
[UNICODE]
အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် အူဘာမီယန်းက အသင်းရဲ့ လက်ရှိရာသီ အခြေအနေဆိုးတွေအတွက် တာဝန်ရှိတယ်လို့ ခံစားရကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၁၉ ခုနှစ်မှာ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဆုဖလားအောင်မြင်မှု ၂ ကြိမ် ရရှိအောင် သူ့ရဲ့သွင်းဂိုးတွေနဲ့ အသင်းကို ဦးဆောင်ပေးခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိရာသီ မစတင်မှီမှာ မြင့်မားတဲ့လုပ်ခလစာနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ ခြေစွမ်းတွေကျဆင်းလာနေတယ်လို့ ဝေဖန်ခံနေရသူပါ။

အူဘာမီယန်းကတော့ အသင်းရဲ့ ပရီးမီးယားလိဂ်ကျရှုံးမှုတွေနဲ့ ဥရောပဝင်ခွင့်ကိုပါ လက်လွှတ်လိုက်ရတဲ့ ယခုနှစ်ရာသီ အခြေအနေနဲ့ပတ်သက်ပြီး စိတ်ထိခိုက်ခံစားနေရကြောင်း ဝန်ခံခဲ့သလို အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်ရှိတယ်လို့ ခံစားရကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။
“ကျွန်တော့် ကစားသမားဘဝမှာ အတော်လေးဆိုးရွားတဲ့ ရာသီတွေရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီရာသီကတော့ အခက်ဆုံး အဆိုးဆုံးပါပဲ။ ဒီနှစ်မှာဆိုရင် ကျွန်တော် ကိုယ်တိုင်လည်း ကွင်းတွင်း/ကွင်းပြင်မှာ အခက်အခဲတွေ အများကြီးရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ရာသီကုန်ချိန်အတွက် ယုံကြည်မှုရှိနေဆဲဖြစ်သလို ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်ဖို့လဲ ဆန္ဒပြင်းပြနေဆဲပါ” လို့ အူဘာမီယန်းက ဆိုသွားခဲ့ပါတယ်။

“ကျွန်တော် တစ်ခုခုပြန်လုပ်ပေးချင်ပါတယ်။ ဘာလို့လဲဆိုရင် ပရိတ်သတ်တွေက ကျွန်တော့်ဆီကနေ အများကြီး မျှော်လင့်ထားကြလို့ပါ။ ကျွန်တော် အသင်းကိုလည်း ကောင်းကောင်း ဦးဆောင်ချင်ပါတယ်။ ခုအခြေအနေတွေအတွက် တာဝန်ရှိတယ်လို့ ကျွန်တော် ခံစားမိနေပါတယ်။ လက်ရှိအခက်အခဲတွေကို အခွင့်အရေးအဖြစ် အသုံးချပြီး အပြောင်းအလဲတွေ ပြုလုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့လည်း သူက ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။
တိုက်စစ်မှူး အူဘာမီယန်းဟာ အာဆင်နယ်အသင်းအတွက် နောက်ဆုံး ၂ ရာသီမှာ တစ်ရာသီပျမ်းမျှ ဂိုး ၃၀ နှုန်း သွင်းယူပေးထားသူဖြစ်ပေမယ့် လက်ရှိရာသီမှာတော့ တစ်ရာသီလုံးမှာ သွင်းဂိုး ၁၅ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။
Source: Goal
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ အူဘာမီယန္းက အသင္းရဲ႕ လက္ရွိရာသီ အေျခအေနဆိုးေတြအတြက္ တာဝန္ရွိတယ္လို႔ ခံစားရေၾကာင္း ထုတ္ေဖာ္ေျပာဆိုလာခဲ့ပါတယ္။
အသက္ ၃၁ ႏွစ္အရြယ္ တုိက္စစ္မွဴးဟာ ၂၀၁၉ ခုႏွစ္မွာ အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူျပီးေနာက္ပိုင္း ဆုဖလားေအာင္ျမင္မႈ ၂ ၾကိမ္ ရရွိေအာင္ သူ႔ရဲ႕သြင္းဂိုးေတြနဲ႔ အသင္းကို ဦးေဆာင္ေပးခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္လည္း လက္ရွိရာသီ မစတင္မွီမွာ ျမင့္မားတဲ့လုပ္ခလစာနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ျပီးေနာက္ပိုင္း သူ႔ရဲ႕ ေျခစြမ္းေတြက်ဆင္းလာေနတယ္လုိ႔ ေဝဖန္ခံေနရသူပါ။

