အာဆင်နယ်ကနေထွက်ခွာရမှာ အာတီတာလား အီဒူးလား

[UNICODE]

ရလဒ်ဆိုးတွေကြောင့် အာဆင်နယ်အသင်းက ထွက်ခွာရမယ့်သူဟာ နည်းပြအာတီတာမဖြစ်နိုင်ပဲ နည်းစနစ်ဒါရိုက်တာ အီဒူးဖြစ်ဖွယ်ရှိနေတယ်လို့ ဗြိတိန်သတင်းစာ Daily Star က ဖော်ပြလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ လက်တလောမှာ ရလဒ်တွေဆိုးရွားနေတာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာအထိကျဆင်းနေပြီး အသင်းရဲ့ အဝတ်လဲခန်းဟာလည်း ပြိုကွဲနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ခုလိုမျိုး မတည်ငြိမ်မှုတွေဖြစ်ပေါ်နေတာဟာ နည်းပြဖြစ်သူ အာတီတာကြောင့်ထက် ခေတ်အဆက်ဆက် အပြောင်းအရွှေ့မူဝါဒမှားတွေနဲ့ ကစားသမားခေါ်ယူမှုအမှားတွေကြောင့်လို့ ခရွန်ကီ မိသားစုက ယူဆနေပြီး လက်ရှိနည်းစနစ်ဒါရိုက်တာ အီဒူးရဲ့ နေရာကို တခြားကစားသမားဟောင်းတစ်ဦးနဲ့ အစားထိုးဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

ဘရာဇီးလ်လူမျိုး အီဒူးဟာ အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စတွေကို အဓိက စီမံဆောင်ရွက်နေသူဖြစ်ပြီး မာတီနယ်လီ၊ ပါတေး၊ ဂါဘရီယယ်စတဲ့ အောင်မြင်တဲ့အပြောင်းအရွှေ့တွေကို ပြုလုပ်နိုင်ခဲ့သလို တဖက်မှာလည်း ဝီလီယံ၊ လူးဝီးစ်တို့လို ပြိုင်ဘက်အသင်းက အကျကစားသမားတွေကို ခေါ်ယူခဲ့တာတွေ၊ အသင်းမှာမလိုအပ်ပဲ ပိုလျှံနေတဲ့ကစားသမားတွေကို ရောင်းထုတ်ဖို့ မကြိုးပမ်းနိုင်တာတွေကြောင်လည်း ဝေဖန်ခံနေရသူဖြစ်ပါတယ်။

ဂန်းနားတွေဟာ အီဒူးရဲ့ နေရာမှာ အိုင်းယက်စ်အသင်းကို ဥရောပဘောလုံးလောကမှ ထိပ်တန်းအပြောင်းအရွှေ့တွေပြုလုပ်ပေးခဲ့တဲ့ မာ့ခ် အိုဗားမားစ်နဲ့ အစားထိုးဖို့ စိတ်ကူးရှိနေတာဖြစ်ပါတယ်။ အာဆင်နယ်ကစားသမားဟောင်းလည်းဖြစ်တဲ့ အိုဗားမားစ်ဟာ လာမယ့်ဇွန်လမှာ အိုင်းယက်စ်အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားကြောင်း တရားဝင်ကြေညာထားသူဖြစ်ပြီး သူ့ကို ဘာစီလိုနာအသင်းကလည်း အလိုရှိနေပါတယ်။

Sport Witness နဲ့ ထိပ်တန်းနယ်သာလန် သတင်းစာ De Telegraph တို့ကတော့ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ဂန္တဝင်ဟောင်းကို အီဒူးနေရာမှာ တိုက်ရိုက်အစားထိုးဖို့ ဒါမှမဟုတ် အီဒူးနဲ့တွဲဖက်ပြီး အပြောင်းအရွှေ့တွကို စီမံခိုင်းဖို့အတွက် ပစ်မှတ်ထားနေပြီဖြစ်တယ်လို့ အခိုင်အမာဆိုသွားခဲ့ပါတယ်။

Source: Daily Star

[ZAWGYI]

ရလဒ္ဆိုးေတြေၾကာင့္ အာဆင္နယ္အသင္းက ထြက္ခြာရမယ့္သူဟာ နည္းျပအာတီတာမျဖစ္ႏုိင္ပဲ နည္းစနစ္ဒါရိုက္တာ အီဒူးျဖစ္ဖြယ္ရွိေနတယ္လို႔ ျဗိတိန္သတင္းစာ Daily Star က ေဖာ္ျပလိုက္ပါတယ္။

