
[UNICODE]
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ကွင်းလယ်လူဟောင်း ရွိုင်း ကိန်းက အာဆင်နယ်အသင်းအနေနဲ့ လက်ရှိအခြေအနေကနေ လျှင်လျှင်မြန်မြန် ရုံးထွက်နိုင်စွမ်းမရှိဘူးဆိုရင် တန်းဆင်းဇုံတိုက်ပွဲဝင်နေရလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတွေ ဆက်တိုက်ရင်ဆိုင်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၆ ပွဲမှာ ၄ ပွဲအထိအရေးနိမ့်ထားခဲ့ပြီး ရမှတ် ၄ မှတ်သာ စုဆောင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲကစားပြီးချိန်မှာ ရမှတ် ၁၃ မှတ်သာစုဆောင်းနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားရ့ အဆင့် ၁၄ နေရာအထိ ရောက်ရှိနေပါတယ်။

ဒါကြောင့်လည်း ရွိုင်း ကိန်းက အာဆင်နယ်အသင်းအနေနဲ့ တန်းဆင်းဇုံတိုက်ပွဲဝင်ရနိုင်တယ်လို့ ဝေဖန်ခဲ့ပြီး လူအင်အားအရတော့ တန်းမဆင်းနိုင်လောက်ပါဘူးလို့ လှောင်ပြောင်သွားခဲ့တာဖြစ်ပါတယ်။

“သူတို့က အရမ်းပျော့စိစိအသင်းဖြစ်နေတယ်။ နောက်ဆုံး ၃ ပွဲမှာ ၁ မှတ်ပဲရထားပါတယ်။ ၂ ပွဲတောင်ရှုံးခဲ့ပါတယ်။ သူတို့ကို ကြည့်ရတာ ယုံကြည်မှုပျောက်ဆုံးနေသလိုပါပဲ။ မန်နေဂျာလုပ်သူပြောခဲ့သလို တိုက်ပွဲဝင်စိတ်ဓာတ်မျိုး သူ့ကစားသမားမှာ မမြင်ခဲ့ရဘူး။ သူတို့က နိုင်ပွဲအတွက် ကစားနေတယ်ဆိုတဲ့ စိတ်အားထက်သန်မှုပျောက်ဆုံးနေပါတယ်” လို့ ကိန်းက အာဆင်နယ်အသင်းကို ဝေဖန်ခဲ့ပါတယ်။
“ကျွန်တော်ထင်တာကတော့ သူတို့ ဒီလိဂ်မှာ ကစားဖို့တော့ အခွင့်အရေးရှိပါသေးတယ်။ သူတို့ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေလောက်အောင်တော့ မာကျောမယ်လို့ ကျွန်တော်ထင်မြင်နေဆဲပါ” လို့လည်း လှောင်ပြောင်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
Source: Sky
[ZAWGYI]
မန္ခ်က္စတာ ယူႏုိက္တက္ ဂႏၱဝင္ကြင္းလယ္လူေဟာင္း ရိြဳင္း ကိန္းက အာဆင္နယ္အသင္းအေနနဲ႔ လက္ရွိအေျခအေနကေန လွ်င္လွ်င္ျမန္ျမန္ ရံုးထြက္ႏုိင္စြမ္းမရွိဘူးဆုိရင္ တန္းဆင္းဇုံတုိက္ပြဲဝင္ေနရလိမ့္မယ္လို႔ ေျပာဆိုလုိက္ပါတယ္။
အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္မွာ ရလဒ္ဆိုးေတြ ဆက္တုိက္ရင္ဆိုင္ေနရျပီး ေနာက္ဆံုးကစားခဲ့တဲ့ ပြဲစဥ္ ၆ ပြဲမွာ ၄ ပြဲအထိအေရးနိမ့္ထားခဲ့ျပီး ရမွတ္ ၄ မွတ္သာ စုေဆာင္းႏုိင္ခဲ့ပါတယ္။ ဒါ့အျပင္ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၀ ပြဲကစားျပီးခ်ိန္မွာ ရမွတ္ ၁၃ မွတ္သာစုေဆာင္းႏုိင္ခဲ့တာေၾကာင့္ အမွတ္ေပးဇယားရ႕ အဆင့္ ၁၄ ေနရာအထိ ေရာက္ရွိေနပါတယ္။

ဒါေၾကာင့္လည္း ရိြဳင္း ကိန္းက အာဆင္နယ္အသင္းအေနနဲ႔ တန္းဆင္းဇံုတုိက္ပြဲဝင္ရႏုိင္တယ္လုိ႔ ေဝဖန္ခဲ့ျပီး လူအင္အားအရေတာ့ တန္းမဆင္းႏုိင္ေလာက္ပါဘူးလို႔ ေလွာင္ေျပာင္သြားခဲ့တာျဖစ္ပါတယ္။

“သူတို႔က အရမ္းေပ်ာ့စိစိအသင္းျဖစ္ေနတယ္။ ေနာက္ဆံုး ၃ ပြဲမွာ ၁ မွတ္ပဲရထားပါတယ္။ ၂ ပြဲေတာင္ရံႈးခဲ့ပါတယ္။ သူတို႔ကို ၾကည့္ရတာ ယံုၾကည္မႈေပ်ာက္ဆံုးေနသလိုပါပဲ။ မန္ေနဂ်ာလုပ္သူေျပာခဲ့သလို တုိက္ပြဲဝင္စိတ္ဓာတ္မ်ိဳး သူ႔ကစားသမားမွာ မျမင္ခဲ့ရဘူး။ သူတို႔က ႏုိင္ပြဲအတြက္ ကစားေနတယ္ဆိုတဲ့ စိတ္အားထက္သန္မႈေပ်ာက္ဆံုးေနပါတယ္” လို႔ ကိန္းက အာဆင္နယ္အသင္းကို ေဝဖန္ခဲ့ပါတယ္။
“ကၽြန္ေတာ္ထင္တာကေတာ့ သူတို႔ ဒီလိဂ္မွာ ကစားဖို႔ေတာ့ အခြင့္အေရးရွိပါေသးတယ္။ သူတို႔ ပရီးမီးယားလိဂ္မွာ ဆက္ရွိေနေလာက္ေအာင္ေတာ့ မာေက်ာမယ္လုိ႔ ကၽြန္ေတာ္ထင္ျမင္ေနဆဲပါ” လို႔လည္း ေလွာင္ေျပာင္ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။
Source: Sky