
ယောင်္ကျားတစ်ယောက်ဟာ ကိုယ်ချစ်မြတ်နိုးရတဲ့မိန်းမတစ်ယောက်ဆီကနေ ဘယ်လိုအရာမျိုးတွေ လိုချင်မလဲ။ အမျိုးသမီးအားလုံးက ဒီအချက်ကို သိချင်နေကြမယ်ထင်ပါတယ်။ လိင်လား၊ အားပေးမှုလား၊ ငွေကြေးလား၊ ဂရုစိုက်မှုလား၊ ကြင်နာယုယမှုလား၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးစေချင်တာလား။ ယောင်္ကျားတွေ ဘာလိုချင်နေကြတာလဲ …
တစ်ချို့အမျိုးသမီးတွေကထင်တတ်ကြတယ်။ ယောင်္ကျားတွေဟာ လိင်ကိစ္စ၊ ငွေကြေး၊ ဂရုစိုက်မှုစတာတွေ လိုချင်ကြမယ်လို့ပေါ့။ ခုပြောပြမယ့် အချက်တွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။ တစ်စိတ်တစ်ပိုင်းပဲမှန်တယ်ဆိုတာကို မြင်ရပါလိမ့်မယ်။ သူတို့ အလိုရှိတဲ့အရာတစ်ချို့ဟာ မိန်းကလေးတွေအတွက် အံ့အားသင့်စရာတောင် ကောင်းနေပါလိမ့်ဦးမယ်။ ဒါပေမယ့် သူတို့လည်း လူသားတွေဖြစ်တယ်ဆိုပြီး ဖြည့်တွေးပေးလိုက်ပါနော်။
ကဲ အမျိုးသားတွေဟာ သူတို့ချစ်ခင်ရတဲ့ အမျိုးသမီးတွေဆီက ဘာတွေများလိုချင်ကြပါသလဲ? ကြည့်ရအောင် …

၁။ ဂရုစိုက်မှုကတော့ အရေးအကြီးဆုံးတွေထဲက တစ်ခုပါ
ကြင်နာတဲ့ နွေးထွေးတဲ့ ဂရုစိုက်မှုမျိုးကို ယောင်္ကျားတိုင်း တောင့်တတတ်ကြပါတယ်။ မိန်းကလေးတွေပဲ လူပုံအလယ်မှာ ချစ်သူရဲ့ ဖေးမမှု၊ ဂရုစိုက်မှုတွေကိုအလိုရှိတာမဟုတ်ပါဘူး။ ယောင်္ကျားတွေလည်း ဒီအတိုင်းပါပဲ။ အမျိုးသားထုကြီးဟာ ဂရုစိုက်မှုကို လိင်ကိစ္စထက်ပို အလိုရှိတယ်ဆိုရင် သင် အံ့သြနေမလား။
၂။ Sexy ကျကျ လိင်မှုကိစ္စကလည်း သူတို့ အလိုရှိတဲ့အရာပါ
ကျားနဲ့မ နှစ်ဦးအကြားမှာ ပုံမှန်လိင်မှုကိစ္စရှိနေတယ်ဆိုရုံနဲ့ အရာအားလုံး အဆင်ပြေနေတာမဟုတ်ပါဘူး။ ယောင်္ကျားတိုင်းကတော့ ကိုယ့်ရဲ့ အိပ်ယာပေါ်က တစ်စုံတစ်ယောက်ဆီကနေ စွဲမက်ဖွယ် လိင်အတွေ့အကြုံတွေ အလိုရှိတတ်ကြတာချည်းပါပဲ။ မယုံရင် ကိုယ့်ချစ်သူက ဘာကြောင့် လက်တွေ့ခံစားခွင့်မရှိတဲ့ Porn Movies တွေ ကြည့်နေတာလဲလို့ တွေးကြည့်ဖူးသလား။ ဖောက်ပြန်လိုစိတ်ထက် ဒီလိုအပြုအစု အယုအယတွေကို အရသာခံပြီးကြည့်နေကြတယ်ဆိုတဲ့ သဘောပါ။
၃။ ရိုမန်တစ်ဆန်တာမျိုးလည်း လိုချင်ကြတယ်
အမျိုးသမီးတွေပဲ ရိုမန်တစ်ဆန်တာကို သဘောကျတာမဟုတ်ပါဘူး။ အမျိုးသားတွေလည်း အတူတူပါပဲ။ မယုံမရှိပါနဲ့။ ယောင်္ကျားတွေလည်း Surprise Gift တွေ၊ ချစ်သူဆီက အမှတ်တရလက်ဆောင်တွေ၊ မျက်ရည်ပေါက်ပေါက်ကျစေလောက်တဲ့ ချစ်သဝင်္ဏလွှာတွေကို အလိုရှိကြ၊ မျှော်လင့်ကြပါတယ်။
၄။ အမှန်အတိုင်းလည်း ပြောစေချင်တတ်ကြသူတွေ
အမျိုးသားတွေဟာ သူတို့ရဲ့ ချစ်သူကြင်ဖက်ဆီကနေ အမှန်အတိုင်း ပြောဆိုဆက်ဆံမှုမျိုးကို အလိုရှိကြပါတယ်။ သူတို့က “ဘယ်ရောက်နေလဲ အချစ်ရေ” လို့ မေးချိန်မှာ ကိုယ့်ဘက်က အမှန်အတိုင်း ပြောဆိုတာမျိုး၊ သူတို့ကို အသိပေးပြီးမှ သွားတာလာတာမျိုးတွေကို သိပ်သဘောကျတတ်ပါတယ်။
