အသင်းရဲ့ လမ်းပြမြေပုံကို အောင်အောင်မြင်မြင်ဖန်တီးနိုင်ခဲ့ပြီလို့ အာတီတာပြော

[UNICODE]

အာဆင်နယ်အသင်းရဲ့ နည်းပြ မီခယ် အာတီတာက အသင်းရဲ့ အနာဂတ်အထိ ရေရှည်ရည်မှန်းချက်ထား ရေးဆွဲနေတဲ့ အသင်းရဲ့ လမ်းပြမြေပုံကို အောင်မြင်အောင် ရေးဆွဲဖန်တီးနိုင်ခဲ့ပြီဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး ၁ နှစ်အတွင်း အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်ရောက်လာတော့မယ်လို့ လိုက်ပါတယ်။

ဂန်းနားတွေဟာ လက်တလောမှာ ပရီးမီးယားလိဂ်အမှတ်ပေးပြိုင်ပွဲမှာ ရလဒ်တွေဆက်တိုက်ဆိုးရွားနေခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာအထိရောက်ရှိနေသလို တန်းဆင်းဇုံထိပ်က ဖူလ်ဟမ်အသင်းနဲ့ ရမှတ်ကွာဟမှုကလည်း ၄ မှတ်သာကွာဟပါတော့တယ်။

ဒီလိုအခြေအနေဆိုးတွေ ရှိနေပေမယ့် အာဆင်နယ်အသင်းရဲ့ ဘုတ်အဖွဲ့နဲ့ အသင်းပိုင်ရှင် စတန် ခရွန်ကီတို့ကတော့ အသက် ၃၈ နှစ်အရွယ် စပိန်လူမျိုးနည်းပြ မီခယ် အာတီတာအပေါ် အပြည့်အဝ ထောက်ခံမှုရှိနေဆဲဖြစ်ကြောင်း အတိတလင်းဆိုထားကြပါတယ်။

မီဒီယာတွေကလည်း အာတီတာ စီစဉ်ရေးဆွဲနေတဲ့ ရေရှည်အစီအစဉ်ဟာ အသင်းရဲ့ တာဝန်ရှိသူတွေကို ကောင်းကောင်းဆွဲဆောင်ထားနိုင်ပြီး အဆိုပါ လမ်းပြမြေပုံကြောင့် စပိန်သား ရာထူးလက်မလွှတ်ရသေးတာလို့ အစောပိုင်းကတည်းက ဖော်ပြခဲ့ကြပါတယ်။

ခုချိန်မှာတော့ စပိန်လူမျိုးနည်းပြဖြစ်သူက သူ့ရဲ့ စီမံကိန်းအကြောင်းကို စတင်ထုတ်ဖော်ပြောဆိုလာခဲ့ပြီဖြစ်ပါတယ်။ “အစီအစဉ်ရေးဆွဲမှုက ပြီးမြောက်သွားခဲ့ပါပြီ။ ကျွန်တော်တို့ လုပ်စရာ ၂ ခုပဲကျန်ပါတယ်။ လာမယ့်ဇန်နဝါရီနဲ့ နွေရာသီမှာ လှုပ်ရှားဖို့ပါပဲ။ ခုချိန်မှာတော့ အီဒူးက သူ့အလုပ်သူလုပ်နေပြီဖြစ်သလို ကျွန်တော်လည်း ကစားပွဲတွေကို ပိုမိုအာရုံစိုက်သွားတော့မှာပါ။ ကျွန်တော်တို့ ခုချိန်မှာ အချိန်ရော ခွန်အားတွေရော ဖြုန်းတီးလို့မရတော့ဘူးဆိုတာကို နားလည်ထားပါတယ်။ တဖက်မှာလည်း ကျွန်တော်တို့ ဘာတွေလုပ်သွားမယ်ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းကို အစီအစဉ်ရှိနေပါပြီ” လို့ စပိန်လူမျိုးနည်းပြကဆိုခဲ့တာပါ။

Goal သတင်းဌာနကတော့ အာဆင်နယ်အသင်းအနေနဲ့ ယခုဇန်နဝါရီနဲ့ လာမယ့်နွေရာသီမှာ ကစားသမားရှင်းထုတ်မှုတွေ အကြီးအကျယ်ပြုလုပ်ဖွယ်ရှိနေပြီး ကစားသမားအပြောင်းအလဲ အမြောက်အများ မြင်တွေ့ရနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

