
[UNICODE]
စီးရီးအေကလပ် ရိုးမားအသင်းရဲ့နည်းပြသစ် ဂျိုဇီ မော်ရင်ဟိုဟာ အာဆင်နယ်အသင်းက ဆွစ်ဇာလန်ကွင်းလယ်လူ ဂရာနစ် ရှာခါကို ခေါ်ယူဖို့ ဂန်းနားဘက်က တာဝန်ရှိသူတွေနဲ့ စကားပြောဆိုနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ရိုးမားအသင်းကို ပြန်လည်တည်ဆောက်ဖို့ စီစဉ်နေတဲ့ မော်ရင်ဟိုဟာ ရှာခါကို သူ့အသင်းရဲ့ကွင်းလယ်မှာ အဓိကမဏ္ဍိုင်အဖြစ် အသုံးချလိုနေတာဖြစ်ပြီး အာဆင်နယ်အသင်းထံကနေ မရ,ရအောင် ခေါ်ယူပေးဖို့ စီးရီးအေကလပ်ရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုထားတယ်လို့ သိရပါတယ်။

Gianluca di Marzio ကတော့ အာဆင်နယ်အသင်းဟာ ဆွစ်ဇာလန်ကွင်းလယ်လူအတွက် တန်ကြေးသတ်မှတ်ထားပြီး ယူရို ၂၅ သန်း ရရှိရင်ရောင်းချဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ အဆိုပါသတင်းအရ ရိုးမားအသင်းဟာ ရှာခါကို ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းထံ အကြိမ်ကြိမ်ဆက်သွယ်မှုပြုလုပ်ထားပြီး မော်ရင်ဟိုကိုယ်တိုင်ကလည်း ကစားသမားနဲ့ တိုက်ရိုက်ဆွေးနွေးခွင့်ရဖို့ တောင်းဆိုမှု ပြုလုပ်ထားတယ်လို့ သိထားရပါတယ်။
တခြား ထိပ်တန်း အီတလီမီဒီယာတစ်ခုဖြစ်တဲ့ Calcio Mercato ကတော့ ရိုးမားအသင်းဟာ ရှာခါအတွက် အာဆင်နယ်အသင်းထံ ကမ်းလှမ်းမှုတောင်ပြုလုပ်ထားပြီးပြီလို့ ဖော်ပြခဲ့ပြီး ကွင်းလယ်ပိုင်းကို ပြုပြင်ပြောင်းလဲချင်နေတဲ့ အာဆင်နယ်အသင်းကတော့ ကစားသမားဘက်က ထွက်ခွာဖို့ စိတ်ဆန္ဒရှိခဲ့မယ်ဆိုရင် ရောင်းထုတ်သွားဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

မော်ရင်ဟိုဟာ အရင်ကတည်းက ရှာခါကို သဘောကျခဲ့သူဖြစ်ပြီး ရှာခါရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီးတော့လည်း ခုလိုမျိုး မှတ်ချက်ပြုဖူးပါတယ်။ “ရှာခါက အာဆင်နယ်ကွင်းလယ်မှာ အမြဲတမ်း အဓိကလူပါ။ ခင်ဗျား ဒါကို မမြင်နိုင်ဘူးဆိုရင် ကျွန်တော့် မျက်လုံးတစ်လုံး ငှားပါ့မယ်။ သူမရှိရင် အာဆင်နယ်ကွင်းလယ်က မတည်ငြိမ်ပါဘူး။ ရှုံးပွဲတွေလည်း များပါတယ်။ နောက်ပြီး သူက အသင်းကို ဦးဆောင်နိုင်သူလည်းဖြစ်ပါတယ်။ သူ တခါတရံ အမှားတွေလုပ်တတ်တာလည်း သူက လူသားမို့ပါ” လို့ ပေါ်တူဂီသားနည်းပြက ဆိုဖူးပါတယ်။
၂၀၁၆ ခုနှစ်မှာ မိုချန်ဂလက်ဘတ်အသင်းကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂန်းနားတွေအတွက် ပွဲပေါင်း ၂၂၀ အထိကစားပေးထားသူဖြစ်ပေမယ့် ခုနောက်ပိုင်းရာသီတွေမှာတော့ အသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ကောလဟာလတွေ အပြောင်းအရွှေ့ကာလတိုင်းမှာ သတင်းထွက်ပေါ်နေတတ်သူပါ။
Source: Express, Gianluca Di Marzio, Calcio Mercato
[ZAWGYI]
စီးရီးေအကလပ္ ရိုးမားအသင္းရဲ႕နည္းျပသစ္ ဂ်ိဳဇီ ေမာ္ရင္ဟိုဟာ အာဆင္နယ္အသင္းက ဆြစ္ဇာလန္ကြင္းလယ္လူ ဂရာနစ္ ရွာခါကို ေခၚယူဖို႔ ဂန္းနားဘက္က တာဝန္ရွိသူေတြနဲ႔ စကားေျပာဆိုေနတယ္လုိ႔ သတင္းေတြ ထြက္ေပၚေနပါတယ္။
ရိုးမားအသင္းကို ျပန္လည္တည္ေဆာက္ဖို႔ စီစဥ္ေနတဲ့ ေမာ္ရင္ဟိုဟာ ရွာခါကို သူ႔အသင္းရဲ႕ကြင္းလယ္မွာ အဓိကမ႑ိဳင္အျဖစ္ အသံုးခ်လိုေနတာျဖစ္ျပီး အာဆင္နယ္အသင္းထံကေန မရ,ရေအာင္ ေခၚယူေပးဖို႔ စီးရီးေအကလပ္ရဲ႕ တာဝန္ရွိသူေတြထံ ေတာင္းဆိုထားတယ္လုိ႔ သိရပါတယ္။

