အနီကတ်ကြောင့် အွန်လိုင်းမှာ လူမျိုးရေးခွဲခြားဆဲဆိုခံနေရတဲ့ နီကိုလပ် ပက်ပေ

[UNICODE]

အာဆင်နယ်အသင်းက တောင်ပံတိုက်စစ်မှူး နီကိုလပ် ပက်ဟော လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်အပြီးမှာ အာဆင်နယ်အသင်းပရိတ်သတ်တွေရဲ့ လူမျိုးရေးခွဲခြားဆဲဆိုမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နီကိုလပ် ပက်ဟော လိဒ်စ်ယူနိုက်တက်အသင်းနဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၅၁ မိနစ်မှာ ပြိုင်ဘက် အီလီယိုစကီးကို ခေါင်းနဲ့ဆောင့်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ် ပြသခြင်းခံခဲ့ရသလို အာဆင်နယ်အသင်းဟာလည်း သရေ တစ်မှတ်ရရှိဖို့ ရုံးကန်ကစားခဲ့ရပါတယ်။

ပက်ပေတစ်ယောက် ခုလို တိုက်ရိုက်ထုတ်ပယ်ခြင်းခံခဲ့ရတဲ့နောက်မှာ အာဆင်နယ်ပရိတ်သတ်အများအပြားက ခုလုပ်ရပ်မှာ ပက်ပေရဲ့ မရင့်ကျက်မှုက အဓိကပြဿနာဖြစ်တယ်လို့ ယုံကြည်နေခဲ့ကြတာကြောင့် အိုင်ဗရီကို့စ်သားကို အကြီးအကျယ်စိတ်ဆိုးဒေါသထွက်ခဲ့ကြပြီး အသားအရောင်နဲ့ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေနဲ့ ဝိုင်းဝန်းဆဲဆိုမှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။

အာဆင်နယ်ပရိတ်သတ်တွေရဲ့ ပြုမူပြောဆိုပုံတွေဟာ အလွန်အမင်းပြင်းထန်လာခဲ့တာကြောင့် အဆိုပါပြောဆိုရေးသားမှုတွေကို ပိတ်ပင်ပေးဖို့ ထိပ်တန်းလူမည်းကစားသမားတွေနဲ့ ကစားသမားဟောင်းတွေက တိုက်တွန်းနေကြပါတယ်။

“ဥပမာပြောရရင် Twitter ပေါ့။ သူတို့ အသုံးပြုသူတွေကို ကာကွယ်ပေးမယ်လို့သာပြောတာ တကယ်တမ်း ဘယ်ချိန်ကျမှ ကာကွယ်ပေးမှာလဲ။ ခု လူမျိုးရေးခွဲခြားတဲ့ ပြဿနာထပ်ဖြစ်နေပြီလေ” လို့ ပက်ပေအပေါ် လူမျိုးရေးခွဲခြားမှုတွေနဲ့ပတ်သက်ပြီး အင်္ဂလန်တောင်ပံလူဟောင်း ရှောင် ရိုက်ဖီးလစ်က ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်း ပရိတ်သတ်တွေဟာ ယမန်နှစ်ရာသီတုန်းကလည်း အသင်းရဲ့ ကွင်းလယ်လူ ဂရာနစ် ရှာခါ၊ ဇနီးဖြစ်သူနဲ့ မွေးကင်းစသမီးငယ်တို့ကို အသက်အန္တရာယ်ချိန်းခြောက်မှုတွေ၊ လူမျိုးရေးခွဲခြားပြောဆိုမှုတွေပြုလုပ်ခဲ့တာကြောင့် နာမည်ပျက်အရှက်ရခဲ့ဖူးပါတယ်။

Source: Evening Standard

[UNICODE]

အာဆင္နယ္အသင္းက ေတာင္ပံတုိက္စစ္မွဴး နီကိုလပ္ ပက္ေဟာ လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲစဥ္အျပီးမွာ အာဆင္နယ္အသင္းပရိတ္သတ္ေတြရဲ႕ လူမ်ိဳးေရးခြဲျခားဆဲဆိုမႈေတြနဲ႔ ရင္ဆုိင္ေနရပါတယ္။

