
[UNICODE]
ဂန္တဝင်ဂိုးသမားဟောင်း ဒေးဗစ် ဆီးမန်းက အာဆင်နယ်အသင်းကို တိုးတက် အောင်မြင်စေချင်တယ်ဆိုရင် ကွင်းတွင်းရလဒ်တွေရော အတွေးအခေါ်အယူအဆတွေပါ ပြောင်းလဲပစ်ဖို့ လိုအပ်လိမ့်မယ်လို့ အကြံပြုသွားပါတယ်။
အာဆင်နယ်အသင်းဟာ ကွင်းတွင်းကွင်းပြင် အခြေအနေအရပ်ရပ်မှာ ကျရှုံးမှုတွေနဲ့ရင်ဆိုင်နေရပြီး ယခုနှစ်ရာသီမှာဆိုရင်လည်း ဥရောပဝင်ခွင့်ကို လက်လွှတ်ဆုံးရှုံးထားရတဲ့အသင်းပါ။

အသင်းမှာ ၁၃ ရာသီကြာကစားခဲ့ပြီး အင်္ဂလန်ပြည်တွင်းနဲ့ ဥရောပအဆင့်မှာ ဆုဖလားအောင်မြင်မှု ၁၂ ခုအထိ ရယူနိုင်ခဲ့တဲ့ ဒေးဗစ် ဆီးမန်းကတော့ အသင်းကို အောင်မြင်စေချင်ရင် တွေးခေါ်ယူဆပံုံတွေ ပြောင်းလဲပစ်ရလိမ့်မယ်လို့ ဆိုသွားပါတယ်။
“ကျွန်တော်တို့ အဘက်ဘက်ကနေ တိုးတက်ဖို့ လိုအပ်နေပါတယ်။ ပြုပြင်ပြောင်းလဲရမှာတွေ အများကြီးပါ။ ကွင်းထဲက ကိစ္စတွေတင်မကပါဘူး။ တွေးခေါ်ပုံတွေပါ ပြောင်းလဲပစ်ဖို့ လိုအပ်နေတာပါ။ နိုင်ပွဲတွေရယူပေးနိုင်မယ့်သူတွေကို ခေါ်ရမယ်၊ အကျိုးအမြတ်ရှိမယ့် အရောင်းအဝယ်တွေလုပ်ရမယ်။ ကွင်းထဲမှာ နိုင်ပွဲတွေရလာပြီဆိုရင် ကျန်တာတွေ သူ့ဘာသာအဆင်ပြေလာပါလိမ့်မယ်။ ဒါက ကျွန်တော်တို့ သေချာပေါက်လုပ်ရမယ့် ကိစ္စပါပဲ။ ဂျော့ဂျ် ဂရေဟမ်က ကျွန်တော်တို့ကို ပြောဖူးပါတယ်။ ‘နိုင်ပွဲက အရာအားလုံးပြောင်းလဲပေးနိုင်တယ်။ နိုင်အောင်သာကန်ကျ’ ဆိုပြီးတော့ပေါ့” လို့ ဆီးမန်းက ဆိုသွားခဲ့ပါတယ်။

ဆီးမန်းကတော့ အာဆင်နယ်အသင်းအနေနဲ့ လူငယ်တွေကို နေရာပေးချင်တာလိုလို ထိပ်တန်းကစားသမားတွေခေါ်ပြီး အသင်းကိုတည်ဆောက်ချင်တာလိုလိုနဲ့ ယောင်လည်လည်ဆက်လုပ် မနေသင့်တော့ဘူးလို့ အကြံပြုသွားခဲ့ပါတယ်။
အင်္ဂလန်ဂန္တဝင်ကြီးကတော့ အာဆင်နယ်တာဝန်ရှိသူတွေအနေနဲ့ ခုချိန်မှာ အရိုးကြေကြေ ရုံးကန်ကစားပေးပြီး သေချာပေါက်နိုင်ပွဲရယူပေးနိုင်မယ့် ကစားသမားတွေကို စနစ်တကျဖြည့်တင်းကာ အသင်းကို အရင်ခိုင်မာအောင်တည်ဆောက်ဖို့ တိုက်တွန်းခဲ့သလို အသင်းအခြေမခိုင်ခင်ကာလမှာ ဟိုမရောက်ဒီမရောက်ဖြစ်နေတဲ့ လူငယ်တွေကို သံယောဇဉ်ဖြတ်ပစ်ဖို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။
Source: Goal
[ZAWGYI]
ဂႏၱဝင္ဂိုးသမားေဟာင္း ေဒးဗစ္ ဆီးမန္းက အာဆင္နယ္အသင္းကို တိုးတက္ ေအာင္ျမင္ေစခ်င္တယ္ဆိုရင္ ကြင္းတြင္းရလဒ္ေတြေရာ အေတြးအေခၚအယူအဆေတြပါ ေျပာင္းလဲပစ္ဖို႔ လိုအပ္လိမ့္မယ္လုိ႔ အၾကံျပဳသြားပါတယ္။
အာဆင္နယ္အသင္းဟာ ကြင္းတြင္းကြင္းျပင္ အေျခအေနအရပ္ရပ္မွာ က်ရံႈးမႈေတြနဲ႔ရင္ဆုိင္ေနရျပီး ယခုႏွစ္ရာသီမွာဆိုရင္လည္း ဥေရာပဝင္ခြင့္ကို လက္လႊတ္ဆံုးရံႈးထားရတဲ့အသင္းပါ။

