အာဆင်နယ်ကို ပြောင်းရွှေ့ကစားချင်နေတဲ့ ဘူယွန်ဒီယာ
[UNICODE]
နော်ဝစ်ချ်အသင်းက အာဂျင်တီးနားတောင်ပံလူ အီမီလီယာနို ဘူယွန်ဒီယာဟာ သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေတယ်လို့ CBS Sports သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိရာသီ ဥရောပမှာ အခွင့်အရေးဖန်တီးမှု အများဆုံးကစားသမားအဖြစ် ထိပ်ဆုံးက ဦးဆောင်နေတဲ့ ၂၄ နှစ်အရွယ် စွယ်စုံရတိုက်စစ်ကြယ်ပွင့်ကို ခေါ်ယူဖို့ နော်ဝစ်ချ်အသင်းထံ ချဉ်းကပ်နေပြီး ချန်ပီယံရှစ်ကလပ်ကတော့ သူတို့ရဲ့ တန်းတက်တိုက်ပွဲမှာ အဓိက အားထားနေရတဲ့ ဘူယွန်ဒီယာကို ရောင်းချလိုခြင်းမရှိပါဘူး။
ဒါကြောင့်လည်း အာဂျင်တိုင်းသားရဲ့ တန်ကြေးကို မူလက ပေါင် ၁၅ သန်းသာ သတ်မှတ်ထားရာကနေ ခုချိန်မှာတော့ ပေါင် ၃၆.၁၁ သန်း (ယူရို သန်း ၄၀) အထိတိုးမြှင့်တောင်းဆိုလာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အဆိုပါအပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေးကို လျှော့ချနိုင်ဖို့ ကြိုးပမ်းနေပြီး ရီးစ် နယ်လ်ဆင်နဲ့ ဂျိုး ဝေးလော့ခ်တို့ကို အငှားချထားမယ်ဆိုတဲ့ ဆွဲဆောင်သွားဖို့ပြင်ဆင်နေပါတယ်။
နောက်ထပ်နည်းလမ်းတစ်ခုအနေနဲ့လည်း ဂန်းနားတွေဟာ ပြောင်းရွှေ့ကြေးမြှင့်တင်ခြင်းခံထားရတဲ့ အဆိုပါကစားသမားကို ကနဦးအငှား၊ ရာသီကုန်မှာ အပြီးသတ်ခေါ်ယူခွင့်နဲ့ ခေါ်ယူပြီး ပြောင်းရွှေ့ကြေးနဲ့ အမှန်တကယ် ထိုက်တန်မှုရှိမရှိ ဆန်းစစ်လိုနေပါတယ်။
ကာယကံရှင်ကစားသမားကတော့ အာဆင်နယ်အသင်းရဲ့ စိတ်ဝင်တစားကြိုးပမ်းနေမှုကို သဘောကျနေပြီး ပြောင်းရွှေ့ကစားဖို့လည်း စိတ်ဆန္ဒရှိနေတယ်လို့ CBS Sports က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်နဲ့ နော်ဝစ်ချ်တို့အကြားမှ ကနဦးဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ပြီး လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း အဖြေထွက်လာလိမ့်မယ်လို့လည်း ဆက်လက်ဖော်ပြခဲ့ပါတယ်။
အာဂျင်တီးနားလူမျိုး တောင်ပံနဲ့ ကွင်းလယ်တိုက်စစ်ကြယ်ပွင့် ဘူယွန်ဒီယာဟာ ၂၀၁၈ ခုနှစ်မှာ ဂီတာဖီအသင်းကနေ နော်ဝစ်ချ်အသင်းထံ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိရာသီမှာ အသင်းအတွက် ၇ ဂိုးသွင်းယူကာ ၆ ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။
Source: TBR, Goal, Independent, CBS Sports
[ZAWGYI]
နော်ဝစ်ခ်ျအသင်းက အာဂျင်တီးနားတောင်ပံလူ အီမီလီယာနို ဘူယွန်ဒီယာဟာ သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေတယ်လို့ CBS Sports သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိရာသီ ဥရောပမှာ အခွင့်အရေးဖန်တီးမှု အများဆုံးကစားသမားအဖြစ် ထိပ်ဆုံးက ဦးဆောင်နေတဲ့ ၂၄ နှစ်အရွယ် စွယ်စုံရတိုက်စစ်ကြယ်ပွင့်ကို ခေါ်ယူဖို့ နော်ဝစ်ခ်ျအသင်းထံ ချဉ်းကပ်နေပြီး ချန်ပီယံရှစ်ကလပ်ကတော့ သူတို့ရဲ့ တန်းတက်တိုက်ပွဲမှာ အဓိက အားထားနေရတဲ့ ဘူယွန်ဒီယာကို ရောင်းချလိုခြင်းမရှိပါဘူး။
အာဂျင်တီးနားလူမျိုး တောင်ပံနဲ့ ကွင်းလယ်တိုက်စစ်ကြယ်ပွင့် ဘူယွန်ဒီယာဟာ ၂၀၁၈ ခုနှစ်မှာ ဂီတာဖီအသင်းကနေ နော်ဝစ်ခ်ျအသင်းထံ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိရာသီမှာ အသင်းအတွက် ၇ ဂိုးသွင်းယူကာ ၆ ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။
Leave a Reply