Source: Goal

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ နည္းျပ မီခယ္ အာတီတာက အသင္းရဲ႕ အနာဂတ္အထိ ေရရွည္ရည္မွန္းခ်က္ထား ေရးဆြဲေနတဲ့ အသင္းရဲ႕ လမ္းျပေျမပံုကို ေအာင္ျမင္ေအာင္ ေရးဆြဲဖန္တီးႏုိင္ခဲ့ျပီျဖစ္တယ္လုိ႔ ေျပာဆိုလုိက္ျပီး ၁ ႏွစ္အတြင္း ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ျပန္ေရာက္လာေတာ့မယ္လို႔ လိုက္ပါတယ္။

ဂန္းနားေတြဟာ လက္တေလာမွာ ပရီးမီးယားလိဂ္အမွတ္ေပးျပိဳင္ပြဲမွာ ရလဒ္ေတြဆက္တုိက္ဆိုးရြားေနခဲ့ျပီး အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၅ ေနရာအထိေရာက္ရွိေနသလို တန္းဆင္းဇံုထိပ္က ဖူလ္ဟမ္အသင္းနဲ႔ ရမွတ္ကြာဟမႈကလည္း ၄ မွတ္သာကြာဟပါေတာ့တယ္။

ဒီလိုအေျခအေနဆိုးေတြ ရွိေနေပမယ့္ အာဆင္နယ္အသင္းရဲ႕ ဘုတ္အဖြဲ႕နဲ႔ အသင္းပိုင္ရွင္ စတန္ ခရြန္ကီတို႔ကေတာ့ အသက္ ၃၈ ႏွစ္အရြယ္ စပိန္လူမ်ိဳးနည္းျပ မီခယ္ အာတီတာအေပၚ အျပည့္အဝ ေထာက္ခံမႈရွိေနဆဲျဖစ္ေၾကာင္း အတိတလင္းဆိုထားၾကပါတယ္။

မီဒီယာေတြကလည္း အာတီတာ စီစဥ္ေရးဆြဲေနတဲ့ ေရရွည္အစီအစဥ္ဟာ အသင္းရဲ႕ တာဝန္ရွိသူေတြကို ေကာင္းေကာင္းဆြဲေဆာင္ထားႏိုင္ျပီး အဆုိပါ လမ္းျပေျမပံုေၾကာင့္ စပိန္သား ရာထူးလက္မလႊတ္ရေသးတာလို႔ အေစာပိုင္းကတည္းက ေဖာ္ျပခဲ့ၾကပါတယ္။

ခုခ်ိန္မွာေတာ့ စပိန္လူမ်ိဳးနည္းျပျဖစ္သူက သူ႔ရဲ႕ စီမံကိန္းအေၾကာင္းကို စတင္ထုတ္ေဖာ္ေျပာဆိုလာခဲ့ျပီျဖစ္ပါတယ္။ “အစီအစဥ္ေရးဆြဲမႈက ျပီးေျမာက္သြားခဲ့ပါျပီ။ ကၽြန္ေတာ္တို႔ လုပ္စရာ ၂ ခုပဲက်န္ပါတယ္။ လာမယ့္ဇန္နဝါရီနဲ႔ ေႏြရာသီမွာ လႈပ္ရွားဖို႔ပါပဲ။ ခုခ်ိန္မွာေတာ့ အီဒူးက သူ႔အလုပ္သူလုပ္ေနျပီျဖစ္သလို ကၽြန္ေတာ္လည္း ကစားပြဲေတြကို ပိုမိုအာရံုစိုက္သြားေတာ့မွာပါ။ ကၽြန္ေတာ္တို႔ ခုခ်ိန္မွာ အခ်ိန္ေရာ ခြန္အားေတြေရာ ျဖဳန္းတီးလို႔မရေတာ့ဘူးဆိုတာကို နားလည္ထားပါတယ္။ တဖက္မွာလည္း ကၽြန္ေတာ္တို႔ ဘာေတြလုပ္သြားမယ္ဆိုတာနဲ႔ ပတ္သက္ျပီး ရွင္းရွင္းလင္းကို အစီအစဥ္ရွိေနပါျပီ” လို႔ စပိန္လူမ်ိဳးနည္းျပကဆိုခဲ့တာပါ။

Goal သတင္းဌာနကေတာ့ အာဆင္နယ္အသင္းအေနနဲ႔ ယခုဇန္နဝါရီနဲ႔ လာမယ့္ေႏြရာသီမွာ ကစားသမားရွင္းထုတ္မႈေတြ အၾကီးအက်ယ္ျပဳလုပ္ဖြယ္ရွိေနျပီး ကစားသမားအေျပာင္းအလဲ အေျမာက္အမ်ား ျမင္ေတြ႕ရႏုိင္တယ္လုိ႔ သံုးသပ္ထားပါတယ္။

Source: Goal

Leave a Reply