အသင္းမွာ ၁၃ ရာသီၾကာကစားခဲ့ျပီး အဂၤလန္ျပည္တြင္းနဲ႔ ဥေရာပအဆင့္မွာ ဆုဖလားေအာင္ျမင္မႈ ၁၂ ခုအထိ ရယူႏုိင္ခဲ့တဲ့ ေဒးဗစ္ ဆီးမန္းကေတာ့ အသင္းကို ေအာင္ျမင္ေစခ်င္ရင္ ေတြးေခၚယူဆပံံုေတြ ေျပာင္းလဲပစ္ရလိမ့္မယ္လို႔ ဆိုသြားပါတယ္။
“ကၽြန္ေတာ္တုိ႔ အဘက္ဘက္ကေန တိုးတက္ဖို႔ လိုအပ္ေနပါတယ္။ ျပဳျပင္ေျပာင္းလဲရမွာေတြ အမ်ားၾကီးပါ။ ကြင္းထဲက ကိစၥေတြတင္မကပါဘူး။ ေတြးေခၚပံုေတြပါ ေျပာင္းလဲပစ္ဖို႔ လိုအပ္ေနတာပါ။ ႏိုင္ပြဲေတြရယူေပးႏုိင္မယ့္သူေတြကို ေခၚရမယ္၊ အက်ိဳးအျမတ္ရွိမယ့္ အေရာင္းအဝယ္ေတြလုပ္ရမယ္။ ကြင္းထဲမွာ ႏိုင္ပြဲေတြရလာျပီဆိုရင္ က်န္တာေတြ သူ႔ဘာသာအဆင္ေျပလာပါလိမ့္မယ္။ ဒါက ကၽြန္ေတာ္တို႔ ေသခ်ာေပါက္လုပ္ရမယ့္ ကိစၥပါပဲ။ ေဂ်ာ့ဂ်္ ဂေရဟမ္က ကၽြန္ေတာ္တို႔ကို ေျပာဖူးပါတယ္။ ‘ႏိုင္ပြဲက အရာအားလံုးေျပာင္းလဲေပးႏုိင္တယ္။ ႏုိင္ေအာင္သာကန္က်’ ဆိုျပီးေတာ့ေပါ့” လို႔ ဆီးမန္းက ဆုိသြားခဲ့ပါတယ္။

ဆီးမန္းကေတာ့ အာဆင္နယ္အသင္းအေနနဲ႔ လူငယ္ေတြကို ေနရာေပးခ်င္တာလိုလို ထိပ္တန္းကစားသမားေတြေခၚျပီး အသင္းကိုတည္ေဆာက္ခ်င္တာလိုလိုနဲ႔ ေယာင္လည္လည္ဆက္လုပ္ မေနသင့္ေတာ့ဘူးလုိ႔ အၾကံျပဳသြားခဲ့ပါတယ္။
အဂၤလန္ဂႏၱဝင္ၾကီးကေတာ့ အာဆင္နယ္တာဝန္ရွိသူေတြအေနနဲ႔ ခုခ်ိန္မွာ အရိုးေၾကေၾက ရံုးကန္ကစားေပးျပီး ေသခ်ာေပါက္ႏုိင္ပြဲရယူေပးႏုိင္မယ့္ ကစားသမားေတြကို စနစ္တက်ျဖည့္တင္းကာ အသင္းကို အရင္ခုိင္မာေအာင္တည္ေဆာက္ဖို႔ တုိက္တြန္းခဲ့သလို အသင္းအေျခမခိုင္ခင္ကာလမွာ ဟိုမေရာက္ဒီမေရာက္ျဖစ္ေနတဲ့ လူငယ္ေတြကို သံေယာဇဥ္ျဖတ္ပစ္ဖို႔လည္း တုိက္တြန္းသြားခဲ့ပါတယ္။
Source: Goal