အာဆင်နယ်က ကျွန်တော့် အိမ်ပါ – မာတင် အိုဒီဂတ်

[UNICODE]

ရီးရဲလ်မက်ဒရစ်အသင်းကနေ အာဆင်နယ်အသင်းထံ အငှားလာရောက်ကစားနေတဲ့ နော်ဝေကွင်းလယ်လူ မာတင် အိုဒီဂတ်က သူ့အနေနဲ့ အာဆင်နယ်အသင်းထံကို စတင်ရောက်ရှိလာစဉ်ကတည်းက သူ့အိမ်သူ့ယာလိုခံစားချက်မျိုး ပိုင်ဆိုင်ခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းထံကို အပြီးသတ်ပြောင်းရွှေ့ချင်နေတယ်လို့ ၂ ကြိမ်တိုင်တိုင် အရိပ်အမြွက် ဝန်ခံထားတဲ့ ၂၂ နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကြယ်ပွင့်ဟာ အိုလံပီယာကော့စ်နဲ့ပွဲစဉ်အပြီးမှာ ခုလိုမျိုး အတိတလင်း ထပ်မံ ထုတ်ဖော်ပြောဆိုလာခဲ့တာပါ။

“ကျွန်တော် ဒီကို စရောက်တဲ့ ပထမဆုံးနေ့ကတည်းက ကိုယ့်အိမ်ကိုယ့်ယာလို ခံစားချက်မျိုး ပိုင်ဆိုင်ခဲ့ပါတယ်။ ခုချိန်မှာ ကျွန်တော့် စိတ်ခံစားချက်က သိပ်ကိုကောင်းနေပါတယ်။ ဒီမှာရှိနေတဲ့အတွက် အရမ်းပျော်ရွှင်နေရပါတယ်” လို့ BT Sports ထုတ်ပြောသွားခဲ့တာပါ။ ဒါ့အပြင်အသင်းရဲ့ အဝတ်လဲခန်းအတွင်း စည်းလုံးညီညွတ်မှုဟာ အလွန်ကောင်းမွန်နေပြီး အာဆင်နယ်အသင်းဟာ မိသားစုဆန်ပြီး နှစ်လိုဖွယ်အသင်းလို့လည်း သူကဆိုသွားခဲ့ပါသေးတယ်။

လက်တလောမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အိုဒီဂတ်ကို အာဆင်နယ်ထံ အပြီးသတ်ရောင်းချလိုခြင်းမရှိဘူးလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အာဆင်နယ်အသင်းက အဆိုပါ နော်ဝေသားကို ခေါ်ယူလိုနေသလို အိုဒီဂတ်ကိုယ်တိုင်ကလည်း အာဆင်နယ်ကို ပြောင်းလိုကြောင်း အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုနေတာပါ။

အိုလံပီယာကော့စ်နဲ့ပွဲစဉ်မှာ ၃၅ ကိုက်အကွာက ကန်ချက်နဲ့ အနိုင်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တာနဲ့ ပတ်သက်လို့လည်း အိုဒီဂတ်က ခုလို ပြောဆိုသွားခဲ့ပါသေးတယ်။ “အသင်းရဲ့ စိတ်ဓာတ်ရေးရာ အခြေအနေက သိပ်ကိုကောင်းမွန်နေပါတယ်။ ခုချိန်မှာ အရာရာတိုင်းအတွက် ပျော်ရွှင်ကျေနပ်နေတာပါ။ အမှားအယွင်းတစ်ချို့ရှိခဲ့ပေမယ့် အနိုင်ရလဒ်ကို ပြန်ရယူနိုင်ခဲ့ပါတယ်။ ဒါကိုက ကျွန်တော်တို့ရဲ့ မာကျောမှုကို ပြသနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ လာမယ့် စနေညမှာ နောက်ထပ်ပွဲကြီးတစ်ပွဲရှိနေပါသေးတယ်။ ဒီအတွက် တိုက်ခိုက်ဖို့လဲ အဆင်သင့်ပါပဲ” လို့ သူကဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း သူကဆိုခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ နှစ်ခုလုံးကနေ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်အောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဆိုသွားခဲ့ပါသေးတယ်။

Source: Goal, BT Sports

[ZAWGYI]

ရီးရဲလ္မက္ဒရစ္အသင္းကေန အာဆင္နယ္အသင္းထံ အငွားလာေရာက္ကစားေနတဲ့ ေနာ္ေဝကြင္းလယ္လူ မာတင္ အိုဒီဂတ္က သူ႔အေနနဲ႔ အာဆင္နယ္အသင္းထံကို စတင္ေရာက္ရွိလာစဥ္ကတည္းက သူ႔အိမ္သူ႔ယာလိုခံစားခ်က္မ်ိဳး ပိုင္ဆိုင္ခဲ့တယ္လို႔ ဝန္ခံေျပာဆိုလိုက္ပါတယ္။

