
[UNICODE]
အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ခံစစ်မှူးဟောင်း မာတင် ကီယွန်က နည်းပြ အာတီတာအနေနဲ့ ယခင်နည်းပြ အူနိုင်း အမ်မရီလို အမှားမျိုး အာဆင်နယ်အသင်းမှာ မကျူးလွန်မိဖို့ လိုအပ်တယ်လို့ သတိပေးစကားပြောဆိုလိုက်ပါတယ်။
ကီယွန်ကတော့ အာတီတာဟာ အူနိုင်း အမ်မရီလို နည်းစနစ်နဲ့ကစားကွက်ကို ဆက်တိုက်ပြောင်းလဲအသုံးပြုတဲ့ မှားမျိုးကို ကျူးလွန်ဖို့ နီးစပ်နေပြီလို့ ယူဆနေတာဖြစ်ပြီး ဒါကြောင့်လည်း ခုလို သတိပေးစကားပြောဆိုလိုက်တာဖြစ်ပါတယ်။

စပိန်လူမျိုးနည်းပြ အူနိုင်း အမ်မရီဟာ အာဆင်နယ်အသင်းမှာ တစ်ရာသီခွဲကြာ နည်းပြခဲ့စဉ်ကာလအတွင်းမှာ ကစားကွက်ပေါင်း ၁၀ ခုအထိပြောင်းလဲ အသုံးပြုခဲ့တာဖြစ်ပြီး အသင်းဟာလည်း ရလဒ်တွေ မတည်မငြိမ်ဖြစ်လာတာမို့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ပါယ်ခြင်းခံခဲ့ရပါတော့တယ်။
အာတီတာဟာ အမ်မရီထွက်ခွာသွားပြီးတဲ့နောက် ဒီဇင်ဘာလမှာ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်လာခဲ့သူဖြစ်ပြီး အသင်းကို အချိန်တိုအတွင်း အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့သူဖြစ်ပေမယ့် ယခုရာသီမှာတော့ ကစားသမားသစ်တွေခေါ်ယူဖြည့်တင်းမှုနဲ့အတူ နည်းဗျူဟာသစ်တွေ ကစားကွက်သစ်တွေကိုလည်း ဆက်တိုက်စမ်းသပ်ကစားနေခဲ့တာပါ။ ဒါကြောင့်လည်း အာဆင်နယ်အသင်းဟာ ရလဒ်ရော ခြေစွမ်းပါ တည်ငြိမ်မှု ပျက်ယွင်းလာတာကို မြင်တွေ့နေရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ကီယွန်က ခုလို သတိပေးစကားဆိုသွားခဲ့ပါတယ်။ “သူတို့က စနစ်တွေကို ဆက်တိုက်ပြောင်းလဲနေပါတယ်။ အမ်မရီလက်ထက်တုန်းက လုပ်ခဲ့သလိုမျိုးပါပဲ။ ရစ်သမ်မှန်အောင် မလုပ်ပဲ အပြောင်းအလဲတွေချည်း ဆက်တိုက်လုပ်နေမယ်ဆိုရင် အောင်မြင်တဲ့အသင်းတစ်သင်းဖြစ်လာမှာမဟုတ်ပါဘူး။ ခုချိန်မှာ ကျွန်တော်မြင်တာကတော့ အသင်းဟာ အမ်မရီလက်ထက်တုန်းကလို ပေးပို့မှုတွေ၊ ရွေ့လျားမှုတွေနဲ့ လည်နေတာပါပဲ” လို့ ကီယွန်က ပြောပါတယ်။
“တချိန်တုန်းက အာဆင်နယ်အသင်းမှာ ဗီယာရာ၊ ဘားကမ့်ပ်၊ အွန်နရီတို့က ဘောလုံး တစ်ယောက် တစ်ချက်စီလောက်ပေးပြီး ပြိုင်ဘက်ကို ထိုးနှက်ခဲ့ကြဖူးပါတယ်။ ပြောချင်တာက အသင်းကို ရိုးရိုးရှင်းရှင်း စတင်တည်ဆောက်ဖို့ပါ။ ခုအာဆင်နယ်တိုက်စစ်က ၃ ယောက်ကိုပဲကြည့်။ သူတို့က သူတို့ရဲ့ နေရာကနေ မရွေ့လျားကြပါဘူး။ သူတို့ အရည်အသွေးတွေကို ကန့်သတ်ခံထားရသလိုဖြစ်နေတာပါ။ နည်းပြသစ်တစ်ယောက်ရဲ့ နည်းဗျူဟာသစ်တွေကို မဝေဖန်ချင်ပါဘူး။ အာတီတာက အာဆင်နယ်အတွက် သင့်လျော်မှန်ကန်တဲ့ နည်းပြဆိုတာကို ၁၀၀% အပြည်အဝလက်ခံထားပြီးသားပါ။ သူက ထက်မြက်တဲ့နည်းပြတစ်ယောက်ပါ။ ခုချိန်မှာ အမှားတွေကို ပြန်ပြင်ဆင်စေချင်ရုံပါ” လို့ ခံစစ်မှူးဟောင်းကြီးကဆိုခဲ့ပါတယ်။
Source: Metro, The Sport Review
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ ဂႏၱဝင္ ခံစစ္မွဴးေဟာင္း မာတင္ ကီယြန္က နည္းျပ အာတီတာအေနနဲ႔ ယခင္နည္းျပ အူႏုိင္း အမ္မရီလို အမွားမ်ိဳး အာဆင္နယ္အသင္းမွာ မက်ဴးလြန္မိဖို႔ လိုအပ္တယ္လို႔ သတိေပးစကားေျပာဆိုလုိက္ပါတယ္။
ကီယြန္ကေတာ့ အာတီတာဟာ အူႏုိင္း အမ္မရီလို နည္းစနစ္နဲ႔ကစားကြက္ကို ဆက္တုိက္ေျပာင္းလဲအသံုးျပဳတဲ့ မွားမ်ိဳးကို က်ဴးလြန္ဖို႔ နီးစပ္ေနျပီလို႔ ယူဆေနတာျဖစ္ျပီး ဒါေၾကာင့္လည္း ခုလို သတိေပးစကားေျပာဆိုလိုက္တာျဖစ္ပါတယ္။