၅။ တိတ်ဆိတ်တာကိုလည်း ကြိုက်တတ်တယ်
သမိုင်းတစ်လျှောက်လုံးမှာ အမျိုးသားတွေ အမျိုးသမီးတွေဆီကနေ အလိုချင်ဆုံးအရာလို့ ပြောလို့ရပါတယ်။ ဘယ်ယောင်္ကျားမှ နားပူတာမခံချင်ပါဘူး။ မိန်းမဆိုတဲ့အမျိုးကလည်း ရစ်ပြီဟေ့ဆိုရင် သမီးရည်းစားဘဝတုန်းက ကိစ္စကို အသက် ၈၀၊ ၉၀ အရွယ်အထိ ပြောမဆုံးတတ်တဲ့ အမျိုးမဟုတ်လား။

၆။ စိတ်ချမ်းမြေ့ဖွယ် ညစာစားပွဲလေးမျိုးလည်း တောင့်တတတ်ကြသေး
အမျိုးသားတွေဟာ ချစ်သူကြင်ဖက်နဲ့ အတူတကွ ညစာစားရတာမျိုးကို သိပ်သဘောခွေ့တတ်ပါတယ်။ ဒါပေမယ့် ဈေးကြီးတဲ့ဆိုင်ကြီးမှာ တခန်းတနားစားသောက်ရတာမျိုးထက် အတူတကွဈေးဝယ်ကြပြီး ကိုယ့်ချစ်သူကိုယ်တိုင် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စီမံကျွေးမွေးတာမျိုးကို ပိုသဘောကျတတ်တာပါ။
၇။ ဟာဒယဉာဏ်ရွှင်ပါစေ
ထူးဆန်းတယ်လို့ မထင်ပါနဲ့။ ဥပမာတစ်ခုပေးရရင် အမေရိကမှာ ဒိတ်လုပ်ကြတဲ့အခါတိုင်း အမျိုးသားအများစုဟာ သူတို့ရဲ့ ကြင်ဖက်ကို ဟာသဉာဏ်ရွှင်တာမျိုးကို နှစ်သက်ကြောင်း ပြောကြလေ့ရှိပါတယ်။ တကယ်လည်း အမျိုးသားတွေဟ ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေပြောပြီး ရယ်မောစေအောင် ပြုမူတတ်တဲ့ အမျိုးသမီးတွေကို အိန္ဒြေကြီးတခွဲသားနဲ့ နေတတ်တဲ့ မိန်းမတွေထက် ပိုပြီးချစ်မြတ်နိုးကြပါတယ်။
၈။ တိုးတိုးဖော်ဖြစ်ဖို့လည်း မျှော်လင့်ကြတယ်
ယောင်္ကျားရင့်မကြီးတွေဆိုပြီး လုံးဝမာကျောနေလိမ့်မယ်တော့ မထင်ပါနဲ့။ သူတို့လည်း တိုးတိုးဖော် တိုင်ပင်ဖက်မျိုး လိုချင်ကြပါတယ်။ သူတို့ပြောသမျှ၊ ရင်ဖွင့်သမျှကို စိတ်ဝင်တစားနားထောင်ပြီး သူတို့ကို ပြန်လည် နှစ်သိမ့်နိုင်မယ့်သူမျိုး၊ ရှင်းပြတာတွေကို နားလည်လက်ခံပေးနိုင်သူမျိုးတွေကို သိပ်ချစ်တတ်ကြပါတယ်။
၉။ လက်ထပ်ခြင်းဟာ အန္တိမရည်မှန်းချက်
ယောင်္ကျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို ချစ်မိသွားပြီလို့ ခံစားရတာနဲ့ လက်ထပ်ချင်တဲ့ စိတ်ကလည်း တခါတည်းပေါက်ဖွားလာတော့တာပါပဲ။ အနည်းအကျဉ်းကွာဟချက်ရှိနိုင်ပေမယ့် အများစုသော အမျိုးသားထုကြီးဟာ သူတို့ချစ်မြတ်နိုးသူတွေကို လက်ထပ်ခွင့်ရဖို့ သိပ်မျှော်လင့်ကြပါတယ်။
၁၀။ သူတို့ရဲ့ အရည်အသွေးကို ယုံကြည်မှုပေးစေချင်ကြတယ်
ယောင်္ကျားတိုင်းဟာ ဘယ်လိုအဆင့်အတန်း၊ ဘယ်လိုအခြေအနေမှာမဆို သူတို့ရဲ့ အရည်အသွေးအပေါ် ချစ်သူဆီကနေ အပြည့်အဝယုံကြည်မှုရရှိလာဖို့ မျှော်လင့်ကြတယ်။ ဒါကို သူတို့ရဲ့ ဂုဏ်သိက္ခာလို့ မှတ်ယူကြတယ်။ ဆိုက်ကားနင်းတဲ့သူကကနေစလို့ လမ်းဘေးဈေးသည်၊ ဆရာဝန်၊ အရာရှိ၊ အားလုံးက အလုပ်အပေါ် သူ့ချစ်သူက လက်ခံပြီး လေးစားတာမျိုးလိုချင်ကြပါတယ် တဲ့ဗျား။