အသင်းကို အကောင်းဘက်ရောက်အောင် ပြောင်းလဲပြမယ်လို့ အာတီတာဆို

[UNICODE]

အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာက အသင်းအနေနဲ့ ၂၅ နှစ်အတွင်းမှာ အဆိုးရွားဆုံး ရာသီတစ်ခုနဲ့ကြုံဆုံနေရပေမယ့် ရှေ့လာမယ့်ပွဲစဉ်တွေနဲ့ နောက်လာမယ့်ရာသီသစ်တို့မှာ ကောင်းမွန်တဲ့အရာတွေ ပြန်ရလာအောင် ပြောင်းလဲပြသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဂန်းနားတွေဟာ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး ယူရိုပါလိဂ်ဆုဖလား မျှော်လင့်ချက်လည်း ပျက်ယွင်းသွားခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့်ရာသီမှာ ဥရောပဝင်ခွင့်ရဖို့ မျှော်လင့်ချက်ကလည်း အလွန်နည်းပါးနေပြီး အမှတ်ပေးဇယားအပေါ်ဘက်မှာရှိနေတဲ့အသင်းတွေ ဆက်တိုက် ခြေချော်ဖို့ မျှော်လင့်နေရတဲ့အခြေအနေပါ။

လက်ရှိရာသီမှာ ခုလိုမျိုး အခြေအနေဆိုးတွေ ကြုံဆုံနေရပေမယ့် မကြာခင်မှာ ပိုကောင်းတဲ့အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်အောင် အပြောင်းအလဲတွေ ပြုလုပ်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အာတီတာကဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ ဘာလုပ်နိုင်သလဲဆိုတာကို ကွင်းထဲမှာပဲ သက်သေပြပါမယ်။ အပြောနဲ့မဟုတ် အလုပ်နဲ့ သက်သေပြပါမယ်” လို့ အာတီတာက CBS Sports နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

“ပြီးခဲ့တဲ့ကိစ္စတွေအတွက် ကျွန်တော်တို့လည်း သိပ်ကို စိတ်ပျက်ခဲ့ရပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အသင်းအတွက် ကောင်းတဲ့အရာတွေပဲ ယူဆောင်လာခဲ့ချင်တာပါ။ ဒါပေမယ့် ဒီရာသီမှာ ဆိုးရွားတာတွေ အများကြီးကြုံခဲ့ရတယ်ဆိုတာကို ဝန်ခံပါတယ်။ ဒါပေမယ့် ဘာကိုမှ အကြောင်းပြချက်ပေးနေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ အခြေအနေတွေကို ပြန်ပြောင်းလဲပြမှာပါ” လို့ သူကဆိုသွားခဲ့ပါတယ်။

ပရိတ်သတ်တွေရဲ့ စိတ်ပျက်ငြိုငြင်မှုတွေကြောင့် မီခယ် အာတီတာရဲ့ အာဆင်နယ်နည်းပြဘဝ အနာဂတ်ဟာ မရေရာမှုတွေရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဘုတ်အဖွဲ့နဲ့ ခရွန်ကီမိသားစုတို့က စပိန်သားကို လာမယ့်နှစ်ရာသီအထိ ဆက်လက်စောင့်ကြည့်ဖို့ ထောက်ခံထားဆဲဖြစ်တာမို့ အပြောင်းအလဲတွေကို အမှန်တကယ်ပြုလုပ်နိုင်မလား စောင့်ကြည့်ရတော့မှာပါ။

Source: CBS Sports

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာက အသင္းအေနနဲ႔ ၂၅ ႏွစ္အတြင္းမွာ အဆုိးရြားဆံုး ရာသီတစ္ခုနဲ႔ၾကံဳဆံုေနရေပမယ့္ ေရွ႕လာမယ့္ပြဲစဥ္ေတြနဲ႔ ေနာက္လာမယ့္ရာသီသစ္တို႔မွာ ေကာင္းမြန္တဲ့အရာေတြ ျပန္ရလာေအာင္ ေျပာင္းလဲျပသြားမယ္လုိ႔ ေျပာဆိုလုိက္ပါတယ္။

