
[UNICODE]
အာဆင်နယ်အသင်းရဲ့ ခံစစ်မှူး ဂါဘရီယယ် မဂါဟေးစ်ကတော့ ယခုရာသီမှာ ရလဒ်တည်ငြိမ်မှုမရှိသေးပေမယ့် နောက်လာမယ့်ပွဲစဉ်တွေမှာ ယခင်ကထက် ပိုမိုကြိုးစားပြီး ကစားသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက အက်စတွန်ဗီလာကို အရေးနိမ့်ခဲ့တာနဲ့ပတ်သက်ပြီး အလွန်စိတ်မကောင်းဖြစ်ရကြောင်းနဲ့ သူတို့အနေနဲ့ ပိုမိုကြိုးစားပြီး ရလဒ်ကောင်းတွေကို ရှာဖွေသွားမှာဖြစ်တယ်လို့ အာဆင်နယ်အသင်းရဲ့ အကောင်းဆုံးကစားသမားဆုကို ၂ လ ဆက်တိုက် ရရှိထားတဲ့ ဘရာဇီးလ်ခံစစ်မှူးက ကတိကဝတ်ပြုခဲ့တာဖြစ်ပါတယ်။

“အရမ်းစိတ်မကောင်းစရာ ရလဒ်ပါ။ ဒါပေမယ့် ဒါက ကျွန်တော်တို့ကို သက်ရောက်စေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပိုပြီး ပြင်းပြင်းထန်ထန်ကြိုးပမ်းသွားမှာပါ” လို့ ၂၂ နှစ်သား ဘရာဇီးလ်ခံစစ်မှူးက ဆိုခဲ့ပါတယ်။
ဒါ့အပြင် အာဆင်နယ်အသင်းဟာ အသင်းကြီးတစ်သင်းဖြစ်တယ်လို့ သူကဆိုခဲ့ပြီး လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာမယ်လို့လည်း ဆိုခဲ့ပါသေးတယ်။

“အာဆင်နယ်က ကမ္ဘာပေါ်က ထိပ်တန်းအသင်းကြီးတွေထဲမှာပါဝင်တဲ့ အသင်းတစ်သင်းပါ။ ကျွန်တော် အေးဂျင့်က ကျွန်တော့်ကို လာပြောစဉ်ကတည်းက ဒီဂျာစီကို ဂုဏ်ယူစွာ ဝတ်ဆင်ကစားချင်ခဲ့တာပါ။ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေ၊ ခမ်းနားတဲ့ကွင်းတွေ၊ ထိပ်တန်းကစားသမားတွေ ပိုင်ဆိုင်ထားတဲ့အသင်းပါ” လို့ ဂါဘရီယယ်က ပြောဆိုသွားတာပါ။
အသက် ၂၂ နှစ်အရွယ် ဘရာဇီးလ်လူမျိုး ခံစစ်မှူး ဂါဘရီယယ် မဂါဟေးစ်ဟာ ယခုနှစ်နွေရာသီမှာ လိုင်လီအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်းနဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းမှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေသူဖြစ်ပါတယ်။
Source: Metro
[UNICODE]
အာဆင္နယ္အသင္းရဲ႕ ခံစစ္မွဴး ဂါဘရီယယ္ မဂါေဟးစ္ကေတာ့ ယခုရာသီမွာ ရလဒ္တည္ျငိမ္မႈမရွိေသးေပမယ့္ ေနာက္လာမယ့္ပြဲစဥ္ေတြမွာ ယခင္ကထက္ ပိုမိုၾကိဳးစားျပီး ကစားသြားမယ္လုိ႔ ေျပာဆိုလုိက္ပါတယ္။
ျပီးခဲ့တဲ့အပတ္တုန္းက အက္စတြန္ဗီလာကို အေရးနိမ့္ခဲ့တာနဲ႔ပတ္သက္ျပီး အလြန္စိတ္မေကာင္းျဖစ္ရေၾကာင္းနဲ႔ သူတို႔အေနနဲ႔ ပိုမိုၾကိဳးစားျပီး ရလဒ္ေကာင္းေတြကို ရွာေဖြသြားမွာျဖစ္တယ္လုိ႔ အာဆင္နယ္အသင္းရဲ႕ အေကာင္းဆံုးကစားသမားဆုကို ၂ လ ဆက္တုိက္ ရရွိထားတဲ့ ဘရာဇီးလ္ခံစစ္မွဴးက ကတိကဝတ္ျပဳခဲ့တာျဖစ္ပါတယ္။

“အရမ္းစိတ္မေကာင္းစရာ ရလဒ္ပါ။ ဒါေပမယ့္ ဒါက ကၽြန္ေတာ္တို႔ကို သက္ေရာက္ေစမွာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ပိုျပီး ျပင္းျပင္းထန္ထန္ၾကိဳးပမ္းသြားမွာပါ” လို႔ ၂၂ ႏွစ္သား ဘရာဇီးလ္ခံစစ္မွဴးက ဆိုခဲ့ပါတယ္။
ဒါ့အျပင္ အာဆင္နယ္အသင္းဟာ အသင္းၾကီးတစ္သင္းျဖစ္တယ္လို႔ သူကဆိုခဲ့ျပီး လမ္းေၾကာင္းမွန္ေပၚျပန္ေရာက္လာမယ္လုိ႔လည္း ဆိုခဲ့ပါေသးတယ္။

“အာဆင္နယ္က ကမၻာေပၚက ထိပ္တန္းအသင္းၾကီးေတြထဲမွာပါဝင္တဲ့ အသင္းတစ္သင္းပါ။ ကၽြန္ေတာ္ ေအးဂ်င့္က ကၽြန္ေတာ့္ကို လာေျပာစဥ္ကတည္းက ဒီဂ်ာစီကို ဂုဏ္ယူစြာ ဝတ္ဆင္ကစားခ်င္ခဲ့တာပါ။ ပရိတ္သတ္ေတြရဲ႕ အားေပးမႈေတြ၊ ခမ္းနားတဲ့ကြင္းေတြ၊ ထိပ္တန္းကစားသမားေတြ ပိုင္ဆုိင္ထားတဲ့အသင္းပါ” လို႔ ဂါဘရီယယ္က ေျပာဆိုသြားတာပါ။
အသက္ ၂၂ ႏွစ္အရြယ္ ဘရာဇီးလ္လူမ်ိဳး ခံစစ္မွဴး ဂါဘရီယယ္ မဂါေဟးစ္ဟာ ယခုႏွစ္ေႏြရာသီမွာ လိုင္လီအသင္းကေန ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၆ သန္းနဲ႔ အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး အသင္းမွာ ေျခစြမ္းေကာင္းေတြ ဆက္တုိက္ျပသေနသူျဖစ္ပါတယ္။
Source: Metro