ၂၃ နှစ်သား အီတလီလက်ရွေးစင် နီကိုလို ဘာရယ်လာဟာ အာဆင်နယ်အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်ပြီး ဘာရယ်လာကို ခေါ်ယူရေးအဆင်မပြေရင် စပါးကွင်းလယ်လူဟောင်း အဲရစ်ဆင်ကို ကြိုးပမ်းဖို့ အာဆင်နယ်အသင်းက ပစ်မှတ်ထားနေတာပါ။

ဒါ့အပြင် ခံစစ်မှူးဖြစ်တဲ့ ဒီအမ်ဘရိုစီယိုကတော့ အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ခံစစ်တန်းတစ်လျှောက်နေရာစုံကစားနိုင်တဲ့သူ့ကို အတွေ့အကြုံတွေကို ရယူလိုတာကြောင့် ခေါ်ယူဖို့ စီစဉ်နေတာဖြစ်နိုင်တယ်လို့ သတင်းတွေက သုံးသပ်ကြပါတယ်။

လက်ရှိရာသီမှာ ၈ ပွဲပါဝင်ကစားပြီး သွင်းဂိုး ၂ ဂိုးသွင်းယူပေးထားတဲ့ အမ်ဘရိုစီယိုဟာ ရာသီကုန်မှာ အင်တာမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားလည်းဖြစ်ပါတယ်။

Source: Sport Mole

[ZAWGYI]

အာဆင္နယ္အသင္းဟာ စီးရီးေအၿပိဳင္ပြဲဝင္ကလပ္အသင္း တစ္သင္းျဖစ္တဲ့ အင္တာမီလန္အသင္းကေန ကစားသမား ၃ ဦးအထိကို ေခၚယူဖို႔ ပစ္မွတ္ထားေနတယ္လို႔ အီတလီမီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။

အသင္းကိုဆက္တိုက္ျပင္ဆင္မႈျပဳလုပ္ေနတဲ့ အာဆင္နယ္အသင္းဟာ လာမယ့္ဇန္နဝါရီမွာလည္း ကစားသမားသစ္ေတြျဖည့္တင္းဖို႔ စီစဥ္မႈေတြျပဳလုပ္ေနၿပီး ကြင္းလယ္တိုက္စစ္၊ တိုက္စစ္နဲ႔ ခံစစ္ပိုင္း ကစားသမားအမ်ားအျပားကို ပစ္မွတ္ထားေနပါတယ္။

ဂန္းနားေတြဟာ ပစ္မွတ္ထားေနတဲ့ ပစ္မွတ္ေတြထဲမွာ အင္တာမီလန္အသင္းကစားသမားေတြလည္းပါဝင္ေနၿပီး ကြင္းလယ္တိုက္စစ္ကစားသမား နီကိုလို ဘာရယ္လာ၊ ဒိန္းမတ္ ကြင္းလယ္လူ ခရစၥတီယန္ အဲရစ္ဆင္၊ အီတလီ ညာေနာက္ခံလူ ဒါနီလို ဒီအမ္ဘ႐ိုစီယိုတို႔ ျဖစ္တယ္လို႔ သိထားရပါတယ္။

အဆိုပါ ကစားသမား ၃ ဦးထဲမွာ ၂၃ ႏွစ္သား အီတလီလက္ေ႐ြးစင္ နီကိုလို ဘာရယ္လာဟာ အာဆင္နယ္အသင္းရဲ႕ အဓိကပစ္မွတ္ျဖစ္ၿပီး ဘာရယ္လာကို ေခၚယူေရးအဆင္မေျပရင္ စပါးကြင္းလယ္လူေဟာင္း အဲရစ္ဆင္ကို ႀကိဳးပမ္းဖို႔ အာဆင္နယ္အသင္းက ပစ္မွတ္ထားေနတာပါ။

ဒါ့အျပင္ ခံစစ္မႉးျဖစ္တဲ့ ဒီအမ္ဘ႐ိုစီယိုကေတာ့ အသက္ ၃၂ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ၿပီး ခံစစ္တန္းတစ္ေလွ်ာက္ေနရာစုံကစားႏိုင္တဲ့သူ႔ကို အေတြ႕အႀကဳံေတြကို ရယူလိုတာေၾကာင့္ ေခၚယူဖို႔ စီစဥ္ေနတာျဖစ္ႏိုင္တယ္လို႔ သတင္းေတြက သုံးသပ္ၾကပါတယ္။

လက္ရွိရာသီမွာ ၈ ပြဲပါဝင္ကစားၿပီး သြင္းဂိုး ၂ ဂိုးသြင္းယူေပးထားတဲ့ အမ္ဘ႐ိုစီယိုဟာ ရာသီကုန္မွာ အင္တာမီလန္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမယ့္ ကစားသမားလည္းျဖစ္ပါတယ္။

Source: Sport Mole

Leave a Reply