ဂန္းနားေတြဟာ လက္တေလာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ အဆင့္ ၉ ေနရာမွာ ရပ္တည္ေနျပီး ယူရိုပါလိဂ္ဆုဖလား ေမွ်ာ္လင့္ခ်က္လည္း ပ်က္ယြင္းသြားခဲ့ျပီျဖစ္ပါတယ္။ ဒါ့အျပင္ လာမယ့္ရာသီမွာ ဥေရာပဝင္ခြင့္ရဖို႔ ေမွ်ာ္လင့္ခ်က္ကလည္း အလြန္နည္းပါးေနျပီး အမွတ္ေပးဇယားအေပၚဘက္မွာရွိေနတဲ့အသင္းေတြ ဆက္တုိက္ ေျခေခ်ာ္ဖို႔ ေမွ်ာ္လင့္ေနရတဲ့အေျခအေနပါ။

လက္ရွိရာသီမွာ ခုလိုမ်ိဳး အေျခအေနဆိုးေတြ ၾကံဳဆံုေနရေပမယ့္ မၾကာခင္မွာ ပိုေကာင္းတဲ့အေျခအေနတစ္ရပ္ကို ဖန္တီးႏုိင္ေအာင္ အေျပာင္းအလဲေတြ ျပဳလုပ္သြားႏုိင္လိမ့္မယ္လုိ႔ ယံုၾကည္ေၾကာင္း အာတီတာကဆိုလုိက္ပါတယ္။

“ကၽြန္ေတာ္တို႔ ဘာလုပ္ႏိုင္သလဲဆိုတာကို ကြင္းထဲမွာပဲ သက္ေသျပပါမယ္။ အေျပာနဲ႔မဟုတ္ အလုပ္နဲ႔ သက္ေသျပပါမယ္” လို႔ အာတီတာက CBS Sports နဲ႔ အင္တာဗ်ဴးမွာ ေျပာဆိုခဲ့ပါတယ္။

“ျပီးခဲ့တဲ့ကိစၥေတြအတြက္ ကၽြန္ေတာ္တို႔လည္း သိပ္ကို စိတ္ပ်က္ခဲ့ရပါတယ္။ ကၽြန္ေတာ္တို႔ ကိုယ္တုိင္လည္း အသင္းအတြက္ ေကာင္းတဲ့အရာေတြပဲ ယူေဆာင္လာခဲ့ခ်င္တာပါ။ ဒါေပမယ့္ ဒီရာသီမွာ ဆိုးရြားတာေတြ အမ်ားၾကီးၾကံဳခဲ့ရတယ္ဆုိတာကို ဝန္ခံပါတယ္။ ဒါေပမယ့္ ဘာကိုမွ အေၾကာင္းျပခ်က္ေပးေနမွာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ အေျခအေနေတြကို ျပန္ေျပာင္းလဲျပမွာပါ” လို႔ သူကဆိုသြားခဲ့ပါတယ္။

ပရိတ္သတ္ေတြရဲ႕ စိတ္ပ်က္ျငိဳျငင္မႈေတြေၾကာင့္ မီခယ္ အာတီတာရဲ႕ အာဆင္နယ္နည္းျပဘဝ အနာဂတ္ဟာ မေရရာမႈေတြရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္ ဘုတ္အဖြဲ႕နဲ႔ ခရြန္ကီမိသားစုတို႔က စပိန္သားကို လာမယ့္ႏွစ္ရာသီအထိ ဆက္လက္ေစာင့္ၾကည့္ဖို႔ ေထာက္ခံထားဆဲျဖစ္တာမို႔ အေျပာင္းအလဲေတြကို အမွန္တကယ္ျပဳလုပ္ႏိုင္မလား ေစာင့္ၾကည့္ရေတာ့မွာပါ။

Source: CBS Sports

Leave a Reply