စပိန္လူမ်ိဳးနည္းျပ အူႏုိင္း အမ္မရီဟာ အာဆင္နယ္အသင္းမွာ တစ္ရာသီခြဲၾကာ နည္းျပခဲ့စဥ္ကာလအတြင္းမွာ ကစားကြက္ေပါင္း ၁၀ ခုအထိေျပာင္းလဲ အသံုးျပဳခဲ့တာျဖစ္ျပီး အသင္းဟာလည္း ရလဒ္ေတြ မတည္မျငိမ္ျဖစ္လာတာမို႔ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလမွာ ထုတ္ပါယ္ျခင္းခံခဲ့ရပါေတာ့တယ္။
အာတီတာဟာ အမ္မရီထြက္ခြာသြားျပီးတဲ့ေနာက္ ဒီဇင္ဘာလမွာ အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္လာခဲ့သူျဖစ္ျပီး အသင္းကို အခ်ိန္တိုအတြင္း ေအာင္ျမင္မႈေတြ ရယူေပးႏုိင္ခဲ့သူျဖစ္ေပမယ့္ ယခုရာသီမွာေတာ့ ကစားသမားသစ္ေတြေခၚယူျဖည့္တင္းမႈနဲ႔အတူ နည္းဗ်ဴဟာသစ္ေတြ ကစားကြက္သစ္ေတြကိုလည္း ဆက္တုိက္စမ္းသပ္ကစားေနခဲ့တာပါ။ ဒါေၾကာင့္လည္း အာဆင္နယ္အသင္းဟာ ရလဒ္ေရာ ေျခစြမ္းပါ တည္ျငိမ္မႈ ပ်က္ယြင္းလာတာကို ျမင္ေတြ႕ေနရပါတယ္။

ဒါနဲ႔ ပတ္သက္ျပီး ကီယြန္က ခုလို သတိေပးစကားဆိုသြားခဲ့ပါတယ္။ “သူတို႔က စနစ္ေတြကို ဆက္တုိက္ေျပာင္းလဲေနပါတယ္။ အမ္မရီလက္ထက္တုန္းက လုပ္ခဲ့သလိုမ်ိဳးပါပဲ။ ရစ္သမ္မွန္ေအာင္ မလုပ္ပဲ အေျပာင္းအလဲေတြခ်ည္း ဆက္တုိက္လုပ္ေနမယ္ဆိုရင္ ေအာင္ျမင္တဲ့အသင္းတစ္သင္းျဖစ္လာမွာမဟုတ္ပါဘူး။ ခုခ်ိန္မွာ ကၽြန္ေတာ္ျမင္တာကေတာ့ အသင္းဟာ အမ္မရီလက္ထက္တုန္းကလို ေပးပို႔မႈေတြ၊ ေရြ႕လ်ားမႈေတြနဲ႔ လည္ေနတာပါပဲ” လို႔ ကီယြန္က ေျပာပါတယ္။
“တခ်ိန္တုန္းက အာဆင္နယ္အသင္းမွာ ဗီယာရာ၊ ဘားကမ္႔ပ္၊ အြန္နရီတို႔က ေဘာလံုး တစ္ေယာက္ တစ္ခ်က္စီေလာက္ေပးျပီး ျပိဳင္ဘက္ကို ထိုးႏွက္ခဲ့ၾကဖူးပါတယ္။ ေျပာခ်င္တာက အသင္းကို ရိုးရိုးရွင္းရွင္း စတင္တည္ေဆာက္ဖို႔ပါ။ ခုအာဆင္နယ္တုိက္စစ္က ၃ ေယာက္ကိုပဲၾကည့္။ သူတို႔က သူတို႔ရဲ႕ ေနရာကေန မေရြ႕လ်ားၾကပါဘူး။ သူတို႔ အရည္အေသြးေတြကို ကန္႔သတ္ခံထားရသလိုျဖစ္ေနတာပါ။ နည္းျပသစ္တစ္ေယာက္ရဲ႕ နည္းဗ်ဴဟာသစ္ေတြကို မေဝဖန္ခ်င္ပါဘူး။ အာတီတာက အာဆင္နယ္အတြက္ သင့္ေလ်ာ္မွန္ကန္တဲ့ နည္းျပဆိုတာကို ၁၀၀% အျပည္အဝလက္ခံထားျပီးသားပါ။ သူက ထက္ျမက္တဲ့နည္းျပတစ္ေယာက္ပါ။ ခုခ်ိန္မွာ အမွားေတြကို ျပန္ျပင္ဆင္ေစခ်င္ရံုပါ” လို႔ ခံစစ္မွဴးေဟာင္းၾကီးကဆိုခဲ့ပါတယ္။
Source: Metro, The Sport Review