အူဘာမီယန္းကေတာ့ အသင္းရဲ႕ ပရီးမီးယားလိဂ္က်ရံႈးမႈေတြနဲ႔ ဥေရာပဝင္ခြင့္ကိုပါ လက္လႊတ္လုိက္ရတဲ့ ယခုႏွစ္ရာသီ အေျခအေနနဲ႔ပတ္သက္ျပီး စိတ္ထိခိုက္ခံစားေနရေၾကာင္း ဝန္ခံခဲ့သလို အသင္းေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ တာဝန္ရွိတယ္လုိ႔ ခံစားရေၾကာင္းလည္း ဖြင့္ဟခဲ့ပါတယ္။
“ကၽြန္ေတာ့္ ကစားသမားဘဝမွာ အေတာ္ေလးဆိုးရြားတဲ့ ရာသီေတြရွိခဲ့ဖူးပါတယ္။ ဒါေပမယ့္ ဒီရာသီကေတာ့ အခက္ဆံုး အဆိုးဆံုးပါပဲ။ ဒီႏွစ္မွာဆိုရင္ ကၽြန္ေတာ္ ကိုယ္တုိင္လည္း ကြင္းတြင္း/ကြင္းျပင္မွာ အခက္အခဲေတြ အမ်ားၾကီးရင္ဆုိင္ခဲ့ရပါတယ္။ ဒါေပမယ့္ ရာသီကုန္ခ်ိန္အတြက္ ယံုၾကည္မႈရွိေနဆဲျဖစ္သလို ေကာင္းမြန္တဲ့ အေျခအေနတစ္ရပ္ကို ဖန္တီးႏုိင္ဖို႔လဲ ဆႏၵျပင္းျပေနဆဲပါ” လို႔ အူဘာမီယန္းက ဆိုသြားခဲ့ပါတယ္။

“ကၽြန္ေတာ္ တစ္ခုခုျပန္လုပ္ေပးခ်င္ပါတယ္။ ဘာလို႔လဲဆိုရင္ ပရိတ္သတ္ေတြက ကၽြန္ေတာ့္ဆီကေန အမ်ားၾကီး ေမွ်ာ္လင့္ထားၾကလို႔ပါ။ ကၽြန္ေတာ္ အသင္းကိုလည္း ေကာင္းေကာင္း ဦးေဆာင္ခ်င္ပါတယ္။ ခုအေျခအေနေတြအတြက္ တာဝန္ရွိတယ္လုိ႔ ကၽြန္ေတာ္ ခံစားမိေနပါတယ္။ လက္ရွိအခက္အခဲေတြကို အခြင့္အေရးအျဖစ္ အသံုးခ်ျပီး အေျပာင္းအလဲေတြ ျပဳလုပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္” လို႔လည္း သူက ဆက္လက္ေျပာဆိုသြားခဲ့ပါတယ္။
တိုက္စစ္မွဴး အူဘာမီယန္းဟာ အာဆင္နယ္အသင္းအတြက္ ေနာက္ဆံုး ၂ ရာသီမွာ တစ္ရာသီပ်မ္းမွ် ဂိုး ၃၀ ႏႈန္း သြင္းယူေပးထားသူျဖစ္ေပမယ့္ လက္ရွိရာသီမွာေတာ့ တစ္ရာသီလံုးမွာ သြင္းဂိုး ၁၅ ဂိုးသာ သြင္းယူထားႏုိင္ပါတယ္။
Source: Goal