
[UNICODE]
Sky Sports ရဲ့ သုံးသပ်သူ ဂျေမီ ကာရေကာက ဒီမနက်မှာကစားသွားတဲ့ အာဆင်နယ် – မန်ယူပွဲစဉ်မှာ အာဆင်နယ်ဘက်က အဓိက ကစားသမားတချို့သာ ဒါဏ်ရာပြဿနာတွေကြောင့် မလွဲချော်ခဲ့ဘူးဆိုရင် ဂန်းနားတွေ သေချာပေါက် အနိုင် ၃ မှတ်ရသွားလိမ့်မယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အဆိုပါပွဲစဉ်မှာ ကွာရန်တင်းဝင်နေရတဲ့ တိုက်စစ်မှူး အူဘာမီယန်း၊ တင်ပါးဆုံဒါဏ်ရာရသွားတဲ့ ဆာကာ၊ ကြံ့ခိုင်မှုမပြည့်ဝသေးတဲ့ တီယာနီ၊ လေ့ကျင့်ခန်းပြန်ဆင်းကာစ မာရီတို့တို့ကို လက်လွှတ်ပြီး အဆိုပါကစားသမားတွေနေရာမှာ ပက်ပေ၊ ဆိုအာရက်စ်၊ မာတီနယ်လီ၊ လူးဝီးစ်တို့နဲ့ အစားထိုးကာ ယှဉ်ပြိုင်ခဲ့ရတာပါ။

ဒါပေမယ့်လည်း ဂန်းနားတွေဟာ လက်ရှိရာသီ ပရီးမီးယားလိဂ်ရဲ့ အဝေးကွင်းအကောင်းဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နေတဲ့ မန်ယူအသင်းကို ကောင်းကောင်း ရင်ဆိုင်နိုင်ခဲ့ပြီး ဂိုးပေါက် ကန်သွင်းခွင့် ၁၇ ကြိမ်အထိရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အနိုင်ဂိုးရလုနီးပါး အခိုက်အတန့် အမြောက်အများဖန်တီးနိုင်ခဲ့ပေမယ့် ပက်ပေ၊ လာကာဇက်၊ ဝီလီယံတို့ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ သွင်းဂိုးတွေဖြစ်မလာခဲ့တာကြောင့် အနိုင် ၃ မှတ်နဲ့ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိကစားနေတဲ့ မှတ်တမ်းကိုတော့ ၇ ပွဲအထိ တိုးမြှင့်နိုင်ခဲ့တာပါ။

ဒါနဲ့ ပတ်သက်ပြီး ကာရေဂါကတော့ သူ့ရဲ့ အမြင်ကို ခုလိုပြောဆိုသွားခဲ့ပါတယ်။ “မနှစ်က သူတို့ အောင်မြင်မှုတွေ ပြန်ရှာဖွေနိုင်ခဲ့တာက ဒီနေ့ပွဲစဉ်မှာကစားခဲ့သလိုမျိုး စုစည်းမှုမျိုးရှိခဲ့လို့ပါပဲ။ သူတို့ စိတ်ဝင်စားစရာ တန်ပြန်တိုက်စစ်နဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တာပါ။ ဒီအချက်က မနှစ်တုန်းက သူတို့ကို FA ဖလားနဲ့ ကွန်မြူနတီဒိုင်းရအောင် ကူညီခဲ့တဲ့ အချက်ပါ။ ကွာခြားသွားတာကတော့ အဲ့ဒီတုန်းက ကမ္ဘာ့အဆင့် အဆုံးသတ်သမားပါဝင်နေခဲ့တယ်ဆိုတာပါပဲ” လို့ ကာရေဂါက Sky Sports ကို ပြောဆိုခဲ့ပါတယ်။
“ဒီနေ့ တိုက်စစ်တန်းမှာဆို လာကာဇက်ကလွဲပြီး ကျန်တဲ့ ၂ ယောက်က ခြေစွမ်းတည်ငြိမ်ဖို့ ကြိးစားနေရဆဲလူတွေပါ။ ပိုဆိုးတာက သူတို့ ဆာကာကိုပါ လက်လွှတ်ခဲ့ရတာပါပဲ။ ဒီအချက်က သူတို့ရဲ့ တိုက်စစ်ထက်မြက်မှုကို ခြားနားသွားစေခဲ့တယ်ဆိုပါတော့။ သူတို့ နှစ်ယောက်သာပါလာမယ်ဆိုရင် ဒီပွဲမှာ ကျရှုံးသွားမှာ ပြိုင်ဘက်အသင်းဆိုတာ သေချာပါတယ်။ ခုတော့ သူတို့ ၁ မှတ်ပဲ ပိုင်ဆိုင်ခဲ့ပါတယ်” လို့ ကာရေဂါက သုံးသပ်သွားခဲ့ပါတယ်။
Source: Sky Sports
[ZAWGYI]
Sky Sports ရဲ႕ သံုးသပ္သူ ေဂ်မီ ကာေရကာက ဒီမနက္မွာကစားသြားတဲ့ အာဆင္နယ္ – မန္ယူပြဲစဥ္မွာ အာဆင္နယ္ဘက္က အဓိက ကစားသမားတခ်ိဳ႕သာ ဒါဏ္ရာျပႆနာေတြေၾကာင့္ မလြဲေခ်ာ္ခဲ့ဘူးဆိုရင္ ဂန္းနားေတြ ေသခ်ာေပါက္ အႏုိင္ ၃ မွတ္ရသြားလိမ့္မယ္လို႔ သံုးသပ္ေျပာဆိုသြားခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ အဆုိပါပြဲစဥ္မွာ ကြာရန္တင္းဝင္ေနရတဲ့ တုိက္စစ္မွဴး အူဘာမီယန္း၊ တင္ပါးဆံုဒါဏ္ရာရသြားတဲ့ ဆာကာ၊ ၾကံ့ခိုင္မႈမျပည့္ဝေသးတဲ့ တီယာနီ၊ ေလ့က်င့္ခန္းျပန္ဆင္းကာစ မာရီတို႔တို႔ကို လက္လႊတ္ျပီး အဆုိပါကစားသမားေတြေနရာမွာ ပက္ေပ၊ ဆိုအာရက္စ္၊ မာတီနယ္လီ၊ လူးဝီးစ္တို႔နဲ႔ အစားထိုးကာ ယွဥ္ျပိဳင္ခဲ့ရတာပါ။

