
ခုကာလ နေထိုင်မကောင်းရင်တောင် နေမကောင်းဘူးလို့ ကျယ်ကျယ် မညည်းတွားရဲဘူး။ အကြောင်းကတော့ ဖျားနာနိုင်တဲ့ အကြောင်းအရင်း အမျိုးမျိုး ရှိပေမယ့် ဖျားတယ်ဆိုရင် လူအများ သတ်မှတ်လိုက်တာက ကိုဗစ်လေလား တုပ်ကွေးအသစ်လေလား ဆိုပြီး သံသယအဝင်ခံရမှာကိုး။
ဒီလိုဆိုတော့ ဖျားနေရင်တောင် အသံမထွက်ရဲဘူးလေ။ ကိုယ်တိုင်လည်း ငါ ကိုဗစ်များ အကူးခံရတာလားဆိုပြီး စိုးရိမ်နေတော့တာပေါ့။ တကယ်က အဖျားရှိတာ၊ နေမကောင်းတာက ကိုဗစ်ကြောင့် မဟုတ်တဲ့ အခြား အကြောင်းအရင်းတေါကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒီကာလမှာဆိုရင် ရာသီတုပ်ကွေး ရှိနိုင်သလို သာမန်ဖျားနာတာမျိုးလည်း ရှိနိုင်ပါတယ်။ ဖျားတိုင်း ကိုဗစ်မဟုတ်ပါဘူး။ ဒီတော့ ဖျားနာတဲ့အခါ ကိုဗစ်သံသယလူနာရယ်လို့ အထင်မှား မခံရစေဖို့ ဘယ်လိုအချက်လေးတွေကို လိုက်နာရမလဲဆိုတာ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားမယ်နော်။
ဖျားနေပြီဆို မြန်မြန် သက်သာစေဖို့
လူတစ်ယောက်ကို ဖျားစေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးပါ။ ကိုဗစ်ကြောင့် ဖျားနိုင်သလို စိတ်ဖိစီးတာ၊ ပင်ပန်းမှုဒဏ်၊ ရာသီတုပ်ကွေးဗိုင်းရပ်စတာတွေကြောင့်လည်း ဖျားနိုင်ပါတယ်။ ဒီတော့ ဖျားချင်သလိုလို ဖြစ်လာပြီဆိုရင်
- ရေများများ သောက်ပါ
ရေသောက်တာက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် ရေကို တတ်နိုင်သမျှ များများသောက်ပါ။ ရေများများသောက်တဲ့အခါ ဆီးများများသွားပြီး သာမန်အဖျားဆိုရင် သိပ်မကြာခင်မှာ ကျသွားစေမှာပါ။

- အာဟာရ ပြည့်ဝအောင် စားပါ
နေထိုင် မကောင်းဘူးဆိုရင် အလိုလို ခံစားလာရတာက မစားချင်တာပါ။ မစားချင်ပေမယ့်လည်း ကိုယ်ခံအားကို အားဖြည့်ပေးဖို့ ဒီအနေအထားမှာ မဖြစ်မနေ လိုပါတယ်။ ဒါကြောင့် ဖျားချင်သလိုလို ဖြစ်နေပြီဆိုရင် အာဟာရ ပြည့်ဝအောင် စားပါ။
ကြေခဲတာတွေ၊ အဆီများတာတွေကိုရှောင်လို့ ပျော့ပျောင်းပြီး ကြေလွယ်မယ့် အစားအစားတေါ၊ အာဟာရ ဖြစ်စေမယ့် အစားအစားတွေ စားပါ။
- ရေနွေးသောက်ပါ
ရေနွေးနွေးက ဓာတ်တိုးဆန့်ကျင်ပစ္စည်းး ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပါတယ်။ ချွေးထွက်စေနိုင်တာကြော်င့ မြန်မြန် အဖျားကျစေပြီး နေရတာ ပေါ့ပါးစေမှာပါ။
- ကြက်စွပ်ပြုတ် သောက်ပါ
ကြက်စွပ်ပြုတ်ကို ကြက်သွန်ဖြူ၊ ငရုတ်ကောင်းစတာတွေထည့်ပြီး သောက်ပေးတာကလည်း ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေပြီး ကိုယ်ခံအား ကောင်းစေဖိုပ အားဖြည့်ပေးနိုင်ပါတယ်။ ပရိုတင်းကလည်း ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တာကြောင့် မြန်မြန် သက်သာလာပါလိမ့်မယ်။

- အိပ်ရေးဝဝအိပ်ပါ
တစ်ခါတလေမှာ ဖျားတာက ခန္ဓာကိုယ်က အနားတောင်းတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလို အခါမျိုးမှာ အိပ်ရေး ဝဝအိပ်တာ၊ ပြည့်ပြည့်ဝဝ အနားယူတာကလည်း ကိုယ်ခံအားကို အားဖြည့်ရာရောက်ပြီး မြန်မြန်နေကောင်းစေနိုင်တာကြောင့် ဖျားနေတယ်လိုပ ခံစားရရင် အိပ်ရေး ဝဝအိပ်ပါ။
- စိတ်ဖိစီးမှု လျှော့ပါ
စိတဖိစီးမှုကလည်း ကိုယ်ခံအားကို ဒုက္ခပေးပြီး သင့်ကို အဖျားဝင်စေပါတယ်။ ဒါကြော်င့ စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံး ဖြေလျှော့ပါ။ ဒါမှ မြန်မြန် နေကောင်းမှာပါ။
- ဆေးသောက်ပါ
ဖျားနာမှုတွေအတွက် ထုတ်ထားတဲ့ OCT ဆေးတွေကို ဆေးညွှန်းအတိုင်း သောက်ပေးတာကလည်း အဖျား သက်သာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ အဟာရ ပြည့်ဝအောင် စားပြီး ဆေးကိုလည်း မှန်မှန် သောက်ပေးပါ။
- ကွန်ပျူတာနဲ့ ဖုန်း အသုံးပြုတာကို လျှော့ပါ
နေထိုင်မကေင်းဘူးဆိုရင် ပြည့်ပြည့်ဝဝ အနားယူပါ။ ဖုန်း၊ ကွန်ပျူတာတွေကို မသုံးပါနဲ့။ ဒီလို အသုံးပြုတာက အာရုံကြောတွေကို အနားမရစေဘဲ ကိုယ်ခံအားပြည့်စေဖို့အတွက် အရေးပါတဲ့ အိပ်စက်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။
နောက်ဆုံတစ်ခုကတော့ မတ်ခ်တပ်ဖို့ပါ။ ဘာကြောင့် ဖျားဖျား ကိုယ့်ဆီက အဖျား အခြားသူဆီ ကူးစက်မသွားစေဖို့ ဖျားနာပြီဆိုရင် မတ်ခ်တပ်ပါ။ နှာချေ၊ ချောင်းဆိုးရင် တစ်သျှူးနဲ့ အုပ်ပါ။ ပြီးရင် တစ်သျှူးကို သေချာ စွန့်ပစ်ပါ။
ဒီလို ဂရုစိုက်ပေးမယ်ဆိုရင် သာမန်အဖျားက ၂ ရက်လောက်ဆို သက်သာသွားမှာပါ။ တကယ်လို့ ၂ ရက် ဒါမှမဟုတ် ၃ ရက်ဆက်တိုက် ဖျားနေမယ်။ အဖျားမကျဘူးဆိုရင်တော့ သက်ဆိုင်ရာ Fever clinic တွေကို သွားရောက် သတင်းပေး ကုသမှုခံယူဖို့ ပြောပါရစေ။