
[UNICODE]
ယခုနှစ်နွေရာသီမှာ ဆွီဒင်ကလပ် မဲလ်မိုအသင်းကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာခဲ့ပြီး ( မိုဗစ်လက်သစ် မိုလာ ) လို့နာမည်ကျော်နေတဲ့ လူငယ်တိုက်စစ်မှူး နီကိုလာ ဒူးစ် မိုလာ ဟာ အာဆင်နယ်အသင်းကြီးထံ ခေါ်ယူခြင်းခံခဲ့ရပါတယ်။
ပရီးမီးယားလိဂ်-၂ မှာ ဖိုလာရင် ဘလိုဂန် ၊ အီမိုင်း စမစ်-ရိုး တို့နဲ့အတူ အာဆင်နယ်လူငယ်အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ကစားနေတဲ့ ဆွီဒင်တိုက်စစ်မှူးလေးဟာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ပွဲစဉ်အတွက် ပြင်ဆင်နေတဲ့ အာဆင်နယ်အသင်းကြီးရဲ့ လေ့ကျင့်ခန်းအစီအစဉ်ထံ မန်နေဂျာဖြစ်သူ မီခယ် အာတီတာ ရဲ့ ခေါ်ယူခြင်းကို ခေါ်ယူခြင်းခံခဲ့ရပါတယ်။

တိုက်စစ်ပိုင်းမှာ အူဘာမီယန်း၊ လာကာဇက်တို့ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေပြီး တခြားတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အက်ဒီ နကီတီယာ ကို အပြည့်အဝအားကိုးဖို့ မဖြစ်နိုင်သေးတဲ့အပြင် မာတီနယ်လီ ကလည်း ဒါဏ်ရာကနေ ပြန်မလာနိုင်သေးချိန်မှာ နည်းပြဖြစ်သူ အာတီတာကတော့ မိုလာနဲ့ ဘိုလာဂန်တို့ကို အသင်းကြီးထံ ခေါ်ယူကာ အင်အားဖြည့်တင်းခဲ့တာဖြစ်ပါတယ်။
ဆွီဒင်နဲ့ အီတလီမှာရှိနေစဉ်တုန်းက “အီဗရာဟီမိုဗစ်ချ် လက်သစ်” လို့ နာမည်ကျော်ခဲ့တဲ့ ၁၈ နှစ်သား မိုလာဟာ အာဆင်နယ်လူငယ်အသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၃ ပွဲမှာ ပါဝင်ကစားခဲ့ပြီး ၄ ဂိုးသွင်းယူကာ ၁ ဂိုးဖန်တီပေးထားသူဖြစ်ပါတယ်။

အရပ် ၆ ပေ ၄ လက်မမြင့်မားတဲ့ မိုလာ ဟာ ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလ နောက်ဆုံးရက်မှာ ဆွီဒင်ကလပ် မဲလ်မိုအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၄ သိန်းခွဲနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။
ဂန်းနားတွေဟာ ယခုနှစ်ရာသီမှာ လူငယ်အသင်းအတွက် ရည်ရွယ်ပြီး မိုလာအပြင် ဂျော့ဂျ် လူးဝစ် ၊ တင်မ် အကီနိုလာ ၊ ဂျိုယယ် အီဒါဟိုနဲ့ ဂျိုနသန် ဒန်ဇီယီတို့တွေကိုခေါ်ယူခဲ့ပြီး ထူးခြားချက်ကတော့ လူငယ်အားလုံး ခြေစွမ်းပြသနိုင်နေတာပါပဲ။
Source: TBR, Mail, Football London
[ZAWGYI]
ယခုႏွစ္ေႏြရာသီမွာ ဆီြဒင္ကလပ္ မဲလ္မိုအသင္းကေန အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕လာခဲ့တဲ့ လူငယ္တုိက္စစ္မွဴး နီကိုလာ ဒူးစ္ မိုလာဟာ အာဆင္နယ္အသင္းၾကီးထံ ေခၚယူျခင္းခံခဲ့ရပါတယ္။
ပရီးမီးယားလိဂ္-၂ မွာ ဖိုလာရင္ ဘလိုဂန္၊ အီမုိင္း စမစ္-ရိုးတို႔နဲ႔အတူ အာဆင္နယ္လူငယ္အသင္းရဲ႕ တုိက္စစ္ကို ဦးေဆာင္ကစားေနတဲ့ ဆြီဒင္တုိက္စစ္မွဴးေလးဟာ လိဒ္စ္ယူႏိုက္တက္အသင္းနဲ႔ပြဲစဥ္အတြက္ ျပင္ဆင္ေနတဲ့ အာဆင္နယ္အသင္းၾကီးရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ထံ မန္ေနဂ်ာျဖစ္သူ မီခယ္ အာတီတာရဲ႕ ေခၚယူျခင္းကို ေခၚယူျခင္းခံခဲ့ရပါတယ္။

တုိက္စစ္ပိုင္းမွာ အူဘာမီယန္း၊ လာကာဇက္တို႔ ပံုမွန္ေျခစြမ္းေပ်ာက္ဆံုးေနျပီး တျခားတုိက္စစ္မွဴးတစ္ဦးျဖစ္တဲ့ အက္ဒီ နကီတီယာကို အျပည့္အဝအားကိုးဖို႔ မျဖစ္ႏုိင္ေသးတဲ့အျပင္ မာတီနယ္လီကလည္း ဒါဏ္ရာကေန ျပန္မလာႏုိင္ေသးခ်ိန္မွာ နည္းျပျဖစ္သူ အာတီတာကေတာ့ မိုလာနဲ႔ ဘိုလာဂန္တို႔ကို အသင္းၾကီးထံ ေခၚယူကာ အင္အားျဖည့္တင္းခဲ့တာျဖစ္ပါတယ္။
ဆီြဒင္နဲ႔ အီတလီမွာရွိေနစဥ္တုန္းက “အီဗရာဟီမိုဗစ္ခ်္ လက္သစ္” လုိ႔ နာမည္ေက်ာ္ခဲ့တဲ့ ၁၈ ႏွစ္သား မိုလာဟာ အာဆင္နယ္လူငယ္အသင္းရဲ႕ ေနာက္ဆံုးကစားခဲ့တဲ့ ပြဲစဥ္ ၃ ပြဲမွာ ပါဝင္ကစားခဲ့ျပီး ၄ ဂိုးသြင္းယူကာ ၁ ဂိုးဖန္တီေပးထားသူျဖစ္ပါတယ္။

အရပ္ ၆ ေပ ၄ လက္မျမင့္မားတဲ့ မိုလာဟာ ယခုႏွစ္ေႏြရာသီအေျပာင္းအေရႊ႕ကာလ ေနာက္ဆံုးရက္မွာ ဆီြဒင္ကလပ္ မဲလ္မုိအသင္းကေန ေျပာင္းေရႊ႕ေၾကး ေပါင္ ၄ သိန္းခြဲနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ပါတယ္။
ဂန္းနားေတြဟာ ယခုႏွစ္ရာသီမွာ လူငယ္အသင္းအတြက္ ရည္ရြယ္ျပီး မိုလာအျပင္ ေဂ်ာ့ဂ်္ လူးဝစ္၊ တင္မ္ အကီႏိုလာ၊ ဂ်ိဳယယ္ အီဒါဟိုနဲ႔ ဂ်ိဳနသန္ ဒန္ဇီယီတို႔ေတြကိုေခၚယူခဲ့ျပီး ထူးျခားခ်က္ကေတာ့ လူငယ္အားလံုး ေျခစြမ္းျပသႏုိင္ေနတာပါပဲ။
Source: TBR, Mail, Football London