ဒါေပမယ့္လည္း ဂန္းနားေတြဟာ လက္ရွိရာသီ ပရီးမီးယားလိဂ္ရဲ႕ အေဝးကြင္းအေကာင္းဆံုးအသင္းအျဖစ္ မွတ္တမ္းဝင္ေနတဲ့ မန္ယူအသင္းကို ေကာင္းေကာင္း ရင္ဆုိင္ႏုိင္ခဲ့ျပီး ဂိုးေပါက္ ကန္သြင္းခြင့္ ၁၇ ၾကိမ္အထိရရွိေအာင္ စြမ္းေဆာင္ႏုိင္ခဲ့ပါတယ္။
အႏိုင္ဂိုးရလုနီးပါး အခုိက္အတန္႔ အေျမာက္အမ်ားဖန္တီးႏုိင္ခဲ့ေပမယ့္ ပက္ေပ၊ လာကာဇက္၊ ဝီလီယံတို႔ရဲ႕ ၾကိဳးစားအားထုတ္မႈေတြဟာ သြင္းဂိုးေတြျဖစ္မလာခဲ့တာေၾကာင့္ အႏုိင္ ၃ မွတ္နဲ႔ လြဲေခ်ာ္ခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္မွာ ရံႈးပြဲမရွိကစားေနတဲ့ မွတ္တမ္းကိုေတာ့ ၇ ပြဲအထိ တိုးျမွင့္ႏုိင္ခဲ့တာပါ။

ဒါနဲ႔ ပတ္သက္ျပီး ကာေရဂါကေတာ့ သူ႔ရဲ႕ အျမင္ကို ခုလိုေျပာဆိုသြားခဲ့ပါတယ္။ “မႏွစ္က သူတို႔ ေအာင္ျမင္မႈေတြ ျပန္ရွာေဖြႏိုင္ခဲ့တာက ဒီေန႔ပြဲစဥ္မွာကစားခဲ့သလိုမ်ိဳး စုစည္းမႈမ်ိဳးရွိခဲ့လို႔ပါပဲ။ သူတို႔ စိတ္ဝင္စားစရာ တန္ျပန္တုိက္စစ္နဲ႔ အခြင့္အေရးေတြ ဖန္တီးႏုိင္ခဲ့တာပါ။ ဒီအခ်က္က မႏွစ္တုန္းက သူတို႔ကို FA ဖလားနဲ႔ ကြန္ျမဴနတီဒိုင္းရေအာင္ ကူညီခဲ့တဲ့ အခ်က္ပါ။ ကြာျခားသြားတာကေတာ့ အဲ့ဒီတုန္းက ကမၻာ့အဆင့္ အဆံုးသတ္သမားပါဝင္ေနခဲ့တယ္ဆိုတာပါပဲ” လို႔ ကာေရဂါက Sky Sports ကို ေျပာဆိုခဲ့ပါတယ္။
“ဒီေန႔ တုိက္စစ္တန္းမွာဆို လာကာဇက္ကလြဲျပီး က်န္တဲ့ ၂ ေယာက္က ေျခစြမ္းတည္ျငိမ္ဖို႔ ၾကိးစားေနရဆဲလူေတြပါ။ ပိုဆိုးတာက သူတို႔ ဆာကာကိုပါ လက္လႊတ္ခဲ့ရတာပါပဲ။ ဒီအခ်က္က သူတို႔ရဲ႕ တုိက္စစ္ထက္ျမက္မႈကို ျခားနားသြားေစခဲ့တယ္ဆိုပါေတာ့။ သူတို႔ ႏွစ္ေယာက္သာပါလာမယ္ဆိုရင္ ဒီပြဲမွာ က်ရႈံးသြားမွာ ျပိဳင္ဘက္အသင္းဆိုတာ ေသခ်ာပါတယ္။ ခုေတာ့ သူတို႔ ၁ မွတ္ပဲ ပိုင္ဆုိင္ခဲ့ပါတယ္” လို႔ ကာေရဂါက သံုးသပ္သြားခဲ့ပါတယ္။
Source: Sky Sports