နီကိုလပ္ ပက္ေဟာ လိဒ္စ္ယူႏုိက္တက္အသင္းနဲ႔ပြဲစဥ္ရဲ႕ ပြဲခ်ိန္ ၅၁ မိနစ္မွာ ျပိဳင္ဘက္ အီလီယိုစကီးကို ေခါင္းနဲ႔ေဆာင့္ခဲ့တာေၾကာင့္ တိုက္ရိုက္အနီကတ္ ျပသျခင္းခံခဲ့ရသလို အာဆင္နယ္အသင္းဟာလည္း သေရ တစ္မွတ္ရရွိဖို႔ ရံုးကန္ကစားခဲ့ရပါတယ္။

ပက္ေပတစ္ေယာက္ ခုလို တုိက္ရိုက္ထုတ္ပယ္ျခင္းခံခဲ့ရတဲ့ေနာက္မွာ အာဆင္နယ္ပရိတ္သတ္အမ်ားအျပားက ခုလုပ္ရပ္မွာ ပက္ေပရဲ႕ မရင့္က်က္မႈက အဓိကျပႆနာျဖစ္တယ္လုိ႔ ယံုၾကည္ေနခဲ့ၾကတာေၾကာင့္ အိုင္ဗရီကို႔စ္သားကို အၾကီးအက်ယ္စိတ္ဆိုးေဒါသထြက္ခဲ့ၾကျပီး အသားအေရာင္နဲ႔ လူမ်ိဳးေရးခြဲျခားတဲ့ အသံုးအႏႈန္းေတြနဲ႔ ဝိုင္းဝန္းဆဲဆိုမႈေတြ ျပဳလုပ္ေနၾကတာျဖစ္ပါတယ္။

အာဆင္နယ္ပရိတ္သတ္ေတြရဲ႕ ျပဳမူေျပာဆိုပံုေတြဟာ အလြန္အမင္းျပင္းထန္လာခဲ့တာေၾကာင့္ အဆုိပါေျပာဆိုေရးသားမႈေတြကို ပိတ္ပင္ေပးဖို႔ ထိပ္တန္းလူမည္းကစားသမားေတြနဲ႔ ကစားသမားေဟာင္းေတြက တုိက္တြန္းေနၾကပါတယ္။

“ဥပမာေျပာရရင္ Twitter ေပါ့။ သူတို႔ အသံုးျပဳသူေတြကို ကာကြယ္ေပးမယ္လို႔သာေျပာတာ တကယ္တမ္း ဘယ္ခ်ိန္က်မွ ကာကြယ္ေပးမွာလဲ။ ခု လူမ်ိဳးေရးခြဲျခားတဲ့ ျပႆနာထပ္ျဖစ္ေနျပီေလ” လို႔ ပက္ေပအေပၚ လူမ်ိဳးေရးခြဲျခားမႈေတြနဲ႔ပတ္သက္ျပီး အဂၤလန္ေတာင္ပံလူေဟာင္း ေရွာင္ ရိုက္ဖီးလစ္က ေျပာဆိုသြားခဲ့ပါတယ္။

အာဆင္နယ္အသင္း ပရိတ္သတ္ေတြဟာ ယမန္ႏွစ္ရာသီတုန္းကလည္း အသင္းရဲ႕ ကြင္းလယ္လူ ဂရာနစ္ ရွာခါ၊ ဇနီးျဖစ္သူနဲ႔ ေမြးကင္းစသမီးငယ္တို႔ကို အသက္အႏၱရာယ္ခ်ိန္းေျခာက္မႈေတြ၊ လူမ်ိဳးေရးခြဲျခားေျပာဆိုမႈေတြျပဳလုပ္ခဲ့တာေၾကာင့္ နာမည္ပ်က္အရွက္ရခဲ့ဖူးပါတယ္။

Source: Evening Standard

Leave a Reply