အာဆင္နယ္အသင္းထံကို အၿပီးသတ္ေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ ၂ ႀကိမ္တိုင္တိုင္ အရိပ္အႁမြက္ ဝန္ခံထားတဲ့ ၂၂ ႏွစ္အ႐ြယ္ ကြင္းလယ္တိုက္စစ္ၾကယ္ပြင့္ဟာ အိုလံပီယာေကာ့စ္နဲ႔ပြဲစဥ္အၿပီးမွာ ခုလိုမ်ိဳး အတိတလင္း ထပ္မံ ထုတ္ေဖာ္ေျပာဆိုလာခဲ့တာပါ။

“ကြၽန္ေတာ္ ဒီကို စေရာက္တဲ့ ပထမဆုံးေန႔ကတည္းက ကိုယ့္အိမ္ကိုယ့္ယာလို ခံစားခ်က္မ်ိဳး ပိုင္ဆိုင္ခဲ့ပါတယ္။ ခုခ်ိန္မွာ ကြၽန္ေတာ့္ စိတ္ခံစားခ်က္က သိပ္ကိုေကာင္းေနပါတယ္။ ဒီမွာရွိေနတဲ့အတြက္ အရမ္းေပ်ာ္႐ႊင္ေနရပါတယ္” လို႔ BT Sports ထုတ္ေျပာသြားခဲ့တာပါ။ ဒါ့အျပင္အသင္းရဲ႕ အဝတ္လဲခန္းအတြင္း စည္းလုံးညီၫြတ္မႈဟာ အလြန္ေကာင္းမြန္ေနၿပီး အာဆင္နယ္အသင္းဟာ မိသားစုဆန္ၿပီး ႏွစ္လိုဖြယ္အသင္းလို႔လည္း သူကဆိုသြားခဲ့ပါေသးတယ္။

လက္တေလာမွာေတာ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ အိုဒီဂတ္ကို အာဆင္နယ္ထံ အၿပီးသတ္ေရာင္းခ်လိုျခင္းမရွိဘူးလို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္ အာဆင္နယ္အသင္းက အဆိုပါ ေနာ္ေဝသားကို ေခၚယူလိုေနသလို အိုဒီဂတ္ကိုယ္တိုင္ကလည္း အာဆင္နယ္ကို ေျပာင္းလိုေၾကာင္း အႀကိမ္ႀကိမ္ထုတ္ေဖာ္ေျပာဆိုေနတာပါ။

အိုလံပီယာေကာ့စ္နဲ႔ပြဲစဥ္မွာ ၃၅ ကိုက္အကြာက ကန္ခ်က္နဲ႔ အႏိုင္ဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ့တာနဲ႔ ပတ္သက္လို႔လည္း အိုဒီဂတ္က ခုလို ေျပာဆိုသြားခဲ့ပါေသးတယ္။ “အသင္းရဲ႕ စိတ္ဓာတ္ေရးရာ အေျခအေနက သိပ္ကိုေကာင္းမြန္ေနပါတယ္။ ခုခ်ိန္မွာ အရာရာတိုင္းအတြက္ ေပ်ာ္႐ႊင္ေက်နပ္ေနတာပါ။ အမွားအယြင္းတစ္ခ်ိဳ႕ရွိခဲ့ေပမယ့္ အႏိုင္ရလဒ္ကို ျပန္ရယူႏိုင္ခဲ့ပါတယ္။ ဒါကိုက ကြၽန္ေတာ္တို႔ရဲ႕ မာေက်ာမႈကို ျပသေနတာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ လာမယ့္ စေနညမွာ ေနာက္ထပ္ပြဲႀကီးတစ္ပြဲရွိေနပါေသးတယ္။ ဒီအတြက္ တိုက္ခိုက္ဖို႔လဲ အဆင္သင့္ပါပဲ” လို႔ သူကဆိုခဲ့ပါေသးတယ္။

ဒါ့အျပင္ အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ရလိမ့္မယ္လို႔ ယုံၾကည္ေၾကာင္းလည္း သူကဆိုခဲ့ၿပီး ပရီးမီးယားလိဂ္နဲ႔ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲ ႏွစ္ခုလုံးကေန အခြင့္အေရးေကာင္းေတြ ဖန္တီးႏိုင္ေအာင္ အစြမ္းကုန္ ႀကိဳးစားသြားမယ္လို႔ ဆိုသြားခဲ့ပါေသးတယ္။

Source: Goal, BT Sports

Leave a Reply