
[UNICODE]
အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဖြစ်တဲ့ ပီယာရီ အမ်းမရစ် အူဘာမီယန်းက ထိပ်တန်းအသင်းတစ်သင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားရတာဟာ တာဝန်ကြီးလွန်းပြီး ပွဲစဉ်တိုင်းကို အာရုံစူးစိုက်ဖို့ ခက်ခဲနေခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။
အူဘာမီယန်းဟာ ယမန်နှစ်ရာသီတုန်းက အသင်းခေါင်းဆောင် ရှာခါနဲ့ အသင်းပရိတ်သတ်တွေအကြား သဘာထားမတိုက်ဆိုင်မှုတွေဖြစ်လာချိန်မှာ အသင်းခေါင်းဆောင်ရာထူးကို လွှဲပြောင်းရယူခဲ့သူဖြစ်ပြီး အဆိုပါရာထူးအတွက် ဂုဏ်ယူမိပေမယ့် တာဝန်တွေပိုလာတာကြောင့် ပွဲစဉ်တိုင်းမှာ စွမ်းဆောင်ရည်ပြည့်ထုတ်ဖော်ကစားနိုင်ဖို့ ခက်ခဲနေခဲ့တယ်လို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။

“ကျွန်တော် အများကြီး ပြောင်းလဲသွားတာ မှန်ပါတယ်။ ပြောရရင် တာဝန်ယူရတာတွေ အများကြီးပါ။ ပွဲစဉ်တစ်ပွဲလောက်အတွက်ကို လုပ်ဆောင်ရတာတွေက များပြားလွန်းပါတယ်” လို့ အာတီတာက ပြောဆိုခဲ့တာပါ။
“ရာထူးလက်မခံရသေးခင်တုန်းကတော့ ဒါတွေကို ကျွန်တော် မသိခဲ့ပါဘူး။ နောက်ပိုင်းမှာ သတိထားမိလာတာကတော့ တချို့ပွဲစဉ်တွေမှာ အာရုံစူးစိုက်နိုင်စွမ်း နည်းနည်းကျဆင်းလာတယ်ဆိုတာပါပဲ။ ခုချိန်မှာတော့ ပွဲတိုင်းကို အာရုံအပြည့်အဝ စူးစိုက်နိုင်ဖို့ ကျွန်တော် အကောင်းဆုံးကြိုးစားနေပါတယ်။ အရံခုံမှာရှိနေရင်တောင်မှ အသင်းဖော်တွေကို လမ်းညွှန်နိုင်ဖို့ ကျွန်တော် ကြိုးစားနေပါတယ်” လို့လည်း ဂါဘွန်သားက ဆိုသွားခဲ့ပါသေးတယ်။

၂၀၁၈-၁၉ ရာသီတုန်းက ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ အူဘာမီယန်းဟာ လက်ရှိရာသီမှာတော့ သွင်းဂိုးတွေ ရယူနိုင်ဖို့ ရုံးကန်နေရပြီး လက်ရှိအချိန်အထိ ပရီးမီးယားလိဂ် ၈ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၂ ဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်။
၃၁ နှစ်သားတိုက်စစ်မှူးဟာ သူအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားချိန်မှာ အသင်းအတွက် FA ဖလားနဲ့ ကွန်မြူနတီဒိုင်း ၂ ခု ရရှိအောင် ဦးဆောင်ပေးထားသူလည်းဖြစ်ပါတယ်။
Source: Arsenal, Football London
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ တုိက္စစ္မွဴးျဖစ္တဲ့ ပီယာရီ အမ္းမရစ္ အူဘာမီယန္းက ထိပ္တန္းအသင္းတစ္သင္းကို အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူထားရတာဟာ တာဝန္ၾကီးလြန္းျပီး ပြဲစဥ္တုိင္းကို အာရံုစူးစိုက္ဖို႔ ခက္ခဲေနခဲ့တယ္လို႔ ဝန္ခံေျပာဆိုလုိက္ပါတယ္။
အူဘာမီယန္းဟာ ယမန္ႏွစ္ရာသီတုန္းက အသင္းေခါင္းေဆာင္ ရွာခါနဲ႔ အသင္းပရိတ္သတ္ေတြအၾကား သဘာထားမတိုက္ဆိုင္မႈေတြျဖစ္လာခ်ိန္မွာ အသင္းေခါင္းေဆာင္ရာထူးကို လႊဲေျပာင္းရယူခဲ့သူျဖစ္ျပီး အဆိုပါရာထူးအတြက္ ဂုဏ္ယူမိေပမယ့္ တာဝန္ေတြပိုလာတာေၾကာင့္ ပြဲစဥ္တုိင္းမွာ စြမ္းေဆာင္ရည္ျပည့္ထုတ္ေဖာ္ကစားႏိုင္ဖို႔ ခက္ခဲေနခဲ့တယ္လို႔ ေျပာဆိုလုိက္တာျဖစ္ပါတယ္။

“ကၽြန္ေတာ္ အမ်ားၾကီး ေျပာင္းလဲသြားတာ မွန္ပါတယ္။ ေျပာရရင္ တာဝန္ယူရတာေတြ အမ်ားၾကီးပါ။ ပြဲစဥ္တစ္ပြဲေလာက္အတြက္ကို လုပ္ေဆာင္ရတာေတြက မ်ားျပားလြန္းပါတယ္” လို႔ အာတီတာက ေျပာဆိုခဲ့တာပါ။
“ရာထူးလက္မခံရေသးခင္တုန္းကေတာ့ ဒါေတြကို ကၽြန္ေတာ္ မသိခဲ့ပါဘူး။ ေနာက္ပိုင္းမွာ သတိထားမိလာတာကေတာ့ တခ်ိဳ႕ပြဲစဥ္ေတြမွာ အာရံုစူးစိုက္ႏုိင္စြမ္း နည္းနည္းက်ဆင္းလာတယ္ဆိုတာပါပဲ။ ခုခ်ိန္မွာေတာ့ ပြဲတုိင္းကို အာရံုအျပည့္အဝ စူးစိုက္ႏုိင္ဖို႔ ကၽြန္ေတာ္ အေကာင္းဆံုးၾကိဳးစားေနပါတယ္။ အရံခံုမွာရွိေနရင္ေတာင္မွ အသင္းေဖာ္ေတြကို လမ္းညႊန္ႏုိင္ဖို႔ ကၽြန္ေတာ္ ၾကိဳးစားေနပါတယ္” လို႔လည္း ဂါဘြန္သားက ဆိုသြားခဲ့ပါေသးတယ္။

၂၀၁၈-၁၉ ရာသီတုန္းက ပရီးမီးယားလိဂ္ရဲ႕ ဂိုးသြင္းဘုရင္ျဖစ္ခဲ့တဲ့ အူဘာမီယန္းဟာ လက္ရွိရာသီမွာေတာ့ သြင္းဂိုးေတြ ရယူႏုိင္ဖို႔ ရံုးကန္ေနရျပီး လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္ ၈ ပြဲကစားျပီးခ်ိန္မွာ သြင္းဂိုး ၂ ဂိုးသာ သြင္းယူထားႏုိင္ပါေသးတယ္။
၃၁ ႏွစ္သားတုိက္စစ္မွဴးဟာ သူအသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူထားခ်ိန္မွာ အသင္းအတြက္ FA ဖလားနဲ႔ ကြန္ျမဴနတီဒိုင္း ၂ ခု ရရွိေအာင္ ဦးေဆာင္ေပးထားသူလည္းျဖစ္ပါတယ္။
Source: Arsenal, Football London