Gianluca di Marzio ကေတာ့ အာဆင္နယ္အသင္းဟာ ဆြစ္ဇာလန္ကြင္းလယ္လူအတြက္ တန္ေၾကးသတ္မွတ္ထားျပီး ယူရို ၂၅ သန္း ရရွိရင္ေရာင္းခ်ဖို႔ ဆံုးျဖတ္ထားတယ္လုိ႔ ဆိုပါတယ္။ အဆုိပါသတင္းအရ ရိုးမားအသင္းဟာ ရွာခါကို ေခၚယူဖို႔အတြက္ အာဆင္နယ္အသင္းထံ အၾကိမ္ၾကိမ္ဆက္သြယ္မႈျပဳလုပ္ထားျပီး ေမာ္ရင္ဟိုကိုယ္တုိင္ကလည္း ကစားသမားနဲ႔ တုိက္ရိုက္ေဆြးေႏြးခြင့္ရဖို႔ ေတာင္းဆိုမႈ ျပဳလုပ္ထားတယ္လုိ႔ သိထားရပါတယ္။
တျခား ထိပ္တန္း အီတလီမီဒီယာတစ္ခုျဖစ္တဲ့ Calcio Mercato ကေတာ့ ရိုးမားအသင္းဟာ ရွာခါအတြက္ အာဆင္နယ္အသင္းထံ ကမ္းလွမ္းမႈေတာင္ျပဳလုပ္ထားျပီးျပီလို႔ ေဖာ္ျပခဲ့ျပီး ကြင္းလယ္ပိုင္းကို ျပဳျပင္ေျပာင္းလဲခ်င္ေနတဲ့ အာဆင္နယ္အသင္းကေတာ့ ကစားသမားဘက္က ထြက္ခြာဖို႔ စိတ္ဆႏၵရွိခဲ့မယ္ဆိုရင္ ေရာင္းထုတ္သြားဖြယ္ရွိတယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။

ေမာ္ရင္ဟိုဟာ အရင္ကတည္းက ရွာခါကို သေဘာက်ခဲ့သူျဖစ္ျပီး ရွာခါရဲ႕ ေျခစြမ္းနဲ႔ပတ္သက္ျပီးေတာ့လည္း ခုလိုမ်ိဳး မွတ္ခ်က္ျပဳဖူးပါတယ္။ “ရွာခါက အာဆင္နယ္ကြင္းလယ္မွာ အျမဲတမ္း အဓိကလူပါ။ ခင္ဗ်ား ဒါကို မျမင္ႏုိင္ဘူးဆိုရင္ ကၽြန္ေတာ့္ မ်က္လံုးတစ္လံုး ငွားပါ့မယ္။ သူမရွိရင္ အာဆင္နယ္ကြင္းလယ္က မတည္ျငိမ္ပါဘူး။ ရံႈးပြဲေတြလည္း မ်ားပါတယ္။ ေနာက္ျပီး သူက အသင္းကို ဦးေဆာင္ႏုိင္သူလည္းျဖစ္ပါတယ္။ သူ တခါတရံ အမွားေတြလုပ္တတ္တာလည္း သူက လူသားမို႔ပါ” လို႔ ေပၚတူဂီသားနည္းျပက ဆိုဖူးပါတယ္။
၂၀၁၆ ခုႏွစ္မွာ မိုခ်န္ဂလက္ဘတ္အသင္းကေန အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၅ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ဂန္းနားေတြအတြက္ ပြဲေပါင္း ၂၂၀ အထိကစားေပးထားသူျဖစ္ေပမယ့္ ခုေနာက္ပိုင္းရာသီေတြမွာေတာ့ အသင္းကေန ထြက္ခြာမယ္ဆိုတဲ့ေကာလဟာလေတြ အေျပာင္းအေရႊ႕ကာလတုိင္းမွာ သတင္းထြက္ေပၚေနတတ္သူပါ။
Source: Express, Gianluca Di Marzio, Calcio Mercato