အာဆင္နယ္အသင္းဟာ လက္တေလာမွာ ရလဒ္ေတြဆိုးရြားေနတာေၾကာင့္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၅ ေနရာအထိက်ဆင္းေနျပီး အသင္းရဲ႕ အဝတ္လဲခန္းဟာလည္း ျပိဳကြဲေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

ခုလိုမ်ိဳး မတည္ျငိမ္မႈေတြျဖစ္ေပၚေနတာဟာ နည္းျပျဖစ္သူ အာတီတာေၾကာင့္ထက္ ေခတ္အဆက္ဆက္ အေျပာင္းအေရႊ႕မူဝါဒမွားေတြနဲ႔ ကစားသမားေခၚယူမႈအမွားေတြေၾကာင့္လို႔ ခရြန္ကီ မိသားစုက ယူဆေနျပီး လက္ရွိနည္းစနစ္ဒါရိုက္တာ အီဒူးရဲ႕ ေနရာကို တျခားကစားသမားေဟာင္းတစ္ဦးနဲ႔ အစားထိုးဖို႔ ဆႏၵရွိေနတယ္လုိ႔ သတင္းထြက္ေပၚလာတာျဖစ္ပါတယ္။

ဘရာဇီးလ္လူမ်ိဳး အီဒူးဟာ အာဆင္နယ္အသင္းရဲ႕ အေျပာင္းအေရႊ႕ကိစၥေတြကို အဓိက စီမံေဆာင္ရြက္ေနသူျဖစ္ျပီး မာတီနယ္လီ၊ ပါေတး၊ ဂါဘရီယယ္စတဲ့ ေအာင္ျမင္တဲ့အေျပာင္းအေရႊ႕ေတြကို ျပဳလုပ္ႏုိင္ခဲ့သလို တဖက္မွာလည္း ဝီလီယံ၊ လူးဝီးစ္တို႔လို ျပိဳင္ဘက္အသင္းက အက်ကစားသမားေတြကို ေခၚယူခဲ့တာေတြ၊ အသင္းမွာမလိုအပ္ပဲ ပိုလွ်ံေနတဲ့ကစားသမားေတြကို ေရာင္းထုတ္ဖို႔ မၾကိဳးပမ္းႏုိင္တာေတြေၾကာင္လည္း ေဝဖန္ခံေနရသူျဖစ္ပါတယ္။

ဂန္းနားေတြဟာ အီဒူးရဲ႕ ေနရာမွာ အိုင္းယက္စ္အသင္းကို ဥေရာပေဘာလံုးေလာကမွ ထိပ္တန္းအေျပာင္းအေရႊ႕ေတြျပဳလုပ္ေပးခဲ့တဲ့ မာ့ခ္ အိုဗားမားစ္နဲ႔ အစားထိုးဖို႔ စိတ္ကူးရွိေနတာျဖစ္ပါတယ္။ အာဆင္နယ္ကစားသမားေဟာင္းလည္းျဖစ္တဲ့ အိုဗားမားစ္ဟာ လာမယ့္ဇြန္လမွာ အိုင္းယက္စ္အသင္းကေန ထြက္ခြာဖို႔ ဆံုးျဖတ္ထားေၾကာင္း တရားဝင္ေၾကညာထားသူျဖစ္ျပီး သူ႔ကို ဘာစီလိုနာအသင္းကလည္း အလိုရွိေနပါတယ္။

Sport Witness နဲ႔ ထိပ္တန္းနယ္သာလန္ သတင္းစာ De Telegraph တို႔ကေတာ့ အာဆင္နယ္အသင္းဟာ သူတို႔ရဲ႕ ဂႏၱဝင္ေဟာင္းကို အီဒူးေနရာမွာ တုိက္ရိုက္အစားထိုးဖို႔ ဒါမွမဟုတ္ အီဒူးနဲ႔တြဲဖက္ျပီး အေျပာင္းအေရႊ႕တြကို စီမံခုိင္းဖို႔အတြက္ ပစ္မွတ္ထားေနျပီျဖစ္တယ္လို႔ အခုိင္အမာဆိုသြားခဲ့ပါတယ္။

Source: Daily Star

Leave a Reply